သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး G7 ထုတ်ပြန်ချက် NUG ကြိုဆို

President Joe Biden, center, sits with Secretary of State Antony Blinken, second left, during a bilateral meeting with Japan's Prime Minister Fumio Kishida, opposite, in Hiroshima, May 18, 2023, ahead of the start of the G-7 Summit.

စက်မှုအင်အားကြီး ၇ နိုင်ငံ (G7) အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ မြန်မာ့အရေး ထည့်သွင်းပြောကြားခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုလိုက်ပါတယ်။ မြန်မာ့အရေး ဖြေရှင်းရာမှာ တိုက်ရိုက်ဆောင်ရွက်မှုတွေ၊ အာဆီယံအသင်းရဲ့ ကြိုးပမ်းမှုတွေကို အားပေးမှုတွေနဲ့ နိုင်ငံတကာ လုပ်ငန်းစဉ်တွေနဲ့အညီ ဆောင်ရွက်တဲ့ မူဝါဒတွေချမှတ်ဖို့လည်း NUG သမ္မတ ဒူးဝါး လရှီလာ Twitter လူမှုကွန်ရက်ကနေ တိုက်တွန်းလိုက်တာပါ။

မနေ့တုန်းက G7 အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လုံခြုံရေး၊ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး အခြေအနေ အဖက်ဖက်က ယိုယွင်းလာနေတဲ့အပေါ် စိုးရိမ်ကြောင်း ဖော်ပြထားတာပါ။ သက်ဆိုင်သူတွေ အားလုံးနဲ့ ဆွေးနွေးဖို့ အပါအဝင် မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ထောက်ခံကြောင်းလည်း ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့လည်း G7 က စစ်ကောင်စီကို တောင်းဆိုထားပါတယ်။

This item is part of
XS
SM
MD
LG