သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Djokovic သြစတြေးလျပြည်ဝင်ခွင့် ရုပ်သိမ်းခံရ


ဆာဘီးယား တင်းနစ်ချန်ပီယံ Novak Djokovic (ယခင်ပုံဟောင်း)
ဆာဘီးယား တင်းနစ်ချန်ပီယံ Novak Djokovic (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]

ဆာဘီးယားနိုင်ငံက ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား Novak Djokovic ဟာ သြစတြေးလျနိုင်ငံ Melbourne မြို့ကို ရောက်ပြီးခါမှ ကိုဗစ် 19 ရောဂါဆိုင်ရာ သက်သေအထောက်အထား မပြည့်စုံဘူးဆိုပြီး သူ့ကိုထုတ်ပေးထားတဲ့ ပြည်ဝင်ခွင့်ကို သြစတြေးလျအာဏာပိုင်တွေက ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။

“ဥပဒေက ဥပဒေပါပဲ။ အထူးအခွင့်အရေးဆိုတာ မရှိပါဘူး။ မနေ့က ကျနော်ပြောထားသလိုပါပဲ။ ဒါဟာ ကျနော်တို့အစိုးရရဲ့ ပေါ်လစီဖြစ်သလို ကပ်ရောဂါဆိုင်တဲ့ ကျနော်တို့ အစိုးရရဲ့ တင်းကြပ်တဲ့ နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာ ဥပဒေပါ။ ဒါကြောင့် သြစတြေးလျဟာ တကမ္ဘာလုံးမှာ ကိုဗစ်နဲ့ပတ်သက်လို့ သေဆုံးမှုအနည်းဆုံးနိုင်ငံတခု ဖြစ်နေတာပါ” - လို့ သြစတြေးလျဝန်ကြီးချုပ် Scott Morrison က Djokovic ကို ပြည်ဝင်ခွင့်ဗီဇာ မပေးရခြင်းနဲ့ပတ်သက်လို့ ပြောကြားသွားတာပါ။

Djokovic ဟာ သူအရင်က ကိုးကြိမ် အနိုင်ရခဲ့ဘူးတဲ့ Australian Open Tennis ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ Melbourne မြို့ကိုဗုဒ္ဓဟူးနေ့ ညက ရောက်ရှိလာခဲ့တာပါ။ Victoria ပြည်နယ်အစိုးရ သတ်မှတ်တဲ့ တင်းကြပ်တဲ့ ကိုဗစ် 19 ရောဂါဆိုင်ရာစစ်ဆေးချက် ကင်းလွတ်ခွင့် လျှောက်ထားခဲ့ပြီး ကြိုတင် ခွင့်ပြုချက်ရခဲ့ပါတယ်။ ဒါပေမဲ့လည်း သူဟာ သြစတြေးလျနိုင်ငံကို လာရောက်ဖို့ လိုအပ်တဲ့ သက်သေအထောက်အထား ပြသနိုင်ခြင်းမရှိခဲ့ဘူးဆိုပြီး ပြည်ဝင်ခွင့်ကို ရုပ်သိမ်းလိုက်တဲ့အကြောင်း သြစတြေးလျ နယ်ခြား စောင့်ကြပ်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

Djokovic နဲ့ သူ့ရဲ့အဖွဲ့ဝင်တွေဟာ ကျန်းမာရေးအရ လိုအပ်တဲ့ စစ်ဆေးမှု ကင်းလွတ်ခွင့် လျှောက်ထားရာမှာ ပြည်ဝင်ခွင့်ပုံစံမှားပြီး လျှောက် ထားခဲ့တဲ့အကြောင်း သြစတြေးလျ သတင်းဌာနတွေမှာလည်း ဖေါ်ပြပါတယ်။ သြစတြေးလျ ဝန်ကြီးချုပ် Scott Morrison ကလည်း ကပ်ရော ဂါ တားဆီးရေးမှာ သြစတြေးလျနိုင်ငံကို COVID-19 ကြောင့် သေဆုံးမှု အနည်းဆုံးနိုင်ငံဖြစ်ဖို့ ခိုင်မာတဲ့ မူဝါဒတွေ ချမှတ်ထားတာကြောင့် စည်းမျဉ်းစည်ကမ်း သတ်မှတ်ချက်တွေကို လျှော့မပေးနိုင်ဘူးလို့ ပြောဆိုပါတယ်။

Djokovic ဟာ Melbourne မြို့လေဆိပ်မှာ ၈ နာရီကြာ စောင့်ခဲ့ပြီးမှ ပြည်ဝင်ခွင့် ငြင်းပယ်ခံခဲ့ရတာမို့ သူ့ရဲ့ရှေ့နေကနေတဆင့် တရားရုံးမှာ အယူခံဝင်သွားမှာဖြစ်ပြီး လာမယ့် တနင်္လာနေ့မှာ ဆုံးဖြတ်သွားမှာဖြစ်ပါ တယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]








=============

XS
SM
MD
LG