သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလား ပဋိပက္ခ နော်ဝေး ကြားဝင်စေ့စပ်မည်


ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် Juan Guaido (ဗဟို) နှင့် လွှတ်တော်အမတ်များ။
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် Juan Guaido (ဗဟို) နှင့် လွှတ်တော်အမတ်များ။

ဗင်နီဇွဲလား နိုင်ငံတွင်း ပဋိပက္ခတွေကို ကြားဝင်ညှိနှိုင်းပေးဖို့အတွက် ညှိနှိုင်းရေးအဖွဲ့တဖွဲ့ကို နော်ဝေကို စေလွှတ်ထားတယ်လို့ အတိုက်အခံ ခေါင်းဆောင် Juan Guaido က အတည်ပြုပါတယ်။ ဒါပေမဲ့ လက်ရှိသမ္မတ Nicolas Maduro ရဲ့ အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေး နေတယ် ဆိုတာကိုတော့ ငြင်းဆိုပါတယ်။

လတ်တလောမှာ ဗင်နီဇွဲလားအစိုးရကိုယ်စားလှယ်တွေနဲ့ အတိုက်အခံကိုယ်စားလှယ်အဖွဲ့တွေ နော်ဝေးမှာ ဗင်နီဇွဲလားရဲ့ နိုင်ငံရေး ၊ စီးပွါးရေး ပြဿနာတွေကို ဖြေရှင်းဖို့ကြိုးစားနေတယ်ဆိုတာကို မြို့တော် Caracas မှာ လုပ်တဲ့ လူထုစည်းဝေးပွဲအတွင်း အတိုက်အခံ ခေါင်းဆောင် Guaido ကပြောတာပါ။ အခုလို ညှိနှိုင်းဖို့ ကြိုးစားနေတယ်ဆိုတာကို လပေါင်းများစွာကြာ အာဏာလွန်ဆွဲပွဲအတွင်း ဒါဟာ ပထမဆုံးအကြိမ် တရားဝင်ပြောဆိုတာလည်း ဖြစ်ပါတယ်။

သမ္မတ Maduro ရဲ့ကိုယ်စားလှယ်အဖွဲ့ကို ပြန်ကြားရေးဝန်ကြီး Jorge Rodriguez က ဦးဆောင်ပြီး အတိုက်အခံကိုယ်စားလှယ်အဖွဲ့ကို ဥပဒေပြုအမတ် Stalin Gonzalez က ဦးဆောင်ပါတယ်။ ပြန်ကြားရေးဝန်ကြီး Rodriguez က အလွန် အရေးကြီးတဲ့ အထူးတာဝန်ကို ဆောင်ရွက်နေတယ်လို့ ဗုဒ္ဓဟူးနေ့က ရုပ်မြင်သံကြား မိန့်ခွန်းတခုမှာ သမ္မတက ပြောကြားသွားပေမဲ့ အသေးစိတ်ပြောမသွားပါဘူး။

သူ့ကိုယ်သူ ယာယီသမ္မတအဖြစ် ကြေညာထားတဲ့ အတိုက်အခံခေါင်းဆောင် Juan Guaido က ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က အာဏာသိမ်းဖို့ ကြိုးစားတာ မအောင်မြင်ခဲ့တဲ့နောက် အခုလို ဆွေးနွေးညှိနှိုင်းဖို့ ဖြစ်လာတာပါရှင်။

ဗင်နီဇွဲလား ပဋိပက္ခ နော်ဝေး ကြားဝင်စေ့စပ်မည်
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG