သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ ၇၀ ကျော် ပစ်သတ်တဲ့ သေနတ်သမား ထောင်ဒဏ် ၂၁ နှစ်


 တိုက်ခိုက်မှုနှစ်ခုအတွင်း လူပေါင်း ၇၇ ယောက်ကိုသတ်ဖြတ်ခဲ့သူ Anders Behring Breivik။
တိုက်ခိုက်မှုနှစ်ခုအတွင်း လူပေါင်း ၇၇ ယောက်ကိုသတ်ဖြတ်ခဲ့သူ Anders Behring Breivik။
နော်ဝေနိုင်ငံ၊ မြို့တော်အော်စလိုမှာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက တိုက်ခိုက်မှုနှစ်ခု ပြုလုပ်ခဲ့ပြီး လူပေါင်း ၇၇ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်လို့ ဝန်ခံထားသူ အန်းဒါးစ် ဘရက်ဗစ်ဟာ စိတ်ဖောက်ပြန်မှု မရှိကြောင်း တရားရုံးက ဆုံးဖြတ်ပြီးတဲ့ နောက် သူ့ကို သောကြာနေ့မှာ ထောင်ဒဏ် ၂၁ နှစ် အပစ်ပေးလိုက်ပါတယ်။

သူဟာ လူတွေအတွက် အန္တရာယ်ရှိနေတုန်းပဲလို့ ယူဆရင် ထောင်ဒဏ်ကို ဆက်ပြီးတိုးပေးနိုင်တယ် လို့လည်း ဆိုပါတယ်။

ရှေ့နေတွေက သူ့ကို ရူးသွတ်နေသူအဖြစ် သတ်မှတ်ဖို့ တောင်းဆိုခဲ့ပေမယ့် တရားသူကြီးအားလုံးက သူဟာ စိတ်မှန်သူ တဦးဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဘရက်ဗစ် ကတော့ အော်စလိုမြို့အတွင်းက အစိုးရအဆောက်ဦးတခုနဲ့ လူငယ်စခန်းတွေမှာ ဗုံးခွဲတိုက်ခိုက်မှုနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး လူတွေကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံထားပါတယ်။

သူ့ကို စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုရှိမရှိ စစ်ဆေးနေပြီး အစီရင်ခံစာတခုက သူဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိတယ်လို့ ပြောထားပေမယ့် တခြားအစီရင်ခံချက်မှာတော့ သူဟာစိတ်မှန်တယ်လို့ ဆိုနေတာပါ။

ဘရက်ဗစ်အနေနဲ့ ပြစ်ဒဏ်စီရင်ခံရတဲ့အပေါ် အယူခံဝင်မှာမဟုတ်ဘူးလို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။
XS
SM
MD
LG