သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG နဲ့ ဝါရှင်တန်ဒီစီတဝိုက် မြန်မာတွေ တွေ့ဆုံပွဲ


 အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ NUG နိုင်ငံခြားရေးရုံးမှာ NUG နိုင်ငံခြားရေးဝန်ကြီး အပါအဝင် ထိပ်တန်းတာဝန်ရှိသူတွေနဲ့ အမေရိကားရောက် မြန်မာနွယ်ဖွားတွေတွေ့ဆုံပွဲ (ဇန်နဝါရီ ၂၈၊ ၂၀၂၄)
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ NUG နိုင်ငံခြားရေးရုံးမှာ NUG နိုင်ငံခြားရေးဝန်ကြီး အပါအဝင် ထိပ်တန်းတာဝန်ရှိသူတွေနဲ့ အမေရိကားရောက် မြန်မာနွယ်ဖွားတွေတွေ့ဆုံပွဲ (ဇန်နဝါရီ ၂၈၊ ၂၀၂၄)

နွေဦးတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်တာမို့ ဒီလှုပ်ရှားမှု အောင်မြင်ဖို့မှာ ပြည်သူတွေနဲ့ ပုံမှန် ထိတွေ့ ဆက်ဆံနေဖို့ အရေးကြီးတယ်လို့ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ NUG နိုင်ငံခြားရေးရုံးမှာ NUG နိုင်ငံခြားရေးဝန်ကြီး အပါအဝင် ထိပ်တန်း တာဝန်ရှိသူတွေနဲ့ အမေရိကားရောက် မြန်မာနွယ်ဖွားတွေနဲ့ တနင်္ဂနွေနေ့ တွေ့ဆုံချိန် NUG အစိုးရ ဆောင်ရွက်နေတဲ့ လှုပ်ရှားမှုတွေနဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ရှင်းလင်း ပြောဆိုခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုစံကျော်က အပြည့်စုံ တင်ပြပေးပါမယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့က တာဝန်ရှိလူကြီးတွေနဲ့ အမေရိကရောက် မြန်မာနွယ်ဖွားတွေရဲ့ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းမှာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီက နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ဇင်မာအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးထင်လင်းအောင်၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကျော်မိုး၊ ကုလသမဂ္ဂ ဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့နဲ့အတူ သမတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့တက်ရောက်တွေ့ဆုံခဲ့ကြပါတယ်။

"ဒီလိုမျိုးတွေ့ဆုံမှုတွေက အင်မတန်မှကို အရေးကြီးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နွေဦးတော်လှန်ရေးက ပြည်သူတွေရဲ့တော်လှန်ရေး။ အဲ့တော့ ပြည်သူတွေရဲ့ အသံကိုနားထောင်ရတယ်။ပြည်သူတွေဆိုတဲ့ နေရာမှာ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေရော ပြည်ပကိုရောက်နေတဲ့ မြန်မာနွယ်ဖွားတွေရော သူတို့ရဲ့ခံစားချက် သူတို့ရဲ့အမြင် သူတို့တွေကလည်း တော်လှန်ရေးထဲမှာ ပါဝင်နေကြတာ။ တတပ်တအားနဲ့ မျိုးစုံ ကန်ဒပေါင်းစုံကနေပါဝင်နေကြတာအဲ့တော့ဒီပြည်သူတွေရဲ့ အသံကို နားထောင်ဖို့ အန်မတန်မှ့အရေးကြီးတယ်။ ဒါမှ့ကိုယ့်ကိုယ်ကိုယ် ဝေဖန်တာထက် အပြင်ကနေပြီးတော့မှ့ ပြည်သူတွေရဲ့ဝေဖန်မှုကို ခံရမယ် အကြံဉာဏ်ကိုယူရမယ်အဲ့ဒီဟာ အင်မတန်ကို အရေးကြီးပါတယ်။"

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ NUG နိုင်ငံခြားရေးရုံးမှာ NUG နိုင်ငံခြားရေးဝန်ကြီး အပါအဝင် ထိပ်တန်းတာဝန်ရှိသူတွေနဲ့ အမေရိကားရောက် မြန်မာနွယ်ဖွားတွေတွေ့ဆုံပွဲ (ဇန်နဝါရီ ၂၈၊ ၂၀၂၄)
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ NUG နိုင်ငံခြားရေးရုံးမှာ NUG နိုင်ငံခြားရေးဝန်ကြီး အပါအဝင် ထိပ်တန်းတာဝန်ရှိသူတွေနဲ့ အမေရိကားရောက် မြန်မာနွယ်ဖွားတွေတွေ့ဆုံပွဲ (ဇန်နဝါရီ ၂၈၊ ၂၀၂၄)

တွေ့ဆုံဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်၊ မယ်ရီလန်းပြည်နယ်၊ဝါရှင်တန်ဒီစီ၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ပန်ဆယ်ဗေလ်းနီးယားပြည်နယ်နဲ့ နယူးယောက်ပြည်နယ်အစရှိတဲ့ ပြည်နယ် ၆ ခုက လူဦးရေ ၁၀၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။ တွေ့ဆုံပွဲတက်ရောက်လာသူတဦးဖြစ်တဲ့ မမြတ်ယဉ်ချောက

"တော်လှန်ရေးကကြာလာလို့ရှိရင် စကစကခွဲမှာပဲ။ ဒါကို အရင်ကတည်းက ခေတ်အဆက်ဆက်ကလုပ်ခဲ့တာပဲ။ဒါမျိုးတွေ အစ်မတို့ အဖြစ်ခံလို့မရဘူး။တော်လှန်ရေးရဲ့ ရေချိန်က ရေချိန်အရမ်းမြင့်နေတယ် အောင်မြင်နေတယ်။ ဒါပေမယ့် အဆုံးသတ်တိုက်ပွဲသွားဖို့အတွက်ကတော့ အရမ်းအရေးကြီးတယ် ဒီအချိန်က။ ဒီအချိန်မှာ ကွဲကွဲပြားပြားဖြစ်နေလို့မရဘူး။ ဆိုတော့ ဆက်လက်လှုပ်ရှားမှုအပေါ်မှာ အများကြီးအရေးကြီးတယ်။ဒါကြောင့်လည်း ဒါလေးတွေကို အစ်မအနေနဲ့ ပြောချင်လို့ ဒီနေ့ပွဲကို တက်ရောက်လာတာဖြစ်ပါတယ်။"

ပြည်သူတွေရှိကနေ အစပြုပေါက်ဖွားလာတဲ့ အာဏာရှင်စနစ်ကိုဆန့်ကျင်နေတဲ့ နွေဦးတော်လှန်ရေး ၃ နှစ်တာကာလအတွင်းမှာ NUG အစိုးရအနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲ စိန်ခေါ်မှုအောင်မြင်မှုအကြောင်းအရာတွေကို ပြည်သူတွေကို အသိ့ပေးပြောကြားခဲ့သလို ပြည်သူတွေရဲ့ လက်ရှိတော်လှန်ရေးအပေါ် အမြင်သဘောထား မှတ်ချက်တွေကိုလည်း ၂ ဦးနှစ်ဘက် တွေ့ဆုံရှင်းလင်းခဲ့ကြပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးအတွက်ကို ဖော်ဆောင်နေချိန်မှာ တော်လှန်ရေးကို အဘက်ဘက်က ပူးပေါင်းပါဝင်နေကြသူတွေနဲ့ အခုလိုတွေ့ဆုံဆွေးနွေးမှုတွေဟာလည်း တော်လှန်ရေး အမြန်အောင်မြင်စေနိုင်ဖို့အတွက်ကို ထိရောက်တဲ့ အထောက်အပံ့တွေဖြစ်စေတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက ပြောပါတယ်။

"တွေ့တိုင်းကကောင်းတယ်။ ကျွန်တော်တို့ ဝန်ကြီးတစ်ယောက်ပြောသလိုပေါ့ ကျွန်တော်တို့က ပြည်သူတွေကို အားပေးတာမဟုတ်ဘူးတဲ့ အပြန်အလှန် ပြည်သူတွေရှိကလည်း အားယူရတာပေါ့တဲ့။ ပြည်သူတွေကိုလည်း ကျွန်တော်တို့ အားပေးတာဆိုတာထက် ကျွန်တော်တို့ဖြစ်နေတာတွေ အမှန်တရားတွေပြောမယ်။ဘယ်လိုအောင်မြင်မှုတွေရှိတယ် ဘယ်လိုစိန်ခေါ်မှုတွေရှိတယ် ဘယ်လိုအောင်မြင်မှုတွေရလာနိုင်တယ်ဆိုတာပေါ့။ ပြည်သူတွေရှိကလည်း ပြည်သူတွေရဲ့ ထောက်ခံမှုပြည်သူတွေရဲ့ အကြံဉာဏ်ပေးမှု ပြည်သူတွေရဲ့ဝေဖန်မှုကို နာခံခြင်းအားဖြင့် အဲ့ဒီလို အပြန်အလှန်အားယူတာပါ။ အင်မတန်မှလည်း အားရှိစေပါတယ်။"

လက်ရှိမှာ အဘက်ဘက်က ကျရှုံးနေတဲ့ စစ်အာဏာရှင်တွေအနေနဲ့ နိုင်ငံရေးအရ အလှည့်အပြောင်းတွေလုပ်လာခဲ့ရင်လည်း ပြည်သူတွေအနေနဲ့ မျက်စိလည် ရှုပ်ထွေးမသွားမိ့စေဖို့နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဖြစ်တည် အကောင်အထည်ပေါ်လာတဲ့အထိ အတူတကွ ကြံကြံခံတွန်းလှန်တိုက်ပွဲဝင်သွားကြဖို့အတွက်ကိုလည်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း လူထုနဲ့ တွေ့ဆုံပွဲမှာ အသိပေးပြောဆိုသွားခဲ့ပါတယ်။

NUG နဲ့ ဝါရှင်တန်ဒီစီတဝိုက် မြန်မာတွေ တွေ့ဆုံပွဲ
please wait

No media source currently available

0:00 0:03:58 0:00
XS
SM
MD
LG