{{Zawgyi/Unicode}}
စစ်ကောင်စီနဲ့ နိုင်ငံရေးပါတီတချို့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေး
{{Zawgyi/Unicode}}
စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့နဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ ဒီတပတ်ထဲတွေ့ဆုံပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စတချို့ကို ဆွေးနွေးကြပါတယ်။
ပြီးခဲ့တဲ့နှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြောင်းလဲဖွဲ့စည်းထားတဲ့ NSPNC ခေါ် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိုနှိုင်းရေးကော်မတီနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့တို့ ဆွေးနွေးခဲ့ကြတာပါ။
NSPNC ဥက္ကဌဖြစ်တဲ့ ဒု ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ပါဝင်ခဲ့တဲ့ ဆွေးနွေးပွဲအပေါ် တိုင်းရင်းသား နိုင်ငံရေးသမား တချို့ရဲ့ အမြင်တွေကိုတော့ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။