အမေရိကန်နိုင်ငံက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမြင့်မားလှတဲ့ နျူကလီးယား လက်နက် ထုတ်လုပ်ရေးစခန်းတခုရဲ့ သိုလှောင်ကန်ကနေ ရေဒီယိုသတ္တိကြွ ဘေးထွက်ပစ္စည်းတွေ ယိုစိမ့် ထွက်နေတာကြောင့် နိုင်ငံ အနောက်မြောက်ဘက် ဝါရှင်တန်ပြည်နယ်က Handford နျူကလီးယား သိုလှောင် ထိန်းသိမ်းရေးစခန်းက သိုလှောင်မှု အခြေအနေတွေအတွက်လည်း စိုးရိမ်ပူပန်မှုတွေ ဖြစ်နေကြပါတယ်။
အကာတထပ်ပါ သိုလှောင်ကန်တခုကနေ တနှစ်အတွင်း ရေဒီယိုသတ္တိကြွ ဘေးထွက်ပစ္စည်း ၁,၁၃၅ လီတာ အထိ ယိုစိမ့်နိုင်ပြီး ဒီယိုစိမ့်မှုကြောင့် မြေအောက်ရေကြောနဲ့ မြစ်တွေကို ရေရှည် ထိခိုက်မှု ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
ဒီပြဿနာကို လွန်ခဲ့တဲ့နှစ် အတော်ကြာကတည်းက ပြေလည်အောင် စီစဉ်ထားတယ်လို့ သိရကြောင်း ဝါရှင်တန်ပြည်နယ် အုပ်ချုပ်ရေးမှူး Jay Inslee က သောကြာနေ့က ပြောဆိုပါတယ်။ ခုလို နျူကလီးယား စခန်းတွေကို သန့်စင်ဖို့အတွက် ဒေါ်လာ ဘီလျံ ပေါင်းများစွာ ကုန်ကျမှာဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်က Hanford စခန်းက သိုလှောင်ကန်တွေ အခြေအနေတည်ငြိမ်အောင် ထိန်းသိမ်းခဲ့ရတဲ့ အချိန်ကစလို့ ခုတကြိမ်ဟာ ရေဒီယိုသတ္တိကြွ ဘေးထွက်ပစ္စည်းတွေ ယိုစိမ့်မှု ပထမဆုံး ပြန်ဖြစ်လာတာကို အတည်ပြုလိုက်တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။