သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူသတ်ကြောင်း ဝန်ခံသူ နော်ဝေ နိုင်ငံသား အပြစ်မရှိကြောင်း လျှောက်လဲ

နော်ဝေးနိုင်ငံသား အန်ဒရေး ဘာရင် ဘရယ်ဗစ် (Anders Behring Breivik) တရားခွင်သို့ မဝင်ရောက်ခင် လက်သီးဆုပ်လိုက်ပုံ။၊ အော်စလို၊ နော်ဝေး။ ဧပြီ ၁၆၊ ၂၀၁၂။
နော်ဝေးနိုင်ငံသား အန်ဒရေး ဘာရင် ဘရယ်ဗစ် (Anders Behring Breivik) တရားခွင်သို့ မဝင်ရောက်ခင် လက်သီးဆုပ်လိုက်ပုံ။၊ အော်စလို၊ နော်ဝေး။ ဧပြီ ၁၆၊ ၂၀၁၂။

လက်ယာယိမ်း စစ်သွေးကြွတဦးဖြစ်သူ နော်ဝေးနိုင်ငံသားက မနှစ်ကဇူလိုင်လအတွင်း လူူ ၇၇ ယောက်ကို သတ်ခဲ့တယ် လို့ ဝန်ခံလိုက်ပေမဲ့ အကြမ်းဖက်မှုနဲ့ လူသတ်မှု အတွက် အပြစ်မရှိကြောင်း ကိုယ့်ကို ကိုယ် ခုခံကာကွယ် ဖို့အတွက် တိုက်ခိုက်ခဲ့ရတာလို့ တရားခွင်မှာ ထွက်ဆိုလိုက်ပါတယ်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၂၂ ရက်နေ့တုံးက အော်စလိုမြို့လယ်မှာ ကားဗုံးခွဲတာနဲ့ မြို့ပြင် ယူတိုရာကျွန်း မှာ စုဝေးခဲ့တဲ့ အာဏာရလေဘာပါတီ လူူငယ်နွေရာသီစခန်းကို တိုက်ခိုက်ခဲ့တာတွေအတွက် အန်ဒရေး ဘာရင် ဘရယ်ဗစ် (Anders Behring Breivik) က တရားရုံးမှာ ဒီနေ့ ဖြောင့်ချက်ပေးဝန်ခံလိုက်တာဖြစ်ပါတယ်။

ဘရယ်ဗစ် (Breivik) က သူ့လုပ်ရပ်တွေ အတွက်ဝန်ခံကြောင်း၊ ဒါပေမဲ့ ရာဇဝတ်မှုအတွက် သူ့မှာ အပြစ်မရှိဘူး လို့ တရားရုံး မှာ ထွက်ဆို လိုက်ပါတယ်။ အော်စလိုမြို့ ကားဗုံးခွဲမှုမှာ ၈ ယောက် သေဆုံးခဲ့ပြီး လူငယ်စခန်းမှာ ၆၉ ယောက် သေဆုံး ခဲ့ရတာဖြစ် ပါတယ်။ နော်ဝေးနိုင်ငံမှာ မူဆလင်တွေ နေရာယူလာမယ့် အရေးနဲ့ ယဉ်ကျေးမှုပေါင်းစုံ နော်ဝေးနိုင်ငံ မှာ အမြစ်တွယ် လာမှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ အာဏာရပါတီ ရဲ့လူဝင်မှု စနစ်ကိုင်တွယ် ပုံကို ကန့်ကွက်ပြီး အခုလိုတိုက်ခိုက်ခဲ့ တာလို့ ဘရယ်ဗစ် (Breivik) ကထွက်ဆိုသွားပါတယ်။

This item is part of
XS
SM
MD
LG