ချင်းတိုင်းရင်းသူ မွိုင်ဟာ အိန္ဒိယနိုင်ငံကတဆင့် ဒုက္ခသည်အစီအစဉ်နဲ့ လွန်ခဲ့တဲ့ ၁၈ နှစ်က အမေရိကန် ပြည်ထောင်စုမှာ လာရောက် အခြေချခဲ့ပြီး လက်ရှိမှာ Indiana ပြည်နယ်ရဲ့မြို့တော် Indianapolis မှာ နေထိုင်နေပါတယ်။ အိမ်ထောင်သည် သား၂ ဦးမိခင်ဖြစ်ပေမယ့် ပညာရေးကိုတန်ဖိုးထားပြီး အမေရိကန်နိုင်ငံမှာ ကြိုးပမ်း ရပ်တည်ခဲ့ရတဲ့အကြောင်း မွိုင်နဲ့  ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။