သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NUG ေငြတိုက္စာခ်ဳပ္ ေဒၚလာ ၆ သန္းေက်ာ္ေရာင္းခဲ့ရၿပီလို႔ ထုတ္ျပန္


NUG Bond

{{Zawgyi/Unicode}}

အာဏာသိမ္းျမန္မာစစ္ေကာင္စီကို ျဖဳတ္ခ်မယ့္ ေတာ္လွန္ေရးအတြက္ ရံပုံေငြဆိုၿပီး ေရာင္းခ်တဲ့ ေငြတိုက္စာခ်ဳပ္ေတြကို ၾကားကာလ အမ်ိဳးသားညီၫြတ္ေရး အစိုးရ (အင္န္ယူဂ်ီ) က မေန႔ တနလၤာေန႔ က စတင္ေရာင္းခ်ခဲ့ရာမွာ တရက္တည္းနဲ႔ ေဒၚလာ ၆.၃ သန္း ေရာင္းခ်ခဲ့ရပါတယ္လို႔ NUG က ေၾကညာပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းခဲ့ၿပီးေနာက္ ေသြးေျမက် ဖိႏွိပ္ခဲ့တဲ့အတြက္ ေပါက္လာခဲ့တဲ့ စစ္အာဏာရွင္ဆန႔္က်င္ေရးလႈပ္ရွားမႈဟာ အမ်ားျပည္ သူလူထုရဲ႕ လႉဒါန္းေထာက္ပံ့မႈနဲ႔ ရပ္တည္ရွင္သန္ေနရပါတယ္။

ေငြတိုက္စာခ်ဳပ္အတြက္ အတိုးမေပးေပမယ့္ ပထမ သုံးနာရီအတြင္းမွာ ေဒၚလာ သုံးသန္း ေရာင္းခ်ခဲ့ရတယ္လို႔ အင္န္ယူဂ်ီ က ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။ ၂ ႏွစ္ သက္တမ္းရွိတဲ့ ေငြတိုက္စာခ်ဳပ္ေတြကို ေဒၚလာ ၁၀၀၊ ၅၀၀၊ ၁၀၀၀ နဲ႔ ၅၀၀၀ တန္ စာခ်ဳပ္ေတြအျဖစ္ အင္န္ယူဂ်ီ က ေရာင္းခ်ခဲ့တာပါ။ ေဒၚလာ သန္း ၁,၀၀၀ အထိ ရံပုံေငြရွာဖို႔ အင္န္ယူဂ်ီ က သတ္မွတ္ ေမွ်ာ္လင့္ထားပါတယ္။

ေဒၚလာ ၁၀၀ နဲ႔ ၅၀၀ တန္ စာခ်ဳပ္ေတြကို အြန္လိုင္း ေငြေပးေခ်မႈပုံစံနဲ႔လက္ခံၿပီး ၁,၀၀၀ နဲ႔ ၅,၀၀၀ တန္ ေငြတိုက္စာခ်ဳပ္ကိုေတာ့ ဘဏ္လႊဲေျပာင္းေငြနဲ႔ ဝယ္ယူႏိုင္တယ္လို႔ အင္န္ယူဂ်ီ က သူ႔ရဲ႕ေဖ့စ္ဘုတ္ လူမႈစာမ်က္ႏွာမွာ ေျပာထားပါတယ္။အင္န္ယူဂ်ီ ရဲ႕ ဘဏ္စာရင္းကို ခ်က္ႏိုင္ငံမွာ ဖြင့္ထားပါတယ္။

NUG အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ဝန္ႀကီး ေဒါက္တာ ဆာဆာ ကေတာ့ သူ႔ လူမႈစာမ်က္ႏွာေဖ့စ္ဘုတ္မွာ“ ဖက္ဆစ္စစ္တပ္ကို အျမစ္ျဖတ္လိုၾကတဲ့ ျပည္သူလူထုရဲ႕ စိတ္အားထက္သန္မႈကို မ်က္ဝါးထင္ထင္ ထပ္ျမင္လိုက္ရသလိုပါပဲ” လို႔ ေရးထားပါတယ္။

ေဒၚလာ ၅၀၀ တန္ ေငြတိုက္စာခ်ဳပ္ကို ဝယ္ယူခဲ့တဲ့ ျမန္မာႏိုင္ငံသား အမ်ိဳးသမီးတေယာက္ကေတာ့ ေနာက္ ၂ ႏွစ္ ၾကာတဲ့အခါ ေငြျပန္ရဖို႔ သူ မေမွ်ာ္လင့္ဘဲ ေတာ္လွန္ေရး ကို အေထာက္အပံ့ျပဳလိုတဲ့အတြက္ ဝယ္ယူခဲ့တာ ျဖစ္တယ္လို႔ ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။

အခုလို NUG ရဲ႕ ေငြတိုက္စာခ်ဳပ္ေရာင္းခ်ေနတာနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစုံတရာ တုံ႔ျပန္ေျပာဆိုတာမရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


========

{{Unicode}}

NUG ငွေတိုက်စာချုပ် ဒေါ်လာ ၆ သန်းကျော်ရောင်းခဲ့ရပြီလို့ ထုတ်ပြန်

အာဏာသိမ်းမြန်မာစစ်ကောင်စီကို ဖြုတ်ချမယ့် တော်လှန်ရေးအတွက် ရံပုံငွေဆိုပြီး ရောင်းချတဲ့ ငွေတိုက်စာချုပ်တွေကို ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ (အင်န်ယူဂျီ) က မနေ့ တနင်္လာနေ့ က စတင်ရောင်းချခဲ့ရာမှာ တရက်တည်းနဲ့ ဒေါ်လာ ၆.၃ သန်း ရောင်းချခဲ့ရပါတယ်လို့ NUG က ကြေညာပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းခဲ့ပြီးနောက် သွေးမြေကျ ဖိနှိပ်ခဲ့တဲ့အတွက် ပေါက်လာခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုဟာ အများပြည် သူလူထုရဲ့ လှူဒါန်းထောက်ပံ့မှုနဲ့ ရပ်တည်ရှင်သန်နေရပါတယ်။

ငွေတိုက်စာချုပ်အတွက် အတိုးမပေးပေမယ့် ပထမ သုံးနာရီအတွင်းမှာ ဒေါ်လာ သုံးသန်း ရောင်းချခဲ့ရတယ်လို့ အင်န်ယူဂျီ က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ၂ နှစ် သက်တမ်းရှိတဲ့ ငွေတိုက်စာချုပ်တွေကို ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀ နဲ့ ၅၀၀၀ တန် စာချုပ်တွေအဖြစ် အင်န်ယူဂျီ က ရောင်းချခဲ့တာပါ။ ဒေါ်လာ သန်း ၁,၀၀၀ အထိ ရံပုံငွေရှာဖို့ အင်န်ယူဂျီ က သတ်မှတ် မျှော်လင့်ထားပါတယ်။

ဒေါ်လာ ၁၀၀ နဲ့ ၅၀၀ တန် စာချုပ်တွေကို အွန်လိုင်း ငွေပေးချေမှုပုံစံနဲ့လက်ခံပြီး ၁,၀၀၀ နဲ့ ၅,၀၀၀ တန် ငွေတိုက်စာချုပ်ကိုတော့ ဘဏ်လွှဲပြောင်းငွေနဲ့ ဝယ်ယူနိုင်တယ်လို့ အင်န်ယူဂျီ က သူ့ရဲ့ဖေ့စ်ဘုတ် လူမှုစာမျက်နှာမှာ ပြောထားပါတယ်။အင်န်ယူဂျီ ရဲ့ ဘဏ်စာရင်းကို ချက်နိုင်ငံမှာ ဖွင့်ထားပါတယ်။

NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာ ဆာဆာ ကတော့ သူ့ လူမှုစာမျက်နှာဖေ့စ်ဘုတ်မှာ“ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်လိုကြတဲ့ ပြည်သူလူထုရဲ့ စိတ်အားထက်သန်မှုကို မျက်ဝါးထင်ထင် ထပ်မြင်လိုက်ရသလိုပါပဲ” လို့ ရေးထားပါတယ်။

ဒေါ်လာ ၅၀၀ တန် ငွေတိုက်စာချုပ်ကို ဝယ်ယူခဲ့တဲ့ မြန်မာနိုင်ငံသား အမျိုးသမီးတယောက်ကတော့ နောက် ၂ နှစ် ကြာတဲ့အခါ ငွေပြန်ရဖို့ သူ မမျှော်လင့်ဘဲ တော်လှန်ရေး ကို အထောက်အပံ့ပြုလိုတဲ့အတွက် ဝယ်ယူခဲ့တာ ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အခုလို NUG ရဲ့ ငွေတိုက်စာချုပ်ရောင်းချနေတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ တုံ့ပြန်ပြောဆိုတာမရှိသေးပါဘူး။

#MyanmarMilitaryCoup #MyanmarNUG #MyanmarSpringRevolution #VOABurmese

#ငွေတိုက်စာချုပ်#ချက်နိုင်ငံ#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်#ဒေါ်လာသုံးသန်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG