သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG သံအမတ်ကြီး ဦးလင်းသန့်ကို Diplomacy in Ireland ဂုဏ်ထူးဆောင်ဆုချီးမြှင့်


NUG ရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးလင်းသန့် ကို အိုင်ယာလန်နိုင်ငံ အခြေစိုက် သံတမန်ရေးရာအဖွဲ့က ဂုဏ်ထူးဆောင်ဆု ချီးမြှင့် (Photo: Diplomacy in Ireland)
NUG ရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးလင်းသန့် ကို အိုင်ယာလန်နိုင်ငံ အခြေစိုက် သံတမန်ရေးရာအဖွဲ့က ဂုဏ်ထူးဆောင်ဆု ချီးမြှင့် (Photo: Diplomacy in Ireland)

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးလင်းသန့် ကို အိုင်ယာလန်နိုင်ငံ အခြေစိုက် သံတမန်ရေးရာအဖွဲ့က ဂုဏ်ထူးဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကြာ ကာလမှာ ဒီမိုကရေစီရေးနဲ့ မြန်မာပြည်သူတွေ ဂုဏ်သိက္ခာအတွက် ကြိုးပမ်းမှုတွေကြောင့် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်တာဖြစ်ကြောင်း ဥရောပနဲ့ နိုင်ငံတကာက သံတမန်ရေး လုပ်ငန်းတွေကို စောင့်ကြည့်ဖော်ပြနေတဲ့ Diplomacy in Ireland – European Diplomat အဖွဲ့က ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

မြန်မာပြည်သူတွေအကြောင်း ဥရောပက နားလည်သဘောပေါက်စေဖို့နဲ့ NUG ကို လက်ခံ အသိအမှတ်ပြုအောင် ဥရောပတလွှား ကြိုးပမ်းမှုတွေအတွက် ဆုချီးမြှင့်တာလို့လည်း အယ်ဒီတာချုပ် Dr. Miceál O’Hurley က ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ဖွဲ့စည်းထားတဲ့ NUG အစိုးရကိုတော့ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဆက်နွယ်တယ်လို့ စွပ်စွဲထားပြီး သံတမန်ရေးအရ အဆက်အဆံ မလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါပေမဲ့လည်း အနောက်နိုင်ငံတွေ အများစု အပါအဝင် ဒေသတွင်း နိုင်ငံတချို့ကတော့ NUG နဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG