သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တင္းနစ္အေက်ာ္အေမာ္ ဂ်ိဳကိုဗစ္ကို ဩစေၾတးလ် ျပည္ဝင္ခြင့္ျပဳ


Novak Đoković pozira sa trofejem pobednika Austrelijen opena, 21. februar 2021. (Foto: Reuters/Kelly Defina)

[[Zawgyi/Unicode]]

ကမာၻ႔အဆင့္ ၁ တင္းနစ္သမား Novak Djokovic ကို တရားသူႀကီးက အမႈက လႊတ္လိုက္ၿပီး Australia ကို ဝင္ေရာက္ခြင့္ ေပးလိုက္ပါတယ္။

ဂ်ိဳကိုဗစ္ရဲ႕ဗီဇာကို ျပန္လည္႐ုပ္သိမ္းဖို႔ ဆုံးျဖတ္ခဲ့တဲ့အစိုးရရဲ႕ဆုံးျဖတ္ခ်က္ကို တရားသူႀကီးက လႊမ္းမိုးဆုံးျဖတ္လိုက္တာျဖစ္ၿပီး ဂ်ိဳကိုဗစ္ရဲ႕ ႏိုင္ငံကူးလက္မွတ္ကိုျပန္ေပးၿပီး လူဝင္မႈထိန္းသိမ္းေရးစခန္းက သူ႔ကိုလႊတ္ဖို႔ အမိန႔္ခ်မွတ္လိုက္ပါတယ္။

ဒါေပမဲ့ ဂ်ိဳကိုဗစ္ရဲ႕ဗီဇာကို ျပန္လည္႐ုပ္သိမ္းလို႔ရဆဲျဖစ္တယ္လို႔ တရားသူႀကီးရဲ႕ဆုံးျဖတ္ခ်က္ ထြက္ၿပီးၿပီးခ်င္းမွာ Australia အစိုးရက ေျပာပါတယ္။

ဂ်ိဳကိုဗစ္ဟာ ဒီလ ၁၇ ရက္ေန႔မွာစမယ့္ Australia Open ၿပိဳင္ပြဲဝင္ဖို႔ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ က မဲဘုန္းၿမိဳ႕ကို ေရာက္ရွိလာခဲ့တာပါ။ ဂ်ိဳကိုဗစ္ဟာ ဒီဇင္ဘာလတုန္းက ကိုဗစ္ကူးစက္ ခံခဲ့ရတာေၾကာင့္ Australia တင္းနစ္အသင္းနဲ႔ ဝိတိုရိယျပည္နယ္ရဲ႕ေဆးအဖြဲ႕ ၂ ဖြဲ႕ က သူ႔ကို ကာကြယ္ေဆးလိုအပ္ခ်က္ ခြၽင္းခ်က္အျဖစ္ေပးထားခဲ့တာပါ။ အဲဒီလို ေပးထားေပမဲ့ အစိုးရက ဂ်ိဳကိုးဗစ္ရဲ႕ဗီဇာကို ေလဆိပ္မွာ ျပန္လည္႐ုပ္သိမ္းခဲ့ၿပီး ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

ဒီတစ္ခါ ခ်န္ပီယံထပ္ျဖစ္ခဲ့ရင္ ဂ်ိဳကိုဗစ္အတြက္ Australia Open ဖလားကို ဆယ္ႀကိမ္ေျမာက္ရရွိတာျဖစ္သလို ေရာ္ဂ်ာ ဖယ္ဒါးရား နဲ႔ Rafeal Nadal တို႔ ကို ေက်ာ္ျဖတ္ၿပီး တဦးတည္းေသာ ၂၁ ႀကိမ္ေျမာက္ Grand Slam ေအာင္ပြဲခံသူ ျဖစ္သြားမွာပါ။

တိုက္႐ိုက္ လင့္ခ္

========

[[Unicode]]

တင်းနစ်အကျော်အမော် ဂျိုကိုဗစ်ကို ဩစတြေးလျ ပြည်ဝင်ခွင့်ပြု

ကမ္ဘာ့အဆင့် ၁ တင်းနစ်သမား Novak Djokovic ကို တရားသူကြီးက အမှုက လွှတ်လိုက်ပြီး Australia ကို ဝင်ရောက်ခွင့် ပေးလိုက်ပါတယ်။

ဂျိုကိုဗစ်ရဲ့ဗီဇာကို ပြန်လည်ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တဲ့အစိုးရရဲ့ဆုံးဖြတ်ချက်ကို တရားသူကြီးက လွှမ်းမိုးဆုံးဖြတ်လိုက်တာဖြစ်ပြီး ဂျိုကိုဗစ်ရဲ့ နိုင်ငံကူးလက်မှတ်ကိုပြန်ပေးပြီး လူဝင်မှုထိန်းသိမ်းရေးစခန်းက သူ့ကိုလွှတ်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

ဒါပေမဲ့ ဂျိုကိုဗစ်ရဲ့ဗီဇာကို ပြန်လည်ရုပ်သိမ်းလို့ရဆဲဖြစ်တယ်လို့ တရားသူကြီးရဲ့ဆုံးဖြတ်ချက် ထွက်ပြီးပြီးချင်းမှာ Australia အစိုးရက ပြောပါတယ်။

ဂျိုကိုဗစ်ဟာ ဒီလ ၁၇ ရက်နေ့မှာစမယ့် Australia Open ပြိုင်ပွဲဝင်ဖို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က မဲဘုန်းမြို့ကို ရောက်ရှိလာခဲ့တာပါ။ ဂျိုကိုဗစ်ဟာ ဒီဇင်ဘာလတုန်းက ကိုဗစ်ကူးစက် ခံခဲ့ရတာကြောင့် Australia တင်းနစ်အသင်းနဲ့ ဝိတိုရိယပြည်နယ်ရဲ့ဆေးအဖွဲ့ ၂ ဖွဲ့ က သူ့ကို ကာကွယ်ဆေးလိုအပ်ချက် ချွင်းချက်အဖြစ်ပေးထားခဲ့တာပါ။ အဲဒီလို ပေးထားပေမဲ့ အစိုးရက ဂျိုကိုးဗစ်ရဲ့ဗီဇာကို လေဆိပ်မှာ ပြန်လည်ရုပ်သိမ်းခဲ့ပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဒီတစ်ခါ ချန်ပီယံထပ်ဖြစ်ခဲ့ရင် ဂျိုကိုဗစ်အတွက် Australia Open ဖလားကို ဆယ်ကြိမ်မြောက်ရရှိတာဖြစ်သလို ရော်ဂျာ ဖယ်ဒါးရား နဲ့ Rafeal Nadal တို့ ကို ကျော်ဖြတ်ပြီး တဦးတည်းသော ၂၁ ကြိမ်မြောက် Grand Slam အောင်ပွဲခံသူ ဖြစ်သွားမှာပါ။

#AustrliaOpen #CovidAustralia #NovakDjokovic #VOABurmese

#ဂျိုကိုဗစ် #ဗွီအိုအေ

========

XS
SM
MD
LG