သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူးကလီးယားတားဆီးရေး ကန်နဲ့သဘောတူညီမှု ရုရှားဆိုင်းငံ


ရုရှားသမ္မတ Vladimir Putin
ရုရှားသမ္မတ Vladimir Putin

နျူးကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်တဲ့ ပလူတိုနီယံ ဓာတ်သတ္တု စွန့်ပစ်ရေးနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုနဲ့ သဘောတူညီချက်ကို ဆိုင်းငံ့ထားဖို့ အမိန့်တရပ်ကို ရုရှားသမ္မတ Vladimir Putin က ဒီကနေ့ တနလာၤနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

ပိုလျှံနေတဲ့ လက်နက်ထုတ်နိုင်တဲ့ ပလူတိုနီယမ်တွေကို စီမံခန့်ခွဲဖို့ အတွက် အမေရိကန် ပြည်ထောင်စု ဘက်က သူ့ရဲ့ ကတိကဝတ်တွေကို လက်တွေ့ မဆောင်ရွက်ခဲ့ဘူးဆိုပြီးလည်း ပြောဆိုပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ ကနဦး စတင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ သက်တမ်းတိုးခဲ့တဲ့ ဒီသဘောတူညီချက်က နျူးကလီးယား အင်အားကြီး နှစ်နိုင်ငံတို့ အနေနဲ့ ကာကွယ်ရေး အစီအစဉ်တွေကနေ လက်နက်ထုတ်နိုင်တဲ့ ပလူတိုနီယံတွေ ဖျက်စီးဖို့ ဖြစ်ပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် တို့ လက်မှတ်ရေးထိုးခဲ့တဲ့ ၂၀၁၀ ပြည်နှစ် သဘောတူညီချက် အရတော့ တနိုင်ငံချင်းစီက ပလူတိုနီယံ ၃၄ မက်ထရစ်တန်စီကို နျူးကလီးယား ဓာတ်ပေါင်းဖိုတွေမှာ မီးရှိုှုှုပြီး ဖျက်စီးဖို့ ဖြစ်ပါတယ်။ ဒီပမာဏက နျူးကလီးယား လက်နက် ၁ သောင်း ၇ ထောင် တည်ဆောက်နိုင်လောက်တဲ့ ပမာဏ ဖြစ်တယ်လို့လည်း မစ္စစ် ကလင်တန်က ပြောဆိုပါတယ်။

နျူးကလီးယားတားဆီးရေး ကန်နဲ့သဘောတူညီမှု ရုရှားဆိုင်းငံ
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG