သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

NUG ရဲ႕ ဖယ္ဒရယ္ အလားအလာ ဘယ္လိုလဲ


ဗီြအိုေအအႀကီးတန္းအယ္ဒီတာ ဦးေက်ာ္ဇံသာနဲ႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားျပဳေကာ္မီတီ ( CRPH) ဥကၠ႒ ဦးေအာင္ၾကည္ၫြန႔္


[[Zawgyi/Unicode]]
English Name URL - NUG Federal Plan (KZT)

ျမန္မာႏိုင္ငံ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ဟာ ျမန္မာႏိုင္ငံကို စစ္မွန္တဲ့ ဒီမိုကေရစီ ဖယ္ဒရယ္ ျပည္ေထာင္စုအျဖစ္ ဖြဲစည္းႏိုင္ေရးအတြြက္ မျဖစ္မေန လုပ္ေဆာင္မယ္လို႔ ဆိုပါတယ္။ အခြင့္အေရးေတြ လုပ္ပိုင္ခြင့္ေတြကို ဗဟိုကခြဲေဝေပးၿပီး တိုင္းရင္းသားေဒသေတြက လက္ခံရရွိႏိုင္တဲ့ ပုံစံမ်ိဳးမဟုတ္ဘဲ ႏွစ္ဘက္ အတူ ညႇိႏႈိင္းခြဲေဝမွာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ ဒီအတြက္ ဘယ္လို လုပ္ေဆာင္ေနသလဲ။ ျဖစ္လာႏို္င္တဲ့ အလားအလာေကာ ဘယ္ေလာက္ ရိွသလဲဆိုတာကို ျပည္သူ႔လႊတ္ေတာ္ကိုယ္စားျပဳေကာ္မီတီ ( CRPH) ဥကၠ႒ ဦးေအာင္ၾကည္ၫြန႔္နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ဒီကေန႔ က်ေနာ္ ဦးေအာင္ၾကည္ညြန္႔ကို ဆက္သြယ္ရတဲ့အေၾကာင္းကေတာ့ အမ်ဳိးသားညီညႊတ္ေရး အစိုးရဘက္က တုိင္းရင္းသားစည္းလံုးညီညႊတ္ေရးအတြက္ စစ္မွန္တဲ့ ဖယ္ဒရယ္ျပည္ေထာင္စု ဖြဲ႔စည္းေရး လႈပ္ရွားမႈ အေျခအေနဟာ အလားအလာ ဘယ္ေလာက္အထိ ရိွေနသလဲဆိုတာကို ေဆြးေႏြးေမးျမန္းခ်င္တာ ျဖစ္ပါတယ္။ ပထမဦးဆံုး က်ေနာ္တုိ႔ ၾကားလိုက္ရတာကေတာ့ ၿပီးခဲ့တဲ့ႏွစ္ ၂၀၂၁ ဇန္နဝါရီမွာ ဖယ္ဒရယ္ ပဋိဉာဥ္နဲ႔ ပတ္သက္ၿပီးေတာ့ ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာ ရိွပါတယ္။ အဲဒီအေျခခံမူကို နည္းနည္း အက်ဥ္း႐ံုးေလး ျပန္ၿပီးေတာ့ ေျပာျပပါလား။

ေျဖ ။ ။ ဒီ Charter ရဲ ႔ အဓိကအေျခခံမူရဲ ႔အခ်က္ကေတာ့ ျမန္မာႏိုင္ငံအတြက္ဆိုရင္ ဦးေက်ာ္ဇံသာ ေျပာ သလိုပဲ အနာဂတ္မွာ တကယ္တမ္း တန္းတူညီမွ်ရိွၿပီးေတာ့ ကိုယ္ပိုင္ျပဌာန္းခြင့္ရိွတဲ့ တကယ္စစ္မွန္တဲ့ ဖယ္ဒရယ္စနစ္ကို သြားၾကဖို႔ဆိုိတဲ့ဟာကို အာမခံခ်က္ေပးၾကတဲ့ သေဘာတူညီခ်က္ႀကီးပါ။ အဲဒီ သေဘာတူညီခ်က္ကို က်ေနာ္ ေရးဆြဲတဲ့အခါမွာ သက္ဆိုင္ရာ တုိင္းရင္းသားေတာ္လွန္ေရးအင္အားစုေတြ အပါအဝင္ ဒါေတြနဲ႔ ညိွႏိႈင္းၿပီးေတာ့ ေရးထားခဲ့တယ္။ အဲဒီအေပၚမွာ အားလံုးက သေဘာက်ၿပီးသား ျဖစ္တယ္။ တကယ္တမ္းဆိုရင္ အနာဂတ္ႏုိင္ငံေတာ္အတြက္ဆိုရင္ တကယ့္ကို ျပည္နယ္ေတြမွာ ျပဌာန္းခြင့္ အေျခခံ အားျဖင့္ ရိွေနၿပီးေတာ့ ျပည္နယ္ေတြရဲ ႔ အဓိကအခန္းက႑ကို သြားမယ္ဆိုတဲ့သေဘာတူညီခ်က္က ရထားၿပီး သား။ ဥပမာအေနနဲ႔ ဥပေဒတည္ေရးကိစၥရပ္လိုဟာမ်ဳိးမွာဆုိရင္ သက္ဆိုင္ရာ ဖယ္ဒရယ္ယူနစ္ေတြက ဥပေဒျပဳ ေရးကိုေရာ ေနာက္ၿပီးေတာ့ ႂကြင္းက်န္အာဏာေတြကို ဥေပဒျပဳဖို႔ေကာ၊ ေနာက္ၿပီးေတာ့ ပူးတြဲအာဏာျပဳေရး ကိစၥရပ္ေတြေကာ၊ ဖယ္ဒရယ္ယူနစ္ေတြကိုပဲ ေပးထားတယ္။ ဗဟိုဥပေဒျပဳေရးကေတာ့ ဖယ္ဒရယ္အားလံုးနဲ႔ သက္ဆိုင္တဲ့ ဥပေဒေတြေပၚမွာပဲ ျပဌာန္းၾကမယ္ဆိုတဲ့ တိုးခ်ဲ ႔ထားတဲ့ အေနအထားေတြ ရိွပါတယ္။
ေနာက္တခုကေတာ့ fiscal ဖယ္ဒရယ္ဘ႑ာေရးကိစၥနဲ႔ သယံဇာတကိစၥေတြအထိလည္း အေျခခံအားျဖင့္ ျမန္မာႏုိင္ငံရဲ ႔ အဓိက အခ်ဳပ္အျခာအာဏာမွာ ျပည္နယ္ေတြမွာရိွတဲ့ ျပည္နယ္သားေတြကလာတယ္ဆိုိတဲ့ အေနအထားမ်ဳိးအထိ ေပးထားတဲ့ အေနအထားရိွပါတယ္။
ေမး ။ ။ ဆိုေတာ့ အဓိကအားျဖင့္ေတာ့ အေျခခံမူပဲ ျဖစ္တယ္။ သိပ္ေယဘုယ်ဆန္တယ္။ သို႔ေသာ္လည္းပဲ ျပည္နယ္သားေတြအတြက္ ဘ႑ာေရးစီမံခန္႔ခြဲခြင့္တို႔ တခါ reserve of power ပိုလွ်ံစီရင္ပိုင္ခြင့္တုိ႔ကိုလည္းပဲ သူတုိ႔နဲ႔ ညိွၿပီးေတာ့ လုပ္မယ္ဆိုေတာ့ အလားအလာ ေကာင္းပါတယ္။ ဘယ္ေလာက္အထိမ်ား ေပးႏိုင္မယ္လို႔ မ်ား တြက္ထားတာ ရိွပါသလား။ သူတို႔ေတာင္းဆိုထားတဲ့အေပၚ။

ေျဖ ။ ။ က်ေနာ္တို႔ ဒီလိုအေနအထားမ်ဳိးေတာ့ တကယ္တမ္းေတာ့ coming together ပံုစံမ်ဳိးနဲ႔ သြားၾကမွာ ျဖစ္တဲ့အတြက္ တို႔ကေတာ့ ဘယ္ေလာက္ပဲ ေပးႏိုင္မယ္ဆိုတဲ့ မူလပိုင္ရွင္အေနနဲ႔ ရပ္တည္ထားတဲ့ ပံုစံမ်ဳိးလည္း က်ေနာ္တို႔မွာ မရိွဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ္ေပးသေလာက္ပဲ သူတုိ႔ရမယ္ဆိုတဲ့ ပံုစံမ်ဳိးနဲ႔ က်ေနာ္တို႔ ခ်ဥ္းကပ္တဲ့ ပံုစံမ်ဳိး မဟုတ္ဘူး။ ျမန္မာႏုိင္ငံရဲ ႔ တကယ့္အေနအထားမ်ဳိး ဖယ္ဒရယ္ႏုိင္ငံေတာ္ ျဖစ္ဖို႔ရာအတြက္ ဘာေတြလိုအပ္မလဲ။ ဘယ္လိုေတြ ေပါင္းစည္းၾကမလဲဆိုတဲ့ ရွဳျမင္ခ်က္ေပၚမွာပဲ သြားမယ့္အေနအထား ရိွပါတယ္။ က်ဳပ္တုိ႔ကေတာ့ ဘာေတြကို ဘယ္ေလာက္အထိေတာ့ လိုခ်င္တယ္ဆိုတာကေတာ့ အခုအခ်ိန္အထိ တရားဝင္ေတာင္းဆိုတဲ့ဘက္က မရိွသလို ဒီဘက္ကလည္း က်ေနာ္တို႔က ownership ဆိုတဲ့ ပံုစံမ်ဳိးနဲ႔ တို႔ကေတာ့ ဘယ္ေလာက္ပဲ ေပးႏိုင္မယ္ဆိုတဲ့ ခ်ဥ္းကပ္မႈမ်ဳိးနဲ႔ ခ်ဥ္းကပ္မွာ မဟုတ္ဘူး။ အဓိကက ဘာလဲဆိုေတာ့ လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၇၀) ေလာက္မွာ ရိွေနတဲ့ သံသယေတြနဲ႔ပဲ ယံုၾကည္မႈေတြကို က်ေနာ္တို႔ ေခ်သြားၿပီးတဲ့အခါက်ေတာ့ တကယ္တမ္း ယံုၾကည္စိတ္ခ်ရတဲ့ အေနအထားမ်ဳိးကို ေရာက္ရိွႏိုင္ေရးအတြက္ သြားေနတာျဖစ္တဲ့အတြက္ ဒီအဆင့္ဟာ တကယ္တမ္း ေမွ်ာ္လင့္ေတာင့္တခဲ့တဲ့ ပင္လံု ကတိကဝတ္ေတြနဲ႔ သြားႏုိင္ဖို႔အထိကိုပဲ ၿပီးေျမာက္ေအာင္ ေဆာင္ရြက္သြားႏိုင္မယ့္ အခင္းအက်င္းတခု ျဖစ္တယ္လုိ႔ပဲ က်ေနာ္တို႔ သံုးသပ္ထားပါတယ္။

ေမး ။ ။ ေကာင္းပါတယ္။ အရင္က ရိွခဲ့တဲ့ မယံုၾကည္မႈေတြ၊ သံသယေတြ ပေပ်ာက္ဖုိ႔ဆိုတာ သိပ္အေရးႀကီးတဲ့ ကိစၥ ျဖစ္ပါတယ္။ တခ်ိန္တည္းမွာပဲ စစ္ေကာင္စီဘက္ကလည္း တိုင္းရင္းသားေတြအတြက္ ဖယ္ဒရယ္ကိစၥကို ေဆြးေႏြးမယ္။ ႀကိဳတင္စည္းကမ္းခ်က္ မထားဘဲ ေဆြးေႏြးဖို႔အတြက္ ျဖစ္ပါတယ္။ လာၾကပါဆိုၿပီးေတာ့ ဖိတ္ေခၚေနတာကို ေတြ႔ရပါတယ္။ အဲဒီေတာ့ ဒီမွာဆက္စပ္ၿပီးေတာ့ ေမးခ်င္တာက ဒီသံသယေတြ ပေပ်ာက္ေအာင္၊ မယံုၾကည္မႈေတြ ပေပ်ာက္သြားေအာင္ ဘယ္ေလာက္အထိ စြမ္းေဆာင္ႏုိင္မယ့္ အေျခအေန ရိွေနပါသလဲ။ အခုေလာေလာဆယ္မွာေတာ့ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ အင္အားစုေတြနဲ႔ေတာ့ ညီညြတ္မႈေတြေတာ့ ရထားေနပါတယ္။ ဒီညီညႊတ္မႈသည္ ဖယ္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ ရရိွတဲ့ သေဘာတူညီမႈဆီကို ဦးတည္သြားႏိုင္တယ္လို႔ ယူဆပါသလား။

ေျဖ ။ ။ က်ေနာ္ကေတာ့ အဲဒီလုိ ယံုၾကည္ထားတယ္။ ဘာျဖစ္လို႔ အဲဒီလို ယံုၾကည္ထားသလဲဆိုေတာ့ အခု လက္ရိွ အေျခအေနမ်ဳိးမွာ က႑အားျဖင့္ (၃) ခုေပါ့။ အခုကာလကေတာ့ ၾကားကာလ။ ၾကားကာလၿပီးသြား တဲ့အခါမွာ ၾကားကာလဆိုတာ က်ေနာ္တို႔က စစ္အာဏာရွင္စနစ္ကို ေတာ္လွန္ေနတဲ့ အေနအထားမ်ဳိးမွာ နည္းလမ္းတခုခုနဲ႔ ဒီကိစၥကို ေက်ာ္လႊာႏုိင္ခဲ့ၿပီဆိုရင္ ေနာက္တဆင့္ၾကားထဲမွာ အသြင္ကူးေျပာင္းေရးကာလကို သြားမယ္လို႔ road map အရ ထားပါတယ္။ ဒီအသြင္ကူးေျပာင္းေရးကာလထဲမွာဆိုရင္ ျမန္မာႏုိင္ငံတႏုိင္ငံလံုးရဲ ႔ အနာဂတ္ဖယ္ဒရယ္ - တကယ့္ဖယ္ဒရယ္ constitution တခုကို ေပၚေပါက္ဖို႔အတြက္ အဲဒီမွာ တိုင္းရင္းသား အားလံုးနဲ႔ တန္းတူညီမွ် ပံုစံမ်ဳိးနဲ႔ အားလံုးတိုင္ပင္ေဆြးေႏြးၿပီးေတာ့ ေရးဆြဲသြားၾကမယ္။ အဲဒီေရးဆြဲထားတဲ့ အေပၚ မူတည္ၿပီးေတာ့လည္းပဲ တခ်ိန္မွာ လူထုဆႏၵခံယူမႈေတြ လုပ္မယ္။ အဲဒီလို အေနအထားမ်ဳိးေတြ လုပ္တဲ့အခါမွာ ဘာနဲ႔သြားၿပီးေတာ့ တူသလဲဆိုရင္ ‘ဒို႔ကေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ ငါတို႔နဲ႔သာ သေဘာတူလို႔ရိွရင္ ဘာရမယ္ဆိုတဲ့’ ပံုစံမ်ဳိးနဲ႔ ေျပာခဲ့တဲ့၊ မတည္ႏုိင္တဲ့ ကတိေတြကို က်ေနာ္တို႔ေတြ ေပးခဲ့တာ မဟုတ္ဘဲနဲ႔ ေအာင္ျမင္ေအာင္လုပ္မယ္ဆိုတဲ့ သႏၷိဌာန္ ခ်ထားတဲ့ အေျခအေနမ်ဳိးမွာ တကယ္တမ္းသြားရမယ့္လမ္းကို အေကာင္းဆံုးနည္းလမ္းလို႔ ျမင္တယ္။ အခု စစ္ေကာင္စီကေတာ့ အခုေလာေလာဆယ္မွာ PR ကို သြားမယ္တုိ႔ ဘာတို႔ေျပာေနတယ္။ ဒါေပမယ့္ တကယ္တမ္း သမိုင္းလမ္းကို ျပန္ၾကည့္လို႔ရိွရင္ ေပးထားတဲ့ကတိ ဘယ္ႏွစ္ခါ တည္ခဲ့သလဲဆိုတာကို ျပန္ၾကည့္တဲ့အခါမွာ တုိင္းရင္းသားေတာ္လွန္ေရး အင္အားစုေတြလည္း ေကာင္းေကာင္း သေဘာေပါက္ေနတဲ့ အေနအထားရိွတယ္လို႔ က်ေနာ္ ထင္တယ္။
ေမး ။ ။ ဆိုေတာ့ ဒီေနရာမွာ က်ေနာ္ တခုေမးခ်င္တာက တခ်ဳိ ႔တိုင္းရင္းသားေတြက NUG မတိုင္ခင္ အမ်ဳိးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ ႔ ကတိကိုလည္း သူတုိ႔ သံသယ ရိွေနၾကဆဲလို႔ က်ေနာ္ ၾကားမိပါတယ္။ အဲဒီကိစၥနဲ႔ ပတ္သက္လို႔ ဦးေအာင္ၾကည္ညႊန္႔ ဘာေျပာခ်င္ပါလဲ။

ေျဖ ။ ။ အဲဒီကိစၥမွာလည္း တကယ္တမ္း ၿပီးခဲ့တဲ့သက္တမ္းတုန္းက အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဦးေဆာင္တဲ့ အစိုးရတခု ျဖစ္ခဲ့တယ္ဆိုတာ မွန္ေပမယ့္ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒအရ စစ္တပ္ရဲ ႔ ၾသဇာလႊမ္းမုိးမႈနဲ႔ သေဘာမတူရင္လုပ္လို႔မရတဲ့ အကန္႔အသတ္ေတြ အမ်ားႀကီးၾကားထဲမွာ ေဆာင္ရြက္ခဲ့ရတဲ့ အေနအထား မ်ဳိးေတြ ရိွတယ္။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ၂၀၂၀ ေရြးေကာက္ပြဲရဲ ႔ ေၾကညာ စာတမ္းမွာ ဘာပါသလဲဆိုရင္ ဒီမိုကေရစီဖယ္ဒရယ္ ႏုိင္ငံေတာ္နဲ႔ လိုက္ေလ်ာညီေထြ ျဖစ္ေစမယ့္ ဖြဲ႔စည္းပံု အေျခခံဥပေဒ ေပၚေပါက္ေရးဆိုတာကို ဦးတည္ၿပီးေတာ့ ေၾကညာၿပီးေတာ့ က်ေနာ္တို႔ ေရြးေကာက္ပြဲဝင္ခဲ့တာ ျဖစ္ပါတယ္။ အဓိက အေရးႀကီးတာက အနာဂတ္ကို တကယ္ေဆာင္ရြက္တဲ့အခါမွာ အခုလို ကတိပ်က္ကြက္မႈ မ်ဳိးကို မျဖစ္ႏုိင္ေစမယ့္ coming together ဆိုတဲ့ ပံုစံမ်ဳိးနဲ႔ ညိွႏိႈင္းေဆာင္ရြက္ႏုိင္တဲ့ အခင္းအက်င္းတခုကို ေက်ာ္လႊားသြားႏုိင္မယ္လို႔ ယံုၾကည္ထားတယ္။

ေမး ။ ။ ေနာက္တခုက NUCC ဆိုၿပီးေတာ့ မၾကာေသးမီက ၂၀၂၂ မွာ လုပ္သြားခဲ့တဲ့ အစည္းအေဝးမွာ အစုအဖြဲ႔ ေတာ္ေတာ္မ်ားမ်ားကို ညႊန္ထားပါတယ္။ ပါဝင္ၾကတယ္။ အဲဒီအထဲမွာ အဓိက အေရးႀကီးတာက ေလာေလာ ဆယ္မွာ တုိင္းရင္းသားလက္နက္ကိုင္ ေတာ္လွန္ေရးအင္အားစုေတြရဲ ႔ အခန္းက႑ ျဖစ္လိမ့္မယ္လို႔ က်ေနာ္ ထင္ပါတယ္။ ဆုိေတာ့ အဲဒီအဖြဲ႔ေတြရဲ ႔ ပါဝင္တက္ႂကြမႈနဲ႔ စိတ္အားထက္သန္မႈကို ဘယ္ေလာက္အထိ ေတြ႔ခဲ့ရပါသလဲ။

ေျဖ ။ ။ ဒီေတာ္လွန္ေရးႀကီးက ျပည္သူတရပ္လံုးက ေတာင္တန္းေျမျပန္႔ ေက်းလက္ၿမိဳ ႔ျပအားလံုး ပါဝင္လာတာ ျဖစ္တဲ့အတြက္ေၾကာင့္ တကယ့္ညီညႊတ္တဲ့ အစိုးရတရပ္ကို ေဖာ္ေဆာင္ဖို႔ရန္အတြက္ဆိုၿပီးေတာ့ က်ေနာ္တို႔ NUCC ဆိုတဲ့ Platform ကို စၿပီး၊ စီစဥ္ေဆာင္ရြက္ၿပီးေတာ့ Charter ကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္ခဲ့ တာပါ။ အဲဒီအေပၚမွာ မူတည္ၿပီးေတာ့ အခု သိတဲ့အတုိင္းပဲ က်ေနာ္တို႔ အမ်ဳိးသားညီညႊတ္ေရး အစိုးရအဖြဲ႔ အေနနဲ႔ ေဆာင္ရြက္ေနတဲ့ အေနအထားမ်ဳိးမွာ ရိွပါတယ္။ အဲဒီေတာ့ ေဆြးေႏြးရတာ၊ ေျပာဆိုရတာေတြ၊ ညိွႏိႈင္း ရတာေတြ ရိွမယ္။ ဒါေပမဲ့ အဲဒါသည္ပင္လွ်င္ က်ေနာ္တို႔ အေကာင္းဆံုးလမ္းေၾကာင္းေပၚကို ေရြးခ်ယ္ႏုိင္ တယ္လို႔ က်ေနာ္တို႔ သံုးသပ္လို႔ရပါတယ္။

ေမး ။ ။ အဲဒီလို ညိွႏိႈင္းေဆြးေႏြးတာဟာ တုိင္းရင္းသား ဘယ္ႏွစ္ဖြဲ႔ေလာက္ကိုမ်ား ညိွႏိႈင္းေဆာင္ရြက္ႏုိင္ပါ သလဲ။ အားလံုးနဲ႔ လက္လွမ္းမီပါသလား။

ေျဖ ။ ။ အေတာ္မ်ားမ်ားကေတာ့ က်ေနာ္တို႔ လက္လွမ္းမီတယ္။ ဒါေပမဲ့ အေျခအေန၊ အေၾကာင္း အမ်ဳိးမ်ဳိး ေၾကာင့္ တခ်ဳိ ႔ရဲ ႔ condition ေတြကို နားလည္ေပးရတာေတြလည္း ရိွပါတယ္။ တခ်ဳိ ႔ကိစၥရပ္ေတြက ပူးေပါင္းမႈေတြ ဘယ္အတိုင္းအတာအထိ၊ ဘယ္အဆင့္အထိ ဘယ္လိုပါေနတယ္ဆိုတဲ့ အေနအထားေတြက အခုေလာေလာဆယ္ ရိွေနတဲ့ အေျခအေနမ်ဳိးမွာ က်ေနာ္တို႔ အျပန္အလွန္ နားလည္မႈေတြထားထားတဲ့ အေျခအေနမ်ဳိးေတြလည္း ရိွပါတယ္။

ေမး ။ ။ တခ်ဳိ ႔တုိင္းရင္းသားေတြက Federation Unit ဘယ္ႏွစ္ခု ပါမလဲဆိုတဲ့ ဖယ္ဒရယ္ ဖြဲ႔စည္းေရး ကိစၥကိုလည္း ေစာဒက တက္ခ်င္ၾကပါတယ္။ အခုလက္ရိွ တုိင္းနဲ႔ျပည္နယ္ (၁၄) ခု ျဖစ္ေနတယ္။ အဲဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ အဲဒီလိုမခြဲခ်င္ဘူး။ ျပည္နယ္တခုသာ ျဖစ္ေစခ်င္တယ္ဆိုၿပီးေတာ့ အသံထြက္ေနတဲ့ အဖြဲ႔ အစည္းတခ်ဳိ ႔ ရိွေနပါတယ္။ အဲဒီကိစၥကိုေကာ ေျပာစရာ တစံုတရာ ရိွပါသလား။

ေျဖ ။ ။ အခုလက္တေလာေတာ့ မရိွေသးပါဘူး။ အဲဒါလဲပဲ အခုန က်ေနာ္ေျပာသလိုပါပဲ။ အသြင္ကူးေျပာင္း ေရးကာလ ေရာက္သြားၿပီးတဲ့အခါ တကယ့္ ဖယ္ဒရယ္စနစ္ကို ဘယ္လိုတည္ေဆာက္ၾကမလဲဆိုတာ ျပည္သူ ေတြက ဘယ္လိုရိွၾကသလဲ။ က်ေနာ္တို႔ ျမန္မာအပါအဝင္ တုိင္းရင္းသားအားလံုးရဲ ႔ အေျခအေနဆႏၵက ဘယ္လို ရိွသလဲ။ တကယ္တမ္း ႏုိင္ငံရဲ ႔ အနာဂတ္အတြက္ ဘယ္ဟာအေကာင္းဆံုး ျဖစ္မလဲဆိုတဲ့အေပၚ မူတည္ၿပီးေတာ့ အဲဒီအေျခအေနမွာ အေၾကအလည္ ညိွႏိႈင္းရမွာ ျဖစ္တဲ့အတြက္ ဒီလိုအေျခအေနမ်ဳိးမွာ ေျပာဆိုခ်က္ေတြဟာ က်ေနာ္ ထည့္သြင္းစဥ္းစားထားရမယ့္ အခ်က္အလက္ေတြအေနနဲ႔ပဲ ရိွၿပီးေတာ့ ညိွႏိႈင္းရန္ ကိစၥရပ္မ်ားအျဖစ္ပဲ ထားထားရအံုးမယ္လို႔ ျမင္ပါတယ္။

ေမး ။ ။ ဒီကိစၥအတြက္ timeframe အခ်ိန္ကန္႔သတ္ခ်က္ေတာ့ ထားလို႔မရေသးဘူးလို႔ ထင္ပါတယ္။

ေျဖ ။ ။ ဟုတ္တယ္။ က်ေနာ္တို႔ကေတာ့ အခ်ိန္ကန္႔သတ္ခ်က္ ထားလို႔မရေသးဘူး။ အျမန္ဆံုး ျဖစ္ႏုို္င္ဖို႔ရာ အတြက္ကိုေတာ့ နည္းလမ္းေပါင္းစံုနဲ႔ ေဆာင္ရြက္ေနတဲ့ အေနအထားမ်ဳိးမွာ ရိွပါတယ္။

ေမး ။ ။ တကယ္ေတာ့ ဒီကိစၥဟာ အေျပာလြယ္သေလာက္ အလုပ္ခက္တဲ့ကိစၥ ျဖစ္တယ္ဆိုတာကို သမိုင္းက သက္ေသျပခဲ့ၿပီ ျဖစ္ပါတယ္။ ဆိုေတာ့ ဦးေအာင္ၾကည္ညႊန္႔အေနနဲ႔ ဒီကိစၥက တကယ္ျဖစ္လာရမယ္လို႔ ဘာေၾကာင့္ အခိုင္အမာ ယံုၾကည္ေနရသလဲလို႔ေမးရင္ ဘယ္လိုေျဖမလဲ။ ေနာက္ဆံုးအေနနဲ႔ ေျဖေပးပါ။

ေျဖ ။ ။ တကယ္တမ္းဆိုရင္ က်ေနာ္တို႔ရဲ ႔ ဒီသက္တမ္းတေလွ်ာက္လံုးမွာ အခုဆိုရင္ အသက္ (၇၀) ဝန္း က်င္ေလာက္မွာရိွတဲ့ သက္တမ္းတေလွ်ာက္လံုးမွာ ဘယ္လိုအာဏာရွင္စနစ္မ်ဳိးေတြရဲ ႔ အုပ္ခ်ဳပ္မႈေအာက္မွာ ေနထိုင္လာခဲ့ၿပီးေတာ့ က်ေနာ္တို႔ရဲ ႔ သားသမီးေတြရဲ ႔ အနာဂတ္ကို ဘယ္ေလာက္အထိ က်ေနာ္တုိ႔ စေတးခဲ့ ရသလဲဆိုတာကို အားလံုးသိၿပီးသား အေနအထားမ်ဳိးမွာ ရိွတယ္။ အဲဒီလို ႏုိင္ငံမ်ဳိးမွာ က်ေနာ္တို႔ ေနာက္ တက္လာမယ့္ မ်ဳိးဆက္သစ္လူငယ္ေတြနဲ႔ က်ေနာ္တို႔ မ်ဳိးဆက္သစ္ သားသမီးေတြကို ဘယ္လိုနည္းနဲ႔မွ မထားခဲ့ ႏုိင္ေတာ့ဘူးဆိုရင္ အဲဒီတာဝန္က က်ေနာ္တို႔ ဒီေန႔ရိွေနတဲ့ ျပည္သူတရပ္လံုးနဲ႔ ဒီကေန႔ တာဝန္ရိွေနတဲ့ ပုဂၢိဳလ္ေတြရဲ ႔ ပခံုးေပၚမွာ ေရာက္ရိွေနၾကတယ္ဆိုတာ အထင္အရွား ျဖစ္တယ္။ ဒါေၾကာင့္မို႔ ဒီလိုအေျခအေန မ်ဳိးမွာ ဒီေလာက္ရက္စက္တဲ့၊ ၾကမ္းၾကဳတ္တဲ့ တနည္းအားျဖင့္ ဖ်က္ဆီးျခင္းနဲ႔ ၿခိမ္းေျခာက္ျခင္း၊ ဖိႏိွပ္ျခင္းဆိုတဲ့ လမ္းေၾကာင္းမ်ဳိးအတိုင္း အခုလို သြားေနတဲ့ အေနအထားမ်ဳိးေအာက္ကို ျပန္ေရာက္ရိွသြားမယ္ဆိုရင္ အနာဂတ္ က်ေနာ္တို႔ရဲ ႔ ဘဝရဲ ႔လြတ္ေျမာက္မႈက ဘယ္လိုမွ လမ္းမျမင္ ကမ္းမျမင္ ျဖစ္ေတာ့မယ့္ အေနအထားမ်ဳိး ရိွတဲ့အတြက္ ဒီအေျခအေနမ်ဳိးမွာ ပိုၿပီးေတာ့ ႀကံ့ႀကံ့ခိုင္ခိုင္နဲ႔ ရိွသေလာက္ အင္အားနဲ႔ ဝိုင္းဝန္းၿပီးေတာ့ တညီတညြႊတ္တည္း တြန္းလွန္သြားၾကရမယ့္ နည္းလမ္းကလြဲၿပီး အျခားနည္းလမ္း မရိွဘူးဆိုတဲ့ အေနအထားမ်ဳိးကိုပဲ က်ေနာ္ ေျပာခ်င္တယ္။ အဲဒီေတာ့ လက္ရိွအေျခအေနမ်ဳိးက ဘာေခၚမလဲ ဆိုရင္ က်ေနာ္တို႔က ဖိႏိွပ္ျခင္း၊ ေၾကာက္ရြံျခင္းကို လုပ္တဲ့အတြက္ေၾကာင့္မို႔ ေၾကာက္ျခင္းတရားေၾကာင့္ က်ေနာ္တို႔ အေလွ်ာ့ေပးလိုက္ရမယ့္ အေနအထားမ်ဳိး မျဖစ္ေအာင္၊ အင္မတန္ ႀကံ့ခိုင္တဲ့အဆင့္နဲ႔ ေအာင္စိတ္ကို ေမြးၿပီး ေအာင္ႏိုင္ေျခကို ဆက္ၿပီးေတာ့ ႀကိဳးစားအားထုတ္သြားၾကရမယ္။ ဒီအခ်ိန္မွာ က်ေနာ္တို႔အားလံုး ညီညီညႊတ္ညႊတ္နဲ႔ အျပန္အလွန္ နားလည္မႈအျပည့္ တည္ေဆာက္ထားႏိုင္မယ္ဆိုရင္ ဒီပြဲက မုခ်ေအာင္ျမင္မယ္လို႔ပဲ က်ေနာ္ ေျပာခ်င္ပါတယ္။

NUG ရဲ႕ ဖယ္ဒရယ္ အလားအလာ ဘယ္လိုလဲ
please wait

No media source currently available

0:00 0:11:00 0:00
တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]


English Name URL - NUG Federal Plan (KZT)
NUG ရဲ့ ဖယ်ဒရယ် အလားအလာ ဘယ်လိုလဲ
မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စုအဖြစ် ဖွဲစည်းနိုင်ရေးအတွက် မဖြစ်မနေ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ အခွင့်အရေးတွေ လုပ်ပိုင်ခွင့်တွေကို ဗဟိုကခွဲဝေပေးပြီး တိုင်းရင်းသားဒေသတွေက လက်ခံရရှိနိုင်တဲ့ ပုံစံမျိုးမဟုတ်ဘဲ နှစ်ဘက် အတူ ညှိနှိုင်းခွဲဝေမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီအတွက် ဘယ်လို လုပ်ဆောင်နေသလဲ။ ဖြစ်လာနိုင်တဲ့ အလားအလာကော ဘယ်လောက် ရှိသလဲဆိုတာကို ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီ ( CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ဒီကနေ့ ကျနော် ဦးအောင်ကြည်ညွန့်ကို ဆက်သွယ်ရတဲ့အကြောင်းကတော့ အမျိုးသားညီညွှတ်ရေး အစိုးရဘက်က တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးအတွက် စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေး လှုပ်ရှားမှု အခြေအနေဟာ အလားအလာ ဘယ်လောက်အထိ ရှိနေသလဲဆိုတာကို ဆွေးနွေးမေးမြန်းချင်တာ ဖြစ်ပါတယ်။ ပထမဦးဆုံး ကျနော်တို့ ကြားလိုက်ရတာကတော့ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ဇန်နဝါရီမှာ ဖယ်ဒရယ် ပဋိဉာဉ်နဲ့ ပတ်သက်ပြီးတော့ ကြေညာချက် ထုတ်ပြန်ခဲ့တာ ရှိပါတယ်။ အဲဒီအခြေခံမူကို နည်းနည်း အကျဉ်းရုံးလေး ပြန်ပြီးတော့ ပြောပြပါလား။

ဖြေ ။ ။ ဒီ Charter ရဲ့ အဓိကအခြေခံမူရဲ့အချက်ကတော့ မြန်မာနိုင်ငံအတွက်ဆိုရင် ဦးကျော်ဇံသာ ပြော သလိုပဲ အနာဂတ်မှာ တကယ်တမ်း တန်းတူညီမျှရှိပြီးတော့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ တကယ်စစ်မှန်တဲ့ ဖယ်ဒရယ်စနစ်ကို သွားကြဖို့ဆိုတဲ့ဟာကို အာမခံချက်ပေးကြတဲ့ သဘောတူညီချက်ကြီးပါ။ အဲဒီ သဘောတူညီချက်ကို ကျနော် ရေးဆွဲတဲ့အခါမှာ သက်ဆိုင်ရာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ အပါအဝင် ဒါတွေနဲ့ ညှိနှိုင်းပြီးတော့ ရေးထားခဲ့တယ်။ အဲဒီအပေါ်မှာ အားလုံးက သဘောကျပြီးသား ဖြစ်တယ်။ တကယ်တမ်းဆိုရင် အနာဂတ်နိုင်ငံတော်အတွက်ဆိုရင် တကယ့်ကို ပြည်နယ်တွေမှာ ပြဌာန်းခွင့် အခြေခံ အားဖြင့် ရှိနေပြီးတော့ ပြည်နယ်တွေရဲ့ အဓိကအခန်းကဏ္ဍကို သွားမယ်ဆိုတဲ့သဘောတူညီချက်က ရထားပြီး သား။ ဥပမာအနေနဲ့ ဥပဒေတည်ရေးကိစ္စရပ်လိုဟာမျိုးမှာဆိုရင် သက်ဆိုင်ရာ ဖယ်ဒရယ်ယူနစ်တွေက ဥပဒေပြု ရေးကိုရော နောက်ပြီးတော့ ကြွင်းကျန်အာဏာတွေကို ဥပေဒပြုဖို့ကော၊ နောက်ပြီးတော့ ပူးတွဲအာဏာပြုရေး ကိစ္စရပ်တွေကော၊ ဖယ်ဒရယ်ယူနစ်တွေကိုပဲ ပေးထားတယ်။ ဗဟိုဥပဒေပြုရေးကတော့ ဖယ်ဒရယ်အားလုံးနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေပေါ်မှာပဲ ပြဌာန်းကြမယ်ဆိုတဲ့ တိုးချဲ့ထားတဲ့ အနေအထားတွေ ရှိပါတယ်။
နောက်တခုကတော့ fiscal ဖယ်ဒရယ်ဘဏ္ဍာရေးကိစ္စနဲ့ သယံဇာတကိစ္စတွေအထိလည်း အခြေခံအားဖြင့် မြန်မာနိုင်ငံရဲ့ အဓိက အချုပ်အခြာအာဏာမှာ ပြည်နယ်တွေမှာရှိတဲ့ ပြည်နယ်သားတွေကလာတယ်ဆိုတဲ့ အနေအထားမျိုးအထိ ပေးထားတဲ့ အနေအထားရှိပါတယ်။
မေး ။ ။ ဆိုတော့ အဓိကအားဖြင့်တော့ အခြေခံမူပဲ ဖြစ်တယ်။ သိပ်ယေဘုယျဆန်တယ်။ သို့သော်လည်းပဲ ပြည်နယ်သားတွေအတွက် ဘဏ္ဍာရေးစီမံခန့်ခွဲခွင့်တို့ တခါ reserve of power ပိုလျှံစီရင်ပိုင်ခွင့်တို့ကိုလည်းပဲ သူတို့နဲ့ ညှိပြီးတော့ လုပ်မယ်ဆိုတော့ အလားအလာ ကောင်းပါတယ်။ ဘယ်လောက်အထိများ ပေးနိုင်မယ်လို့ များ တွက်ထားတာ ရှိပါသလား။ သူတို့တောင်းဆိုထားတဲ့အပေါ်။

ဖြေ ။ ။ ကျနော်တို့ ဒီလိုအနေအထားမျိုးတော့ တကယ်တမ်းတော့ coming together ပုံစံမျိုးနဲ့ သွားကြမှာ ဖြစ်တဲ့အတွက် တို့ကတော့ ဘယ်လောက်ပဲ ပေးနိုင်မယ်ဆိုတဲ့ မူလပိုင်ရှင်အနေနဲ့ ရပ်တည်ထားတဲ့ ပုံစံမျိုးလည်း ကျနော်တို့မှာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပေးသလောက်ပဲ သူတို့ရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့ ချဉ်းကပ်တဲ့ ပုံစံမျိုး မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ တကယ့်အနေအထားမျိုး ဖယ်ဒရယ်နိုင်ငံတော် ဖြစ်ဖို့ရာအတွက် ဘာတွေလိုအပ်မလဲ။ ဘယ်လိုတွေ ပေါင်းစည်းကြမလဲဆိုတဲ့ ရှုမြင်ချက်ပေါ်မှာပဲ သွားမယ့်အနေအထား ရှိပါတယ်။ ကျုပ်တို့ကတော့ ဘာတွေကို ဘယ်လောက်အထိတော့ လိုချင်တယ်ဆိုတာကတော့ အခုအချိန်အထိ တရားဝင်တောင်းဆိုတဲ့ဘက်က မရှိသလို ဒီဘက်ကလည်း ကျနော်တို့က ownership ဆိုတဲ့ ပုံစံမျိုးနဲ့ တို့ကတော့ ဘယ်လောက်ပဲ ပေးနိုင်မယ်ဆိုတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ချဉ်းကပ်မှာ မဟုတ်ဘူး။ အဓိကက ဘာလဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၀) လောက်မှာ ရှိနေတဲ့ သံသယတွေနဲ့ပဲ ယုံကြည်မှုတွေကို ကျနော်တို့ ချေသွားပြီးတဲ့အခါကျတော့ တကယ်တမ်း ယုံကြည်စိတ်ချရတဲ့ အနေအထားမျိုးကို ရောက်ရှိနိုင်ရေးအတွက် သွားနေတာဖြစ်တဲ့အတွက် ဒီအဆင့်ဟာ တကယ်တမ်း မျှော်လင့်တောင့်တခဲ့တဲ့ ပင်လုံ ကတိကဝတ်တွေနဲ့ သွားနိုင်ဖို့အထိကိုပဲ ပြီးမြောက်အောင် ဆောင်ရွက်သွားနိုင်မယ့် အခင်းအကျင်းတခု ဖြစ်တယ်လို့ပဲ ကျနော်တို့ သုံးသပ်ထားပါတယ်။

မေး ။ ။ ကောင်းပါတယ်။ အရင်က ရှိခဲ့တဲ့ မယုံကြည်မှုတွေ၊ သံသယတွေ ပပျောက်ဖို့ဆိုတာ သိပ်အရေးကြီးတဲ့ ကိစ္စ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ စစ်ကောင်စီဘက်ကလည်း တိုင်းရင်းသားတွေအတွက် ဖယ်ဒရယ်ကိစ္စကို ဆွေးနွေးမယ်။ ကြိုတင်စည်းကမ်းချက် မထားဘဲ ဆွေးနွေးဖို့အတွက် ဖြစ်ပါတယ်။ လာကြပါဆိုပြီးတော့ ဖိတ်ခေါ်နေတာကို တွေ့ရပါတယ်။ အဲဒီတော့ ဒီမှာဆက်စပ်ပြီးတော့ မေးချင်တာက ဒီသံသယတွေ ပပျောက်အောင်၊ မယုံကြည်မှုတွေ ပပျောက်သွားအောင် ဘယ်လောက်အထိ စွမ်းဆောင်နိုင်မယ့် အခြေအနေ ရှိနေပါသလဲ။ အခုလောလောဆယ်မှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အင်အားစုတွေနဲ့တော့ ညီညွတ်မှုတွေတော့ ရထားနေပါတယ်။ ဒီညီညွှတ်မှုသည် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ ရရှိတဲ့ သဘောတူညီမှုဆီကို ဦးတည်သွားနိုင်တယ်လို့ ယူဆပါသလား။

ဖြေ ။ ။ ကျနော်ကတော့ အဲဒီလို ယုံကြည်ထားတယ်။ ဘာဖြစ်လို့ အဲဒီလို ယုံကြည်ထားသလဲဆိုတော့ အခု လက်ရှိ အခြေအနေမျိုးမှာ ကဏ္ဍအားဖြင့် (၃) ခုပေါ့။ အခုကာလကတော့ ကြားကာလ။ ကြားကာလပြီးသွား တဲ့အခါမှာ ကြားကာလဆိုတာ ကျနော်တို့က စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ အနေအထားမျိုးမှာ နည်းလမ်းတခုခုနဲ့ ဒီကိစ္စကို ကျော်လွှာနိုင်ခဲ့ပြီဆိုရင် နောက်တဆင့်ကြားထဲမှာ အသွင်ကူးပြောင်းရေးကာလကို သွားမယ်လို့ road map အရ ထားပါတယ်။ ဒီအသွင်ကူးပြောင်းရေးကာလထဲမှာဆိုရင် မြန်မာနိုင်ငံတနိုင်ငံလုံးရဲ့ အနာဂတ်ဖယ်ဒရယ် - တကယ့်ဖယ်ဒရယ် constitution တခုကို ပေါ်ပေါက်ဖို့အတွက် အဲဒီမှာ တိုင်းရင်းသား အားလုံးနဲ့ တန်းတူညီမျှ ပုံစံမျိုးနဲ့ အားလုံးတိုင်ပင်ဆွေးနွေးပြီးတော့ ရေးဆွဲသွားကြမယ်။ အဲဒီရေးဆွဲထားတဲ့ အပေါ် မူတည်ပြီးတော့လည်းပဲ တချိန်မှာ လူထုဆန္ဒခံယူမှုတွေ လုပ်မယ်။ အဲဒီလို အနေအထားမျိုးတွေ လုပ်တဲ့အခါမှာ ဘာနဲ့သွားပြီးတော့ တူသလဲဆိုရင် ‘ဒို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့နဲ့သာ သဘောတူလို့ရှိရင် ဘာရမယ်ဆိုတဲ့’ ပုံစံမျိုးနဲ့ ပြောခဲ့တဲ့၊ မတည်နိုင်တဲ့ ကတိတွေကို ကျနော်တို့တွေ ပေးခဲ့တာ မဟုတ်ဘဲနဲ့ အောင်မြင်အောင်လုပ်မယ်ဆိုတဲ့ သန္နိဌာန် ချထားတဲ့ အခြေအနေမျိုးမှာ တကယ်တမ်းသွားရမယ့်လမ်းကို အကောင်းဆုံးနည်းလမ်းလို့ မြင်တယ်။ အခု စစ်ကောင်စီကတော့ အခုလောလောဆယ်မှာ PR ကို သွားမယ်တို့ ဘာတို့ပြောနေတယ်။ ဒါပေမယ့် တကယ်တမ်း သမိုင်းလမ်းကို ပြန်ကြည့်လို့ရှိရင် ပေးထားတဲ့ကတိ ဘယ်နှစ်ခါ တည်ခဲ့သလဲဆိုတာကို ပြန်ကြည့်တဲ့အခါမှာ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေလည်း ကောင်းကောင်း သဘောပေါက်နေတဲ့ အနေအထားရှိတယ်လို့ ကျနော် ထင်တယ်။
မေး ။ ။ ဆိုတော့ ဒီနေရာမှာ ကျနော် တခုမေးချင်တာက တချို့တိုင်းရင်းသားတွေက NUG မတိုင်ခင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကတိကိုလည်း သူတို့ သံသယ ရှိနေကြဆဲလို့ ကျနော် ကြားမိပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဦးအောင်ကြည်ညွှန့် ဘာပြောချင်ပါလဲ။
ဖြေ ။ ။ အဲဒီကိစ္စမှာလည်း တကယ်တမ်း ပြီးခဲ့တဲ့သက်တမ်းတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရတခု ဖြစ်ခဲ့တယ်ဆိုတာ မှန်ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှုနဲ့ သဘောမတူရင်လုပ်လို့မရတဲ့ အကန့်အသတ်တွေ အများကြီးကြားထဲမှာ ဆောင်ရွက်ခဲ့ရတဲ့ အနေအထား မျိုးတွေ ရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၂၀ ရွေးကောက်ပွဲရဲ့ ကြေညာ စာတမ်းမှာ ဘာပါသလဲဆိုရင် ဒီမိုကရေစီဖယ်ဒရယ် နိုင်ငံတော်နဲ့ လိုက်လျောညီထွေ ဖြစ်စေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးဆိုတာကို ဦးတည်ပြီးတော့ ကြေညာပြီးတော့ ကျနော်တို့ ရွေးကောက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။ အဓိက အရေးကြီးတာက အနာဂတ်ကို တကယ်ဆောင်ရွက်တဲ့အခါမှာ အခုလို ကတိပျက်ကွက်မှု မျိုးကို မဖြစ်နိုင်စေမယ့် coming together ဆိုတဲ့ ပုံစံမျိုးနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်တဲ့ အခင်းအကျင်းတခုကို ကျော်လွှားသွားနိုင်မယ်လို့ ယုံကြည်ထားတယ်။
မေး ။ ။ နောက်တခုက NUCC ဆိုပြီးတော့ မကြာသေးမီက ၂၀၂၂ မှာ လုပ်သွားခဲ့တဲ့ အစည်းအဝေးမှာ အစုအဖွဲ့ တော်တော်များများကို ညွှန်ထားပါတယ်။ ပါဝင်ကြတယ်။ အဲဒီအထဲမှာ အဓိက အရေးကြီးတာက လောလော ဆယ်မှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေရဲ့ အခန်းကဏ္ဍ ဖြစ်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ဆိုတော့ အဲဒီအဖွဲ့တွေရဲ့ ပါဝင်တက်ကြွမှုနဲ့ စိတ်အားထက်သန်မှုကို ဘယ်လောက်အထိ တွေ့ခဲ့ရပါသလဲ။
ဖြေ ။ ။ ဒီတော်လှန်ရေးကြီးက ပြည်သူတရပ်လုံးက တောင်တန်းမြေပြန့် ကျေးလက်မြို့ပြအားလုံး ပါဝင်လာတာ ဖြစ်တဲ့အတွက်ကြောင့် တကယ့်ညီညွှတ်တဲ့ အစိုးရတရပ်ကို ဖော်ဆောင်ဖို့ရန်အတွက်ဆိုပြီးတော့ ကျနော်တို့ NUCC ဆိုတဲ့ Platform ကို စပြီး၊ စီစဉ်ဆောင်ရွက်ပြီးတော့ Charter ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ တာပါ။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ အခု သိတဲ့အတိုင်းပဲ ကျနော်တို့ အမျိုးသားညီညွှတ်ရေး အစိုးရအဖွဲ့ အနေနဲ့ ဆောင်ရွက်နေတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ အဲဒီတော့ ဆွေးနွေးရတာ၊ ပြောဆိုရတာတွေ၊ ညှိနှိုင်း ရတာတွေ ရှိမယ်။ ဒါပေမဲ့ အဲဒါသည်ပင်လျှင် ကျနော်တို့ အကောင်းဆုံးလမ်းကြောင်းပေါ်ကို ရွေးချယ်နိုင် တယ်လို့ ကျနော်တို့ သုံးသပ်လို့ရပါတယ်။

မေး ။ ။ အဲဒီလို ညှိနှိုင်းဆွေးနွေးတာဟာ တိုင်းရင်းသား ဘယ်နှစ်ဖွဲ့လောက်ကိုများ ညှိနှိုင်းဆောင်ရွက်နိုင်ပါ သလဲ။ အားလုံးနဲ့ လက်လှမ်းမီပါသလား။

ဖြေ ။ ။ အတော်များများကတော့ ကျနော်တို့ လက်လှမ်းမီတယ်။ ဒါပေမဲ့ အခြေအနေ၊ အကြောင်း အမျိုးမျိုး ကြောင့် တချို့ရဲ့ condition တွေကို နားလည်ပေးရတာတွေလည်း ရှိပါတယ်။ တချို့ကိစ္စရပ်တွေက ပူးပေါင်းမှုတွေ ဘယ်အတိုင်းအတာအထိ၊ ဘယ်အဆင့်အထိ ဘယ်လိုပါနေတယ်ဆိုတဲ့ အနေအထားတွေက အခုလောလောဆယ် ရှိနေတဲ့ အခြေအနေမျိုးမှာ ကျနော်တို့ အပြန်အလှန် နားလည်မှုတွေထားထားတဲ့ အခြေအနေမျိုးတွေလည်း ရှိပါတယ်။
မေး ။ ။ တချို့တိုင်းရင်းသားတွေက Federation Unit ဘယ်နှစ်ခု ပါမလဲဆိုတဲ့ ဖယ်ဒရယ် ဖွဲ့စည်းရေး ကိစ္စကိုလည်း စောဒက တက်ချင်ကြပါတယ်။ အခုလက်ရှိ တိုင်းနဲ့ပြည်နယ် (၁၄) ခု ဖြစ်နေတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အဲဒီလိုမခွဲချင်ဘူး။ ပြည်နယ်တခုသာ ဖြစ်စေချင်တယ်ဆိုပြီးတော့ အသံထွက်နေတဲ့ အဖွဲ့ အစည်းတချို့ ရှိနေပါတယ်။ အဲဒီကိစ္စကိုကော ပြောစရာ တစုံတရာ ရှိပါသလား။
ဖြေ ။ ။ အခုလက်တလောတော့ မရှိသေးပါဘူး။ အဲဒါလဲပဲ အခုန ကျနော်ပြောသလိုပါပဲ။ အသွင်ကူးပြောင်း ရေးကာလ ရောက်သွားပြီးတဲ့အခါ တကယ့် ဖယ်ဒရယ်စနစ်ကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတာ ပြည်သူ တွေက ဘယ်လိုရှိကြသလဲ။ ကျနော်တို့ မြန်မာအပါအဝင် တိုင်းရင်းသားအားလုံးရဲ့ အခြေအနေဆန္ဒက ဘယ်လို ရှိသလဲ။ တကယ်တမ်း နိုင်ငံရဲ့ အနာဂတ်အတွက် ဘယ်ဟာအကောင်းဆုံး ဖြစ်မလဲဆိုတဲ့အပေါ် မူတည်ပြီးတော့ အဲဒီအခြေအနေမှာ အကြေအလည် ညှိနှိုင်းရမှာ ဖြစ်တဲ့အတွက် ဒီလိုအခြေအနေမျိုးမှာ ပြောဆိုချက်တွေဟာ ကျနော် ထည့်သွင်းစဉ်းစားထားရမယ့် အချက်အလက်တွေအနေနဲ့ပဲ ရှိပြီးတော့ ညှိနှိုင်းရန် ကိစ္စရပ်များအဖြစ်ပဲ ထားထားရအုံးမယ်လို့ မြင်ပါတယ်။
မေး ။ ။ ဒီကိစ္စအတွက် timeframe အချိန်ကန့်သတ်ချက်တော့ ထားလို့မရသေးဘူးလို့ ထင်ပါတယ်။
ဖြေ ။ ။ ဟုတ်တယ်။ ကျနော်တို့ကတော့ အချိန်ကန့်သတ်ချက် ထားလို့မရသေးဘူး။ အမြန်ဆုံး ဖြစ်နိုင်ဖို့ရာ အတွက်ကိုတော့ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။
မေး ။ ။ တကယ်တော့ ဒီကိစ္စဟာ အပြောလွယ်သလောက် အလုပ်ခက်တဲ့ကိစ္စ ဖြစ်တယ်ဆိုတာကို သမိုင်းက သက်သေပြခဲ့ပြီ ဖြစ်ပါတယ်။ ဆိုတော့ ဦးအောင်ကြည်ညွှန့်အနေနဲ့ ဒီကိစ္စက တကယ်ဖြစ်လာရမယ်လို့ ဘာကြောင့် အခိုင်အမာ ယုံကြည်နေရသလဲလို့မေးရင် ဘယ်လိုဖြေမလဲ။ နောက်ဆုံးအနေနဲ့ ဖြေပေးပါ။
ဖြေ ။ ။ တကယ်တမ်းဆိုရင် ကျနော်တို့ရဲ့ ဒီသက်တမ်းတလျှောက်လုံးမှာ အခုဆိုရင် အသက် (၇၀) ဝန်း ကျင်လောက်မှာရှိတဲ့ သက်တမ်းတလျှောက်လုံးမှာ ဘယ်လိုအာဏာရှင်စနစ်မျိုးတွေရဲ့ အုပ်ချုပ်မှုအောက်မှာ နေထိုင်လာခဲ့ပြီးတော့ ကျနော်တို့ရဲ့ သားသမီးတွေရဲ့ အနာဂတ်ကို ဘယ်လောက်အထိ ကျနော်တို့ စတေးခဲ့ ရသလဲဆိုတာကို အားလုံးသိပြီးသား အနေအထားမျိုးမှာ ရှိတယ်။ အဲဒီလို နိုင်ငံမျိုးမှာ ကျနော်တို့ နောက် တက်လာမယ့် မျိုးဆက်သစ်လူငယ်တွေနဲ့ ကျနော်တို့ မျိုးဆက်သစ် သားသမီးတွေကို ဘယ်လိုနည်းနဲ့မှ မထားခဲ့ နိုင်တော့ဘူးဆိုရင် အဲဒီတာဝန်က ကျနော်တို့ ဒီနေ့ရှိနေတဲ့ ပြည်သူတရပ်လုံးနဲ့ ဒီကနေ့ တာဝန်ရှိနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပခုံးပေါ်မှာ ရောက်ရှိနေကြတယ်ဆိုတာ အထင်အရှား ဖြစ်တယ်။ ဒါကြောင့်မို့ ဒီလိုအခြေအနေ မျိုးမှာ ဒီလောက်ရက်စက်တဲ့၊ ကြမ်းကြုတ်တဲ့ တနည်းအားဖြင့် ဖျက်ဆီးခြင်းနဲ့ ခြိမ်းခြောက်ခြင်း၊ ဖိနှိပ်ခြင်းဆိုတဲ့ လမ်းကြောင်းမျိုးအတိုင်း အခုလို သွားနေတဲ့ အနေအထားမျိုးအောက်ကို ပြန်ရောက်ရှိသွားမယ်ဆိုရင် အနာဂတ် ကျနော်တို့ရဲ့ ဘဝရဲ့လွတ်မြောက်မှုက ဘယ်လိုမှ လမ်းမမြင် ကမ်းမမြင် ဖြစ်တော့မယ့် အနေအထားမျိုး ရှိတဲ့အတွက် ဒီအခြေအနေမျိုးမှာ ပိုပြီးတော့ ကြံ့ကြံ့ခိုင်ခိုင်နဲ့ ရှိသလောက် အင်အားနဲ့ ဝိုင်းဝန်းပြီးတော့ တညီတညွှတ်တည်း တွန်းလှန်သွားကြရမယ့် နည်းလမ်းကလွဲပြီး အခြားနည်းလမ်း မရှိဘူးဆိုတဲ့ အနေအထားမျိုးကိုပဲ ကျနော် ပြောချင်တယ်။ အဲဒီတော့ လက်ရှိအခြေအနေမျိုးက ဘာခေါ်မလဲ ဆိုရင် ကျနော်တို့က ဖိနှိပ်ခြင်း၊ ကြောက်ရွံခြင်းကို လုပ်တဲ့အတွက်ကြောင့်မို့ ကြောက်ခြင်းတရားကြောင့် ကျနော်တို့ အလျှော့ပေးလိုက်ရမယ့် အနေအထားမျိုး မဖြစ်အောင်၊ အင်မတန် ကြံ့ခိုင်တဲ့အဆင့်နဲ့ အောင်စိတ်ကို မွေးပြီး အောင်နိုင်ခြေကို ဆက်ပြီးတော့ ကြိုးစားအားထုတ်သွားကြရမယ်။ ဒီအချိန်မှာ ကျနော်တို့အားလုံး ညီညီညွှတ်ညွှတ်နဲ့ အပြန်အလှန် နားလည်မှုအပြည့် တည်ဆောက်ထားနိုင်မယ်ဆိုရင် ဒီပွဲက မုချအောင်မြင်မယ်လို့ပဲ ကျနော် ပြောချင်ပါတယ်။

XS
SM
MD
LG