သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အကူအညီ ထိေရာက္ဖို႔ အေမရိကန္အရာ႐ွိေတြနဲ႔ NGU ဝန္ႀကီး ေဆြးေႏြးမည္


Zin Mar Aung NUG

ျမန္မာ့ဒီမိုကေရစီေရးအတြက္ အေမရိကန္အစိုးရက ေထာက္ပံ့ကူညီမယ့္ အစီအစဥ္ေတြနဲ႔ ပတ္သက္လို႔ သူ႕ခရီးစဥ္အတြင္း ေဆြးေႏြးမယ့္ေအၾကာင္း အေမရိကန္ျပည္ေထာင္စုကို ေရာက္ရိွေနတဲ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလကုန္က သမၼတဘိုင္ဒန္ အတည္ျပဳျပဌာန္းခဲ့တဲ့ ၂၀၂၃ အေမရိကန္ အမ်ိဳးသားကာကြယ္ေရးဥပေဒ NDAA ေအာက္မွာ ျမန္မာ့ဒီမိုကေရစီေရး ကူညီမယ့္ ေဒၚလာ သန္း ၁၃၀ ေက်ာ္ သုံးစြဲေရးကိစၥကို အေမရိကန္ အစိုးရတာဝန္႐ွိသူေတြနဲ႔ ေတြ႔ဆုံေဆြးေႏြးမွာ ျဖစ္တယ္လို႔ ေဒၚဇင္မာေအာင္က မေန႔စေနေန႔က နယူးေယာက္ၿမိဳ႕မွာ ျမန္မာအသိုင္းအဝိုင္းနဲ႔ ေတြ႔ဆုံပြဲအတြင္း ေျပာဆိုသြားတာ ျဖစ္ပါတယ္။

“အေမရိကန္ျပည္ေထာင္စုမွာ ေတြ႔တဲ့သူေတြနဲ႔ ဘာေျပာမလဲဆိုရင္ေတာ့ NDAA မွာပါတဲ့ ကိစၥရပ္ေတြေပါ့။ ဒါေတြကို က်မတို႔ ဘယ္လို ထိထိေရာက္ေရာက္ လူထုဆီကို တိုက္႐ိုက္ေရာက္ေအာင္ ဘယ္လို လုပ္မလဲဆိုတဲ့ဟာေတြကို တိုင္ပင္ေဆြးေႏြးသြားဖို႔ ႐ွိပါတယ္။”

အေမရိကန္ အမ်ိဳးသားကာကြယ္ေရး ဥပေဒ NDAA ေအာက္မွာ ျမန္မာႏိုင္ငံ ဒီမိုကေရစီေရးအတြက္ အေမရိကန္လႊတ္ေတာ္က အေရးယူေဆာင္႐ြက္မယ့္ BURMA ACT ဥပေဒကို ျပဌာန္းထားပါတယ္။ ဒီဥပေဒထဲမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ NUG အစိုးရ၊ NUCC၊, CRPH အျပင္ လက္နက္ကိုင္ခုခံေတာ္လွန္ေရး လုပ္ေနတဲ့ PDF ျပည္သူ႕ကာကြယ္ေရးတပ္ေတြ၊ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြရဲ႕ အရပ္ဘက္ဆိုင္ရာ ကိစၥရပ္ေတြမွာ ကူညီပံ့ပိုးသြားမယ့္အေၾကာင္း အတိအက် ေဖာ္ျပထားတာဟာ အေရးပါေၾကာင္းလည္း ေဒၚဇင္မာေအာင္က ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ လက္နက္ကိုင္ထားတဲ့ PDF ျပည္သူ႕ကာကြယ္ေရးတပ္ေတြမွာ ႏိုင္ငံတကာက်င့္ဝတ္ စည္းမ်ဥ္းေတြ လိုက္နာေရး သင္တန္းေတြကို ႏိုင္ငံတကာ အစိုးရတခ်ဳိ ႔နဲ႔ ပူးေပါင္းေဆာင္႐ြက္ေနေၾကာင္းလည္း ေဒၚဇင္မာေအာင္က ေျပာပါတယ္။

ႏိုငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္နဲ႔ နယူးေယာက္ ျမန္မာအသိုင္းအဝိုင္းေတြ႔ဆုံပြဲမွာ ႏိုင္ငံျခားေရး ဒုတိယဝန္ႀကီး ဦးမိုးေဇာ္ဦးနဲ႔ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းတို႔လည္း အတူတက္ေရာက္ ေဆြးေႏြးေျပာဆိုခဲ့ၾကပါတယ္။

ေဒၚဇင္မာေအာင္ရဲ႕ အေမရိကန္ျပည္ေထာင္စုခရီးစဥ္အတြင္း လာမယ့္သီတင္းပတ္ထဲမွာ အေမရိကန္ႏိုင္ငံျခားေရးဌာနက အဆင့္ျမင့္အရာ႐ွိေတြ၊ အေမရိကန္လႊတ္ေတာ္အမတ္ေတြနဲ႔ ေတြ႔ဆုံဖို႔႐ွိေနသလို၊ မနက္ျဖန္ တနလၤာေန႔မွာေတာ့ ဝါ႐ွင္တန္ဒီစီက NUG အစိုးရ ႏိုင္ငံျခားဆက္ဆံေရး႐ုံး ဖြင့္လွစ္ပြဲကိုလည္း တက္ေရာက္မွာ ျဖစ္ပါတယ္။

==== Unicode =====

မြန်မာ့ဒီမိုကရေစီရေးအတွက် အမေရိကန်အစိုးရက ထောက်ပံ့ကူညီမယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ သူ့ခရီးစဉ်အတွင်း ဆွေးနွေးမယ့်အေကြာင်း အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်က သမ္မတဘိုင်ဒန် အတည်ပြုပြဌာန်းခဲ့တဲ့ ၂၀၂၃ အမေရိကန် အမျိုးသားကာကွယ်ရေးဥပဒေ NDAA အောက်မှာ မြန်မာ့ဒီမိုကရေစီရေး ကူညီမယ့် ဒေါ်လာ သန်း ၁၃၀ ကျော် သုံးစွဲရေးကိစ္စကို အမေရိကန် အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်လို့ ဒေါ်ဇင်မာအောင်က မနေ့စနေနေ့က နယူးယောက်မြို့မှာ မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံပွဲအတွင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။

“အမေရိကန်ပြည်ထောင်စုမှာ တွေ့တဲ့သူတွေနဲ့ ဘာပြောမလဲဆိုရင်တော့ NDAA မှာပါတဲ့ ကိစ္စရပ်တွေပေါ့။ ဒါတွေကို ကျမတို့ ဘယ်လို ထိထိရောက်ရောက် လူထုဆီကို တိုက်ရိုက်ရောက်အောင် ဘယ်လို လုပ်မလဲဆိုတဲ့ဟာတွေကို တိုင်ပင်ဆွေးနွေးသွားဖို့ ရှိပါတယ်။”

အမေရိကန် အမျိုးသားကာကွယ်ရေး ဥပဒေ NDAA အောက်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် အမေရိကန်လွှတ်တော်က အရေးယူဆောင်ရွက်မယ့် BURMA ACT ဥပဒေကို ပြဌာန်းထားပါတယ်။ ဒီဥပဒေထဲမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ NUG အစိုးရ၊ NUCC၊, CRPH အပြင် လက်နက်ကိုင်ခုခံတော်လှန်ရေး လုပ်နေတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အရပ်ဘက်ဆိုင်ရာ ကိစ္စရပ်တွေမှာ ကူညီပံ့ပိုးသွားမယ့်အကြောင်း အတိအကျ ဖော်ပြထားတာဟာ အရေးပါကြောင်းလည်း ဒေါ်ဇင်မာအောင်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လက်နက်ကိုင်ထားတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေမှာ နိုင်ငံတကာကျင့်ဝတ် စည်းမျဉ်းတွေ လိုက်နာရေး သင်တန်းတွေကို နိုင်ငံတကာ အစိုးရတချို့နဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ဒေါ်ဇင်မာအောင်က ပြောပါတယ်။

နိုငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ နယူးယောက် မြန်မာအသိုင်းအဝိုင်းတွေ့ဆုံပွဲမှာ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့လည်း အတူတက်ရောက် ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။

ဒေါ်ဇင်မာအောင်ရဲ့ အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း လာမယ့်သီတင်းပတ်ထဲမှာ အမေရိကန်နိုင်ငံခြားရေးဌာနက အဆင့်မြင့်အရာရှိတွေ၊ အမေရိကန်လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဖို့ရှိနေသလို၊ မနက်ဖြန် တနင်္လာနေ့မှာတော့ ဝါရှင်တန်ဒီစီက NUG အစိုးရ နိုင်ငံခြားဆက်ဆံရေးရုံး ဖွင့်လှစ်ပွဲကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG