သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီယား ခြိမ်းခြောက်မှု ကင်းဝေးရေး မြောက်ကိုရီးယား ခေါင်းဆောင်ပြောင်းဖို့လို


မကြာခင် ရာထူးက အနားယူတော့မယ့် တောင်ကိုရီးယားသမတ္တ အီမြောင်ဘတ်
မကြာခင် ရာထူးက အနားယူတော့မယ့် တောင်ကိုရီးယားသမတ္တ အီမြောင်ဘတ်
မြောက်ကိုရီးယားနိုင်ငံဘက်က နျူကလီယားအစီအစဉ် ဖျက်သိမ်းဖို့လုပ်ဆောင်ရာမှာ တွေ့ ဆုံ ဆွေးနွေးမှုတွေ၊ ပိတ်ဆို့အရေးယူမှုတွေနဲ့တင် လုံလောက်မှာမဟုတ်ဘူးလို့ မကြာခင် ရာထူးက အနားယူတော့မယ့် တောင်ကိုရီးယားသမ္မတ Lee Myung-bak က သတိပေး ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားက နျူကလီယားလက်နက် တည်ဆောက်နေတဲ့ အန္တရာယ်က ကင်းလွတ်နိုင်မယ့် နည်းလမ်းဟာ ခေါင်းဆောင်ပိုင်း ပြောင်းလဲမှု လုပ်ဆောင်မှသာ ဖြစ်နိုင်မယ်လို့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ပြုလုပ်တဲ့ လုံခြုံရေးဆိုင်ရာ အဆင့်မြင့်စည်းဝေးပွဲမှာ သမ္မတ အီမြောင်ဘတ် က ပြောကြားလိုက်တာပါ။

မြောက်ကိုရီးယားလူထု ပြောင်းလဲမှု ဖြစ်ပေါ်လာအောင် မြောက်ကိုရီးယားအစိုးရက စွမ်းဆောင်နိုင်ခြင်း မရှိရင် တောင်ကိုရီးယားဘက်က လုပ်ဆောင်ပေးနိုင်တယ်လို့ သမ္မတ အီမြောင်ဘတ်ပြောတာကို ကိုးကားပြီး ပြင်သစ် သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက မြောက်ကိုရီးယားက နျူကလီယားစမ်းသပ် ဖောက်ခွဲမှု အသစ်လုပ်ဆောင်ပြီးနောက်မှာ တောင်ကိုရီးယားသမ္မတက အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။ အဲဒီ နျူကလီယား စမ်းသပ်ဖောက်ခွဲမှုကြောင့် နိုင်ငံတကာ အသိုင်းဝိုင်းက မြောက်ကိုရီးယား အပေါ် ပြစ်တင် ဝေဖန်မှုတွေ ထပ်မံဖြစ်ပေါ်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ်မှာလည်း တင်းမာမှု အသစ်တွေ ဖြစ်ခဲ့ပါတယ်။

မြောက်ကိုရီးယားအပေါ် တင်းမာတဲ့ပေါ်လစီ ကျင့်သုံးခဲ့တဲ့ သမ္မတအီမြောင်ဘတ်ဟာ နောက် ၁၀ ရက်ကြာရင် ရာထူးက အနားယူတော့မှာ ဖြစ်ပါတယ်။
XS
SM
MD
LG