သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဩစေၾတးလ် ျပည္ဝင္ခြင့္ေတာင္းစာမွာ အမွားအယြင္းရွိခဲ့ဟု Djokovic ဝန္ခံ


Serbia's Novak Djokovic

[[Zawgyi/Unicode]]

ကမာၻ႔နံပါတ္တစ္ တင္းနစ္ကစားသမား Novak Djokovic က သူ ၾသစေၾတးလ်ကိုမလာခင္ သီတင္းပတ္ေတြအတြင္း သြားလာလုပ္ေဆာင္တာေတြနဲ႔ပတ္သက္လို႔ ျပည္ဝင္ခြင့္ စာ႐ြက္စာတမ္းေတြထဲ ျဖည့္သြင္းတာမွာ အမွားအယြင္းေတြ ရွိခဲ့တယ္ လို႔ ဒီကေန႔ ေျပာပါတယ္။ Djokovic အေနနဲ႔ ဒီႏွစ္ရဲ႕ ပထမဆုံး Grand Slam တင္းနစ္ၿပိဳင္ပြဲႀကီး ဝင္ၿပိဳင္ခြင့္ရဖို႔ အျပင္းအထန္ ႀကိဳးစားေနရတာမွာ အခုထုတ္ျပန္ခ်က္ေၾကာင့္ အရႈပ္အေထြး ေနာက္တခု ထပ္ေပၚလာပါတယ္။

ၾသစေၾတးလ်ႏိုင္ငံ၊ မဲလ္ဘုန္းၿမိဳ႕ကို ၿပီးခဲ့တဲ့သီတင္းပတ္က ထြက္မလာခင္ ၁၄ ရက္အတြင္း တျခား ဘယ္ေနရာကိုမွ သူ ခရီးမသြားခဲ့ဘူးဆိုၿပီး သူ႔ရဲ႕လက္ေထာက္ေတြက မွားယြင္းျဖည့္သြင္းခဲ့တယ္လို႔ ဒီကေန႔ထုတ္ျပန္ခ်က္တခုမွာ Djokovic က ေျပာထားတာပါ။ အဲဒီ ၁၄ ရက္အတြင္း ဆားဘီးယားနဲ႔ စပိန္ႏိုင္ငံေတြဆီ သူသြားခဲ့တယ္ဆိုတဲ့ သတင္းေတြက ထြက္ထားခဲ့ၿပီးျဖစ္ပါတယ္။

ဒီဇင္ဘာလ ၁၆ ရက္ေန႔က COVID-19 စစ္ေဆးတာမွာ ေရာဂါရွိေနတယ္ဆိုတဲ့ ရလဒ္ကို ေနာက္တေန႔အထိ သူမသိခဲ့ဘူးလို႔ လည္း Djokovic ကဆိုပါတယ္။ ဆားဘီးယားႏိုင္ငံ၊ ဘဲလ္ဂရိတ္ၿမိဳ႕ေတာ္မွာလုပ္တဲ့ ကေလးေတြအတြက္ တင္းနစ္ အားကစား ၿပိဳင္ပြဲမွာ ဆုတက္ေပးခဲ့ၿပီးတဲ့ေနာက္မွာမွ သူသိခဲ့တာလို႔ေျပာပါတယ္။ သူ႔မွာ ကိုဗစ္ေရာဂါရွိတယ္ဆိုတာ သိရအၿပီး ေနာက္တရက္မွာလုပ္ခဲ့တဲ့ မဂၢဇင္းအင္တာဗ်ဴးနဲ႔ ဓာတ္ပုံ႐ိုက္တဲ့ အစီအစဥ္တို႔ကို ဖ်က္သိမ္းခဲ့သင့္တယ္လို႔လည္း သူက ဝန္ခံေျပာဆိုပါတယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္ Djokovic ဟာ လာမယ့္တနလၤာ ဇန္နဝါရီလ ၁၇ ရက္ေန႔ မွာစမယ့္ ၾသစေၾတးလ် Open တင္းနစ္ၿပိဳင္ပြဲအတြက္ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔မွာ မဲလ္ဘုန္းၿမိဳ႕ကို ေရာက္လာခ်ိန္ကတည္းက ၾသစေၾတးလ်တာဝန္ရွိသူေတြနဲ႔ အေျခအတင္ျဖစ္ေနတာပါ။ သူဟာ COVID-19 ကာကြယ္ေဆးထိုးတာကို လူသိရွင္ၾကား ေဝဖန္ ေျပာဆိုထားသူျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ဩစတြေးလျ ပြည်ဝင်ခွင့်တောင်းစာမှာ အမှားအယွင်းရှိခဲ့ဟု Djokovic ဝန်ခံ

ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား Novak Djokovic က သူ သြစတြေးလျကိုမလာခင် သီတင်းပတ်တွေအတွင်း သွားလာလုပ်ဆောင်တာတွေနဲ့ပတ်သက်လို့ ပြည်ဝင်ခွင့် စာရွက်စာတမ်းတွေထဲ ဖြည့်သွင်းတာမှာ အမှားအယွင်းတွေ ရှိခဲ့တယ် လို့ ဒီကနေ့ ပြောပါတယ်။ Djokovic အနေနဲ့ ဒီနှစ်ရဲ့ ပထမဆုံး Grand Slam တင်းနစ်ပြိုင်ပွဲကြီး ဝင်ပြိုင်ခွင့်ရဖို့ အပြင်းအထန် ကြိုးစားနေရတာမှာ အခုထုတ်ပြန်ချက်ကြောင့် အရှုပ်အထွေး နောက်တခု ထပ်ပေါ်လာပါတယ်။

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ကို ပြီးခဲ့တဲ့သီတင်းပတ်က ထွက်မလာခင် ၁၄ ရက်အတွင်း တခြား ဘယ်နေရာကိုမှ သူ ခရီးမသွားခဲ့ဘူးဆိုပြီး သူ့ရဲ့လက်ထောက်တွေက မှားယွင်းဖြည့်သွင်းခဲ့တယ်လို့ ဒီကနေ့ထုတ်ပြန်ချက်တခုမှာ Djokovic က ပြောထားတာပါ။ အဲဒီ ၁၄ ရက်အတွင်း ဆားဘီးယားနဲ့ စပိန်နိုင်ငံတွေဆီ သူသွားခဲ့တယ်ဆိုတဲ့ သတင်းတွေက ထွက်ထားခဲ့ပြီးဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်နေ့က COVID-19 စစ်ဆေးတာမှာ ရောဂါရှိနေတယ်ဆိုတဲ့ ရလဒ်ကို နောက်တနေ့အထိ သူမသိခဲ့ဘူးလို့ လည်း Djokovic ကဆိုပါတယ်။ ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့တော်မှာလုပ်တဲ့ ကလေးတွေအတွက် တင်းနစ် အားကစား ပြိုင်ပွဲမှာ ဆုတက်ပေးခဲ့ပြီးတဲ့နောက်မှာမှ သူသိခဲ့တာလို့ပြောပါတယ်။ သူ့မှာ ကိုဗစ်ရောဂါရှိတယ်ဆိုတာ သိရအပြီး နောက်တရက်မှာလုပ်ခဲ့တဲ့ မဂ္ဂဇင်းအင်တာဗျူးနဲ့ ဓာတ်ပုံရိုက်တဲ့ အစီအစဉ်တို့ကို ဖျက်သိမ်းခဲ့သင့်တယ်လို့လည်း သူက ဝန်ခံပြောဆိုပါတယ်။

အသက် ၃၄ နှစ်အရွယ် Djokovic ဟာ လာမယ့်တနင်္လာ ဇန်နဝါရီလ ၁၇ ရက်နေ့ မှာစမယ့် သြစတြေးလျ Open တင်းနစ်ပြိုင်ပွဲအတွက် ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ မဲလ်ဘုန်းမြို့ကို ရောက်လာချိန်ကတည်းက သြစတြေးလျတာဝန်ရှိသူတွေနဲ့ အခြေအတင်ဖြစ်နေတာပါ။ သူဟာ COVID-19 ကာကွယ်ဆေးထိုးတာကို လူသိရှင်ကြား ဝေဖန် ပြောဆိုထားသူဖြစ်ပါတယ်။

#AustraliaDjokovic #NovalDjokovic #VOABurmese #ဂျိုကိုဗစ် #တင်းနစ်ချန်ပီယံ #မဲလ်ဘုန်း #ကိုဗစ် #ဗွီအိုအေ

===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG