သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုပ်ခလစာတိုးပေးရေးအတွက် အင်္ဂလန်က သူနာပြုတွေ ဆန္ဒပြတောင်းဆို


ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ သူနာပြုတွေ လုပ်ခလစာနဲ့ပတ်သက်လို့ အစိုးရကိုတောင်းဆိုဆန္ဒပြနေကြစဉ် (ဇန်နဝါရီ ၁၈၊ ၂၀၂၃)
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ သူနာပြုတွေ လုပ်ခလစာနဲ့ပတ်သက်လို့ အစိုးရကိုတောင်းဆိုဆန္ဒပြနေကြစဉ် (ဇန်နဝါရီ ၁၈၊ ၂၀၂၃)

အင်္ဂလန်နိုင်ငံတလွှားမှာ သူနာပြုတွေက သူတို့ရဲ့ လုပ်ခလစာနဲ့ ပတ်သက်လို့ ဗုဒ္ဓဟူးနေ့ကစပြီး ၂ ရက်ကြာ သပိတ်ကို စတင်ဆင်နွှဲလိုက်ပါတယ်။ ငွေဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းတွေတက်ပြီး စားဝတ်နေရေးစားရိတ်တွေ ကြီးမားလာတာကြောင့် တခြား အစိုးရဝန်ထမ်းတွေကလည်း သပိတ်ဆင်နွှဲခဲ့ကြတာကို သူနာပြုတွေက လိုက်လံပူးပေါင်းလိုက်တာပဲ ဖြစ်ပါတယ်။ ရာစုတစ်စုကျော်ကာလအတွင်း သူနာပြုသမဂ္ဂရဲ့ ပထမဆုံးလှုပ်ရှားမှုကို ပြီးခဲ့တဲ့လမှာလုပ်ခဲ့ပြီးတဲ့နောက် ခုလိုသပိတ်မှောက်လိုက်ကြတာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်တဲ့ ငွေဖောင်းပွမှုနှုန်းက နှိုင်းယှဉ်မှုအရ နည်းနည်းကျလာပေမယ့် ၁၀.၅ ရာနှုန်းမှာ ရှိနေဆဲ ဖြစ်ပါတယ်။ ဒီဇင်ဘာလတုန်းက ၁၀.၇ ရာနှုန်း ရှိခဲ့တာပါ။ ဒီလို စီးပွါးရေး အခြေအနေဟာ သူတို့ဘဝအတွက် အရေးကြီးတယ်လို့ သူနာပြုသမဂ္ဂက ဆိုပါတယ်။ ဒီနှစ်အတွက် သူနာပြုတွေရဲ့ လုပ်ခလစာကို တိုးတက်အောင် အစိုးရက အလေးအနက် ဆွေးနွေးဖို့ ပျက်ကွက်တယ်လို့ သမဂ္ဂက ပြောပါတယ်။ သူနာပြုတွေက သူတို့အလုပ်ကို မသွားကြတော့ဘဲ လန်ဒန်မြို့လည်မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဆောင်းတွင်းပိုင်း အဖျားအနာ ထူထပ်နေပြီး၊ ဝန်ထမ်းအင်အားကလည်း နည်းနေတဲ့အပြင် COVID 19 နဲ့ ဆက်နွယ်နေတဲ့ ဆေးကုသမှုကို ရရှိဖို့ စောင့်နေကြရတဲ့ လူနာစာရင်းရှည်လာတဲ့ အခြေအနေမှာ ခုနောက်ဆုံးသပိတ်က ကျန်းမာရေး ဌာနအပေါ် ထပ် ဖိအားပေးလိုက်တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၆ ရက်နဲ့ ၇ ရက်တွေမှာလည်း တော်ဝင်ကောလိပ် သူနာပြုသမဂ္ဂက သပိတ်မှောက်ဖို့ စီစဉ်ထားပါတယ်။ သမိုင်းတလျှောက် အဲဒီသပိတ်ဟာ အားအကြီးဆုံးသပိတ်ဖြစ်လိမ့်မယ်လို့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]



XS
SM
MD
LG