သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG ယာယီသမ္မတ မိုခါမုန်တိုင်းသင့်နေရာတချို့ သွားရောက်ကြည့်ရှု


NUG အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ မိုခါမုန်တိုင်းသင့်နေရာတချို့ကို သွားရောက်ကြည့်ရှုနေစဉ် (Photo: NUG President Office)
NUG အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ မိုခါမုန်တိုင်းသင့်နေရာတချို့ကို သွားရောက်ကြည့်ရှုနေစဉ် (Photo: NUG President Office)

NUG အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလဟာ စနေနေ့က လွတ်မြောက်နယ်မြေထဲမှာရှိနေတဲ့ ဆိုင်ကလုန်း မိုခါမုန်တိုင်းသင့်ဒေသကို သွားရောက်ခဲ့ကြောင်း NUG သမ္မတရုံး ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ယာယီသမ္မတ သွားရောက်ကြည့်ရှုခဲ့တဲ့ နေရာကိုတော့ လုံခြုံရေးအရ ဖေါ်ပြထားခြင်း မရှိပေမယ့်၊ ဒူဝါလရှီးလက မုန်တိုင်းဒဏ်ခံရတဲ့ ပြည်သူတွေနဲ့တွေ့ဆုံ အားပေးနေတာတွေ၊ ပြိုကျပျက်စီးနေတဲ့ တဲအိမ်တွေစတဲ့ ဓါတ်ပုံတွေကို မတ်လ (၃)ရက်နေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

NUG အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတဝှမ်းက မိုခါမုန်တိုင်းသင့်ဒုက္ခသည်တွေအတွက် အရေးပေါ် ကယ်ဆယ်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁)သန်း မတည်ခဲ့ကြောင်း မေလ (၁၃) ရက်နေ့က ထုတ်ပြန်တဲ့ NUG လူသားချင်းစာနာထောက်ထားမှု အကူအညီ သဘာဝဘေး တုံ့ပြန်ရေးကော်မရှင်ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီရန်ပုံငွေတွေဟာ ပြည်တွင်း၊ ပြည်ပမှာရှိနေတဲ့ မြန်မာတိုင်းရင်းသားတွေရဲ့ လှူဒါန်းငွေတွေဖြစ်တဲ့ အကြောင်း NUG လူသားစာနာဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေနဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

မနေ့က ထုတ်ပြန်တဲ့ NUG သမ္မတရုံးရဲ့ကြေညာချက်မှာ- မုန်တိုင်းသင့်ပြည်သူတွေအတွက် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်နေကြောင်းဖေါ်ပြထားပါတယ်။

ဒီအတောအတွင်း ကုလသမဂ္ဂ ဖွံဖြိုးတိုးတက်ရေးအစီအစဉ် UNDP ရဲ့ မေလ (၂)ရက်နေ့က ထုတ်ပြန်ချက်မှာ မိုခါမုန်တိုင်းဒဏ်သင့် ဒေသေတွေမှာ လိုအပ်နေတဲ့ အကူအညီတွေ ရသင့်သလောက်မရပဲ အလွန်နည်းပါးပြီး သီးနှံတွေလည်း အချိန်မှီ စိုက်ပျိုးနိုင်ခြင်း မရှိတဲ့အတွက် နောက်ဆက်တွဲ စားနပ်ရိက္ခာ အကျပ်အတည်း ကြီးကြီးမားမား ရင်ဆိုင်ရနေကြောင်း သတိပေးထားပါတယ်။

XS
SM
MD
LG