သုံးရလွယ်ကူစေသည့် Link များ

နျူးကလီယား ထိပ်သီး စည်းဝေး မြောက်ကိုရီးယား နဲ့ IS အလေးပေး


နျူကလီးယား ဘေးကင်း လုံခြုံရေး ထိပ်သီးညီလာခံ ( ဧပြီ ၁၊ ၂၀၁၆)

အမေရိကန်ပြည်ထောင်စုက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်နေတဲ့ နျူကလီးယား ဘေးကင်း လုံခြုံရေး ထိပ်သီးညီလာခံ ဒုတိယနဲ့ နောက်ဆုံးရက် ဒီကနေ့မှာ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမား မိန့်ခွန်းပြောဖို့ ရှိပါတယ်။

ကြာသပတေးနေ့ညပိုင်းတုန်းကတော့ ညီလာခံတက်ရောက်နေတဲ့ ကမ္ဘာ့ခေါင်းဆောင် ၅၀ ကို သမ္မတအိုဘားမားက ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံပါတယ်။ မြောက်ကိုရီးယားက နျူကလီးယားလက်နက်တွေ ထုတ်လုပ်နေတာနဲ့ အသုံးပြုလာနိုင်ခြေ တငွေ့ငွေ့ဖြစ် နေတဲ့ ခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး အခုညီလာခံမှာ အဓိက အာရုံစိုက်ဆွေးနွေးနေကြတာပါ။

ဒီကနေ့မှာပဲ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည်တစင်းကို ဂျပန်ပင်လယ်ထဲ ပစ်လွှတ်တာကြောင့် တောင်ကိုရီးယား၊ တောင်ကိုရီးယားမဟာမိတ် အနောက်နိုင်ငံတွေနဲ့ မြောက်ကိုရီးယားကြားမှာ တင်းမာမှုတွေ ပိုတိုးလာပါတယ်။

မြောက်ကိုရီးယားက ဒုံးကျည်မပစ်လွှတ်ခင်မှာပဲ သမ္မတအိုဘားမား က တောင်ကိုရီးယားနဲ့ ဂျပန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းမဲ့ဇုံဖြစ်ရေး တညီတညွတ်ထဲ လုပ်သွားဖို့ကိစ္စ ဆွေးနွေးကြပါတယ်။

ဘရပ်ဆဲလ်စ်မြို့ကို မတ်လ ၂၂ ရက်နေ့က အကြမ်းဖက်ဝါဒီတွေ တိုက်ခိုက်တာခံရပြီးတဲ့နောက် နျူကလီးယားဆိုင်ရာ ပစ္စည်းတွေ နဲ့ နေရာဌာနတွေကို အကြမ်းဖက်ဝါဒီတွေ အန္တရာယ်မပေးနိုင်ရေး ဘေးကင်းလုံခြုံအောင်လုပ်ဖို့ အရေးတကြီးလိုအပ်နေပြီဆိုတာ အမေရိကန်နဲ့ တခြား ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ပိုပြီးလက်ခံလာကြပါတယ်။

သမ္မတအိမ်ဖြူတော်က တည်ခင်းဧည့်ခံတဲ့ ကြာသပတေးနေ့ ညစာစားပွဲကို တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တချို့ဟာ အကြမ်းဖက်ဝါဒီတွေရဲ့ တိုက်ခိုက်မှုတွေ ကြောင့် တိုက်ရိုက်သက်ရောက်မှု ရှိနေတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေဖြစ်ပါတယ်။

XS
SM
MD
LG