သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပန္ဆိုင္းအနီး တိုက္ပြဲေတြေၾကာင့္ ဒုကၡသည္ေထာင္ေက်ာ္ေနရပ္မျပန္ႏိုင္


A Government soldier fighting with MNDAA kokang army

Zawgyi/Unicode

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ ပန္ဆိုင္းအနီးမွာ ဒီလအေစာပိုင္းက စစ္ေကာင္စီတပ္နဲ႔ ကိုးကန႔္တပ္အၾကားျဖစ္တဲ့တိုက္ပြဲေၾကာင့္ တ႐ုတ္-ျမန္မာနယ္စပ္အနီးမွာ စစ္ေျပးဒုကၡသည္ တေထာင္ေက်ာ္ေရာက္ရွိေနၿပီး စစ္ေရးတင္းမာမႈေတြ ဆက္ရွိေနတာေၾကာင့္ ေနရပ္မျပန္ႏိုင္ျဖစ္ေနပါတယ္။ တခ်ိန္တည္းမွာပဲ ေက်ာက္မဲၿမိဳ႕နယ္အတြင္းမွာလည္း တိုင္းရင္းသားတပ္ဖြဲ႔ေတြအၾကားျဖစ္တဲ့ တိုက္ပြဲေၾကာင့္ ေဒသခံေတြ ေဘးလြတ္ရာကို တိမ္းေရွာင္ေနရပါတယ္။ ရန္ကုန္ကလာတဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္းက စစ္ေျပးဒုကၡသည္ေတြရဲ႕အေျခအေနကို ကိုေအာင္ျမတ္သူ ေျပာျပပါမယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ ပန္ဆိုင္းေဒသမွာ စစ္ေကာင္စီတပ္ေတြနဲ႔ MNDAA ေခၚ ကိုးကန္႔တပ္ေတြအၾကား ဒီလ ၃ ရက္ေန႔က တုိက္ပဲြျဖစ္ခဲ့တာပါ။ဒီတိုက္ပဲြျဖစ္ခဲ့တဲ့ေနာက္ ေဒသခံရြာသား တေထာင္ေက်ာ္ဟာ တရုတ္ျမန္မာနယ္စပ္ဘက္ကို ထြက္ေျပးေနရေၾကာင္း စစ္ေရွာင္စခန္းတာဝန္ခံက VOA ကို ေျပာပါတယ္။
“စစ္ျဖစ္တာက ၃ ရက္ေန႔ညျဖစ္တယ္ဆုိေတာ့ ေနာက္ေန႔ မုိးလင္းလာတာနဲ႔ အကုန္ ထြက္ေျပးကုန္တာ။ ကိုယ့္ရြာနဲ႔နီးတဲ့ နယ္စပ္ေတြမွာ တဲထိုးၿပီးမွ ေရွာင္ေနၾကတာ။ ၁,၄၀၀ ဝန္းက်င္ေလာက္ရိွတယ္။ လူဦးေရက။”
တိမ္းေရွာင္သူေတြဟာ ပန္ဆန္းနဲ႔ ၃ မိုင္အကြာ ဖုိင္ေကာင္းေက်းရြာအုပ္စုက ျဖစ္ပါတယ္။
ေလာေလာဆယ္မွာ ၂၀၁၆ ခုႏွစ္ ကိုးကန္႔စစ္ပဲြကာလက တည္ေဆာက္ခဲ့တဲ့ စစ္ေရွာင္စခန္းအေဆာက္အအံုေနရာမွာ အိမ္ေထာင္စု ၉၀ ေက်ာ္ေနထိုင္ၿပီး က်န္သူေတြကေတာ့ အနီးအနားက သစ္ဝါးနဲ႔ တဲထိုးေနထိုင္ေနၾကေၾကာင္း ေျပာပါတယ္။လက္ရိွအေျခအေနမွာ စစ္ေရးတင္းမာမႈေတြ ဆက္ရိွေနတာေၾကာင့္ေနရပ္မျပန္ႏိုင္ေသးဘဲ ေရရွည္ဆက္ေနရမယ္ဆို ရိကၡာအခက္အခဲရိွႏိုင္ေၾကာင္း ဆက္ေျပာပါတယ္။
“ေလာေလာဆယ္ေတာ့ တုိက္ပဲြေတြ မျဖစ္ေသးဘူး။ ဒါေပမဲ့ ဆက္ၿပီးမွ ျဖစ္လာမလားဆိုတဲ့ ေၾကာက္စိတ္နဲ႔ ရြာလည္း မျပန္ရဲေသးဘူးျဖစ္ေနတယ္။ ဘယ္အခ်ိန္ထပ္ ျဖစ္လာမလဲဆုိတာပဲ အၿမဲတမ္း စိုးရိမ္ေနၾကတယ္။ အခု ဒီ စစ္ေရွာင္တဲ့အေျခအေန နည္းနည္းအခ်ိန္ၾကာလာလို႔ရွိရင္ေတာ့ အစားအေသာက္ေတာ့ ခက္ခဲလာမယ္။”
တရုတ္-ျမန္မာနယ္စပ္ေရာက္ စစ္ေရွာင္ေတြကို ပုဂၢလိက အလႉရွင္ေတြက ကူညီတာရိွၿပီး အဖဲြ႔အစည္းလိုက္ကူညီတာမ်ိဳးေတာ့ မရိွေသးဘူးလို႔ ေျပာပါတယ္။
ပန္ဆိုင္းနဲ႔ မံုးကိုးေဒသဘက္မွာ ဒီလဆန္းပိုင္းက စတင္ၿပီး တုိက္ပဲြေတြ ၾကိဳးၾကား ျဖစ္ပြားေနတာပါ။ ဒီလ ၁၃ ရက္ေန႔က မံုးကိုးေဒသဘက္မွာ သံလြင္ျမစ္ကို ျဖတ္ကူး ဝင္ေရာက္လာတဲ့ စစ္ေကာင္စီတပ္ကို ၾကားျဖတ္တိုက္ခိုက္ခဲ့ေၾကာင္း MNDAA ကိုးကန္႔တပ္ဖဲြ႔က ဒီေန႔ သတင္းထုတ္ျပန္ထားေပမဲ့ သီးျခားအတည္ျပဳခ်က္ေတာ့ မရေသးပါဘူး။
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲေဒသဘက္မွာလည္း RCSS ရွမ္းေတာင္တပ္ဖဲြ႔နဲ႔ TNLA တအန္းပေလာင္တပ္အၾကားမွာ ဒီလ ၁၀ရက္ေန႔ေလာက္ စတင္ၿပီး တုိက္ပဲြေတြ ျပင္းထန္ခဲ့တာေၾကာင့္ ေဒသခံေတြေတြဟာ စစ္ေဘးလြတ္ရာကို တိမ္းေရွာင္ေနရပါတယ္။
ေက်ာက္မဲၿမိဳ႕နယ္ ဟူးစြန္အုပ္စု ပန္ဆန္ေက်းရြာက လူ ၁၀၀ ေလာက္ဟာၾကဴေရွာ (ေျမာက္) ေက်းရြာကို လာေရာက္တိမ္းေရွာင္ေနေၾကာင္း စစ္ေရွာင္ရြာသားတဦးက ေျပာပါတယ္။
“က်ေနာ္တို႔ လူ ၁၀၁ေယာက္။ ကေလးေရာပါတယ္။ ၁၀၁ ေယာက္။ေယာက္်ားက ၄၄ ေယာက္။ မိန္းမက ၅၇ ေယာက္။ ကေလးက ၂၆ ေယာက္ေလာက္ရိွတယ္။ တိုက္ပဲြေတာ့ မျဖစ္ေသးဘူးဗ်။ တေန႔ထက္တေန႔ ရြာကို နီးလာတာေလ။ ႏွစ္ဘက္စလံုး။ ဟိုဘက္ရြာကလည္း စစ္ပဲြျဖစ္တယ္။ ဒီဘက္ရြာေဘးလည္းျဖစ္တယ္ အဲလို ျဖစ္ေနတာ။”
ပန္ဆန္ရြာက စစ္ေရွာင္ေတြဟာ ၾကဴေရွာ(ေျမာက္) ရြာကို ဒီလ ၁၅ ရက္ေန႔က ေရာက္ခဲ့တာျဖစ္သလို ပန္ကဲြရြာက စစ္ေရွာင္ ၁၀၀ ေက်ာ္ဟာလည္း နမ့္ေဆာ့ရြာကုိ တိမ္းေရွာင္ေနရေၾကာင္း စစ္ေရွာင္တဦးက ေျပာပါတယ္။
“က်မတို႔က ပန္ကဲြကေန ေရွာင္ခဲ့တာပါရွင့္။ ၁၂ ရက္ေန႔ရွင့္။ နမ့္ေဆာ့ စာသင္ေက်ာင္းမွာရွင့္။ ၁၁၁ ေယာက္ရိွတယ္ရွင္။”
စစ္ေရွာင္ေတြကို ေဒသတြင္းကူညီေရးအဖဲြ႔ေတြက စားနပ္ရိကၡာေထာက္ပံ့ကူညီေပးထားၿပီး ေစာင္နဲ႔ ေဆးဝါး လိုအပ္တာေတြ ရိွေနေၾကာင္း စစ္ေရွာင္ေတြက ေျပာပါတယ္။
စစ္ေရွာင္အမ်ားစုဟာ ဘုန္းႀကီးေက်ာင္းနဲ႔ စာသင္ေက်ာင္းေတြမွာ စုေပါင္းေနထုိင္ေနၾကရတာေၾကာင့္ Covid 19 ေရာဂါကူးစက္ျပန္႔ပြားမွာကိုလည္း စိုးရိမ္ေနၾကပါတယ္။
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲ၊ သီေပါ၊ နမၼတူ၊ ေက်းသီးစတဲ့ၿမိဳ႔နယ္ေတြမွာ ၿပီးခဲ့တဲ့ လပိုင္းေတြက RCSS ရွမ္းေတာင္ပိုင္းအဖဲြ႔နဲ႔ SSPP ရွမ္းေျမာက္ပိုင္းနဲ႔ TNLA တအန္း (ပေလာင္) ပူးေပါင္းအဖဲြ႔ေတြအၾကား တိုက္ပဲြေတြ ျပင္းထန္းခဲ့ၿပီး ေဒသခံေတြ ေထာင္နဲ႔ခ်ီ တိမ္းေရွာင္ခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္


====

Unicode

ပန်ဆိုင်းအနီး တိုက်ပွဲတွေကြောင့် ဒုက္ခသည်ထောင်ကျော်နေရပ်မပြန်နိုင်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ဆိုင်းအနီးမှာ ဒီလအစောပိုင်းက စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်အကြားဖြစ်တဲ့တိုက်ပွဲကြောင့် တရုတ်-မြန်မာနယ်စပ်အနီးမှာ စစ်ပြေးဒုက္ခသည် တထောင်ကျော်ရောက်ရှိနေပြီး စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေတာကြောင့် နေရပ်မပြန်နိုင်ဖြစ်နေပါတယ်။ တချိန်တည်းမှာပဲ ကျောက်မဲမြို့နယ်အတွင်းမှာလည်း တိုင်းရင်းသားတပ်ဖွဲ့တွေအကြားဖြစ်တဲ့ တိုက်ပွဲကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ ရန်ကုန်ကလာတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ပြေးဒုက္ခသည်တွေရဲ့အခြေအနေကို ကိုအောင်မြတ်သူ ပြောပြပါမယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ဆိုင်းဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ MNDAA ခေါ် ကိုးကန့်တပ်တွေအကြား ဒီလ ၃ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့တာပါ။ဒီတိုက်ပွဲဖြစ်ခဲ့တဲ့နောက် ဒေသခံရွာသား တထောင်ကျော်ဟာ တရုတ်မြန်မာနယ်စပ်ဘက်ကို ထွက်ပြေးနေရကြောင်း စစ်ရှောင်စခန်းတာဝန်ခံက VOA ကို ပြောပါတယ်။
“စစ်ဖြစ်တာက ၃ ရက်နေ့ညဖြစ်တယ်ဆိုတော့ နောက်နေ့ မိုးလင်းလာတာနဲ့ အကုန် ထွက်ပြေးကုန်တာ။ ကိုယ့်ရွာနဲ့နီးတဲ့ နယ်စပ်တွေမှာ တဲထိုးပြီးမှ ရှောင်နေကြတာ။ ၁,၄၀၀ ဝန်းကျင်လောက်ရှိတယ်။ လူဦးရေက။”
တိမ်းရှောင်သူတွေဟာ ပန်ဆန်းနဲ့ ၃ မိုင်အကွာ ဖိုင်ကောင်းကျေးရွာအုပ်စုက ဖြစ်ပါတယ်။
လောလောဆယ်မှာ ၂၀၁၆ ခုနှစ် ကိုးကန့်စစ်ပွဲကာလက တည်ဆောက်ခဲ့တဲ့ စစ်ရှောင်စခန်းအဆောက်အအုံနေရာမှာ အိမ်ထောင်စု ၉၀ ကျော်နေထိုင်ပြီး ကျန်သူတွေကတော့ အနီးအနားက သစ်ဝါးနဲ့ တဲထိုးနေထိုင်နေကြကြောင်း ပြောပါတယ်။လက်ရှိအခြေအနေမှာ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေတာကြောင့်နေရပ်မပြန်နိုင်သေးဘဲ ရေရှည်ဆက်နေရမယ်ဆို ရိက္ခာအခက်အခဲရှိနိုင်ကြောင်း ဆက်ပြောပါတယ်။
“လောလောဆယ်တော့ တိုက်ပွဲတွေ မဖြစ်သေးဘူး။ ဒါပေမဲ့ ဆက်ပြီးမှ ဖြစ်လာမလားဆိုတဲ့ ကြောက်စိတ်နဲ့ ရွာလည်း မပြန်ရဲသေးဘူးဖြစ်နေတယ်။ ဘယ်အချိန်ထပ် ဖြစ်လာမလဲဆိုတာပဲ အမြဲတမ်း စိုးရိမ်နေကြတယ်။ အခု ဒီ စစ်ရှောင်တဲ့အခြေအနေ နည်းနည်းအချိန်ကြာလာလို့ရှိရင်တော့ အစားအသောက်တော့ ခက်ခဲလာမယ်။”
တရုတ်-မြန်မာနယ်စပ်ရောက် စစ်ရှောင်တွေကို ပုဂ္ဂလိက အလှူရှင်တွေက ကူညီတာရှိပြီး အဖွဲ့အစည်းလိုက်ကူညီတာမျိုးတော့ မရှိသေးဘူးလို့ ပြောပါတယ်။
ပန်ဆိုင်းနဲ့ မုံးကိုးဒေသဘက်မှာ ဒီလဆန်းပိုင်းက စတင်ပြီး တိုက်ပွဲတွေ ကြိုးကြား ဖြစ်ပွားနေတာပါ။ ဒီလ ၁၃ ရက်နေ့က မုံးကိုးဒေသဘက်မှာ သံလွင်မြစ်ကို ဖြတ်ကူး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း MNDAA ကိုးကန့်တပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ထားပေမဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲဒေသဘက်မှာလည်း RCSS ရှမ်းတောင်တပ်ဖွဲ့နဲ့ TNLA တအန်းပလောင်တပ်အကြားမှာ ဒီလ ၁၀ရက်နေ့လောက် စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ဒေသခံတွေတွေဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။
ကျောက်မဲမြို့နယ် ဟူးစွန်အုပ်စု ပန်ဆန်ကျေးရွာက လူ ၁၀၀ လောက်ဟာကြူရှော (မြောက်) ကျေးရွာကို လာရောက်တိမ်းရှောင်နေကြောင်း စစ်ရှောင်ရွာသားတဦးက ပြောပါတယ်။
“ကျနော်တို့ လူ ၁၀၁ယောက်။ ကလေးရောပါတယ်။ ၁၀၁ ယောက်။ယောက်ျားက ၄၄ ယောက်။ မိန်းမက ၅၇ ယောက်။ ကလေးက ၂၆ ယောက်လောက်ရှိတယ်။ တိုက်ပွဲတော့ မဖြစ်သေးဘူးဗျ။ တနေ့ထက်တနေ့ ရွာကို နီးလာတာလေ။ နှစ်ဘက်စလုံး။ ဟိုဘက်ရွာကလည်း စစ်ပွဲဖြစ်တယ်။ ဒီဘက်ရွာဘေးလည်းဖြစ်တယ် အဲလို ဖြစ်နေတာ။”
ပန်ဆန်ရွာက စစ်ရှောင်တွေဟာ ကြူရှော(မြောက်) ရွာကို ဒီလ ၁၅ ရက်နေ့က ရောက်ခဲ့တာဖြစ်သလို ပန်ကွဲရွာက စစ်ရှောင် ၁၀၀ ကျော်ဟာလည်း နမ့်ဆော့ရွာကို တိမ်းရှောင်နေရကြောင်း စစ်ရှောင်တဦးက ပြောပါတယ်။
“ကျမတို့က ပန်ကွဲကနေ ရှောင်ခဲ့တာပါရှင့်။ ၁၂ ရက်နေ့ရှင့်။ နမ့်ဆော့ စာသင်ကျောင်းမှာရှင့်။ ၁၁၁ ယောက်ရှိတယ်ရှင်။”
စစ်ရှောင်တွေကို ဒေသတွင်းကူညီရေးအဖွဲ့တွေက စားနပ်ရိက္ခာထောက်ပံ့ကူညီပေးထားပြီး စောင်နဲ့ ဆေးဝါး လိုအပ်တာတွေ ရှိနေကြောင်း စစ်ရှောင်တွေက ပြောပါတယ်။
စစ်ရှောင်အများစုဟာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ စုပေါင်းနေထိုင်နေကြရတာကြောင့် Covid 19 ရောဂါကူးစက်ပြန့်ပွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ ကျေးသီးစတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့ လပိုင်းတွေက RCSS ရှမ်းတောင်ပိုင်းအဖွဲ့နဲ့ SSPP ရှမ်းမြောက်ပိုင်းနဲ့ TNLA တအန်း (ပလောင်) ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်းခဲ့ပြီး ဒေသခံတွေ ထောင်နဲ့ချီ တိမ်းရှောင်ခဲ့ရပါတယ်။

#MyanmarMilitary #MyanmarViolence #VOABurmese #MNDAA

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG