သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှု အဆုံးသတ်ရေး တော်လှန်ရေး အင်အားစုတွေ သဘောထားထုတ်ပြန်


NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အတိုက်အခံ အင်အားစုတွေဘက်က ဘုံသဘောထားကြေညာချက် (ဓါတ္ပံု - NUG)
NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အတိုက်အခံ အင်အားစုတွေဘက်က ဘုံသဘောထားကြေညာချက် (ဓါတ္ပံု - NUG)

အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ အရပ်သားပြည်သူတွေအပေါ် စစ်ကောင်စီဘက်က အင်အားသုံးဖိနှိပ်နေတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်တဲ့ အတိုက်အခံ အင်အားစုတွေဘက်က ဘုံသဘောထားကြေညာချက်ကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ ပါဝင်မှုအခန်းကဏ္ဍနဲ့ အာဏာသိမ်း အလေ့အထ လုံးဝအဆုံးသတ်ချုပ်ငြိမ်းစေရေး မဟာမိတ်တပ်ပေါင်းစုအဖွဲ့တွေအနေနဲ့ အခိုင်အမာ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အဲဒီကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲခံထားရတဲ့ လက်ရှိစစ်တပ်နေရာမှာ တိုင်းရင်းသားလူမျိုးတွေ တန်းတူပါဝင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတပ်နဲ့ ပြောင်းလဲဖွဲ့စည်းတည်ထောင်မှာ ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

မဟာမိတ်တပ်ပေါင်းစုတွေရဲ့ သဘောထားကြေညာချက်မှာ အာဆီယံက စစ်ကောင်စီရော၊ အတိုက်အခံတွေကိုပါ တိုက်တွန်းနေတဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း တုံ့ပြန်ထားခြင်း မရှိပါဘူး။ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ အခင်းအကျင်းတွေ ဖန်တီးဖို့ လိုနေကြောင်း ဗွီအိုအေနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။

အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ မဟာမိတ်တပ်ပေါင်းစုတွေအနေနဲ့ စစ်ကောင်စီကို လက်ရှိ လက်နက်ကိုင်ခုခံတော်လှန်နေတဲ့ လမ်းကြောင်းအတိုင်း အခိုင်အမာ ရှိနေဆဲဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒီကြေညာချက်ကို နွေဦးတော်လှန်ရေးအတွက် ပူးပေါင်း တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ NUG အစိုးရတို့ ပူးတွဲထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG