သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီယားအရေး အီရန်နဲ့ နိုင်ငံတကာ သံတမန်တွေ တွေ့ဆုံမည်


၆၈ကြိမ်မြောက် ကုလအထွေထွေညီလာခံ၊ အီရန်နျူကလီးယားအရေး ဆွေးနွေးစဉ်။
၆၈ကြိမ်မြောက် ကုလအထွေထွေညီလာခံ၊ အီရန်နျူကလီးယားအရေး ဆွေးနွေးစဉ်။
Nuclear အရေး အတွက် အီရန်ထိပ်တန်းသံတမန်နဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေက သံတမန်တွေ ဒီကနေ့ ကြာသတေးနေ့မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အငြင်းပွားစရာ Nuclear အစီအစဉ်နဲ့ပါတ်သက်လို့ အီရန်အစိုးရက နိုင်ငံတကာနဲ့ ညှိုနှိုင်း သဘောတူမှုရရှိဖို့ ကြိုးစားနေချိန်မှာပဲ ခုလိုတွေ့ဆုံဆွေးနွေး ကြမှာဖြစ်ပါတယ်။

EU နိုင်ငံခြား မူဝါဒရေးရာ အကြီးအကဲ Catherine Ashton ဦးဆောင်မယ့် ဆွေးနွေးပွဲ မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ၊ အီရန်နိုင်ငံခြားရေးဝန်ကြီး Javad Zarif တို့အပြင် ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ Russia နဲ့ ဂျာမနီက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ကြမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ April လတုန်းကနောက်ဆုံးဆွေးနွေးခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံနဲ့ ဂျာမနီနိုင်ငံတို့ရဲ့ P5+1 အီရန် Nuclear အရေးဆွေးနွေးပွဲကို ပြန်လည် စတင်နိုင်မဲ့ သဘောတူညီမှု ရရှိနိုင်ဖို့ သံတမန်တွေက မျှော်လင့်နေကြပါတယ်။

NY မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံဘေးပန်းမှာ အလွတ်သဘောတွေ့ဆုံမှုကနေ ထူးထူးခြားခြားရလာဒ် ရလာဒ်တွေ ရလာမှာ မဟုတ်ဘူးလို့ အကဲခတ် အများစုက သုံးသပ်ပါတယ်၊ ဒါပေမဲ့ 1980 ခုနှစ်ထဲက သံတမန်ဆက်ဆံရေးပျက်ပြားခဲ့တဲ့ အမေရိကန်နဲ့ အီရန် အစိုးရ ၂ ခုကြား ၆ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် အဆင့်အမြင့်ဆုံး သံတမန်တွေ တွေ့ဆုံမှုုဖြစ်ပါလိမ့်မယ်။

အီရန်ရဲ့ Nuclear အစီအစဉ်နဲ့ပါတ်သက်လိ့ု ၃ လကနေ ၆ လအတွင်းမှာ သဘောတူညီမှုတခု ရချင်တယ်လို့ အီရန်သမ္မတ Hassan Rouhani ကပြောခဲ့ပြီး နောက်တရက်မှာပဲ ခုလို အီရန် Nuclear အရေးအတွက် ထိပ်တန်းသံတမန်တွေတွေ့ဆုံကြမှာဖြစ်ပါတယ်။
XS
SM
MD
LG