သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၂၀၂၃ ဟာ ေတာ္လွန္ေရးအတြက္ အေရးႀကီးတဲ့ႏွစ္ျဖစ္ေၾကာင္း NUG ယာယီသမၼတေျပာ


Duwa Lashi La, the acting president of the National Unity Government (NUG),

၂၀၂၃ ခုႏွစ္ဟာ ျမန္မာ့ႏိုင္ငံေရး ကံၾကမၼာအလွည့္အေျပာင္းအတြက္ အေရးႀကီးတဲ့ႏွစ္ျဖစ္ၿပီး၊ တိုင္းရင္းသား ေတာ္လွန္ေရးအဖြဲ႔အစည္းေတြ၊ အျခားအေရးႀကီးတဲ့ အဖြဲ႔အစည္းေတြနဲ႔ စစ္ေရးႏိုင္ငံေရး ပူး‌ေပါင္းမႈေတြကို ခိုင္မာေကာင္းမြန္စြာ လုပ္ေဆာင္ႏိုင္ခဲ့ၿပီလို႔ NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕ ယာယီသမၼတႀကီး ဒူဝါလ႐ွီးလက ႏွစ္သစ္ကူးမိန္႔ခြန္းမွာ ေျပာၾကားလိုက္ပါတယ္။

ဒါ‌ေပမဲ့ အဖြဲ႔အစည္းေတြၾကားမွာ အလွည့္အေျပာင္းျဖစ္ေစမယ့္ ဘယ္လိုမဟာဗ်ဴဟာက်က် ပူးေပါင္းေဆာင္႐ြက္မႈေတြ လုပ္ခဲ့သလဲ ဆိုတာကို‌ေတာ့ ယာယီသမၼတႀကီး က အေသးစိတ္ခ်ျပမသြားပါဘူး။

စစ္ေကာင္စီ အင္အားခ်ိနဲ႔လာတဲ့ အေၾကာင္းေတြကိုေတာ့ ႏိုင္ငံတကာ အေၾကာင္းအခ်က္ေတာ္ေတာ္မ်ားမ်ားနဲ႔ ႏွစ္သစ္ကူးမိန္႔ခြန္းမွာ ေျပာၾကားသြားပါတယ္။ ၈ မိနစ္နီးပါးၾကာတဲ့ ဒီႏွစ္သစ္ကူးမိန္႔ခြန္းကို အင္န္ယူဂ်ီရဲ႕ ေဖ့ဘြတ္ခ္ လူမႈစာမ်က္ႏွာမွာ တင္ထားတာပါ။

စစ္ေကာင္စီရဲ႕ လာမယ့္အတုအေယာင္ ေ႐ြးေကာက္ပြဲကို ဆန္႔က်င္ၾကဖို႔ ေဆာ္ၾသသြားသလို၊ ေတာ္လွန္ေရး အင္အားစုေတြၾကား စစ္ေကာင္စီက ေသြးခြဲလာမယ့္ အႏၲရာယ္ကို သတိထားၾကဖို႔လည္း အင္န္ယူဂ်ီရဲ႕ ယာယီသမၼတႀကီး သတိေပးသြားပါတယ္။ ဒီမိန္႔ခြန္းနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီ ဘက္က တုံ႔ျပန္ခ်က္ကိုေတာ့ မေတြ႔ရေသးပါဘူး။

===== Unicode =====

၂၀၂၃ ခုနှစ်ဟာ မြန်မာ့နိုင်ငံရေး ကံကြမ္မာအလှည့်အပြောင်းအတွက် အရေးကြီးတဲ့နှစ်ဖြစ်ပြီး၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ အခြားအရေးကြီးတဲ့ အဖွဲ့အစည်းတွေနဲ့ စစ်ရေးနိုင်ငံရေး ပူး‌ပေါင်းမှုတွေကို ခိုင်မာကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပြီလို့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတကြီး ဒူဝါလရှီးလက နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။

ဒါ‌ပေမဲ့ အဖွဲ့အစည်းတွေကြားမှာ အလှည့်အပြောင်းဖြစ်စေမယ့် ဘယ်လိုမဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ခဲ့သလဲ ဆိုတာကို‌တော့ ယာယီသမ္မတကြီး က အသေးစိတ်ချပြမသွားပါဘူး။

စစ်ကောင်စီ အင်အားချိနဲ့လာတဲ့ အကြောင်းတွေကိုတော့ နိုင်ငံတကာ အကြောင်းအချက်တော်တော်များများနဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားသွားပါတယ်။ ၈ မိနစ်နီးပါးကြာတဲ့ ဒီနှစ်သစ်ကူးမိန့်ခွန်းကို အင်န်ယူဂျီရဲ့ ဖေ့ဘွတ်ခ် လူမှုစာမျက်နှာမှာ တင်ထားတာပါ။

စစ်ကောင်စီရဲ့ လာမယ့်အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ဆော်သြသွားသလို၊ တော်လှန်ရေး အင်အားစုတွေကြား စစ်ကောင်စီက သွေးခွဲလာမယ့် အန္တရာယ်ကို သတိထားကြဖို့လည်း အင်န်ယူဂျီရဲ့ ယာယီသမ္မတကြီး သတိပေးသွားပါတယ်။ ဒီမိန့်ခွန်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ဘက်က တုံ့ပြန်ချက်ကိုတော့ မတွေ့ရသေးပါဘူး။

XS
SM
MD
LG