သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်အကျွေးအမွေး ဝန်ဆောင်မှုကုမ္ပဏီ မငှားဖို့ အမေရိကန်သံရုံး သတိပေး

နယူူးယောက်မြို့လယ် တိုင်းမ်စကွဲ ကားဗုံးဖောက်ခွဲမှုနဲ့ ထိန်းသိမ်းထားတဲ့ ပါကစ္စတန်နိုင်ငံဖွား အမေရိကန်နိုင်ငံသားကို ကူညီခဲ့တယ်လို့ သံသယ ရှိတဲ့အတွက်၊ အခမ်းအနားတွေမှာ အကျွေးအမွေး ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီပိုင်ရှင်တစ်ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ပါကစ္စတန်တာဝန်ရှိသူတွေက ပြောပါတယ်။

အကြမ်းဖက်အုပ်စုတွေ နဲ့ အဆက်အသွယ် ရှိနိုင်တာကြောင့် Hanif Rajput အခမ်းအနား အကျွေးအမွေး ဝန်ဆောင်မှုကုမ္ပဏီကို ပါကစ္စတန် ရောက် အမေရိကန်နိုင်ငံသားတွေအနေနဲ့ အသုံးမပြုကြဖို့ အစ္စလာမ္မာဘတ်မြို့ အမေရိကန်သံရုံးက သောကြာနေ့က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

သံရုံး ဧည့်ခံပွဲတွေ အပါအဝင် အဆင့်မြင့် ဧည့်ခံပွဲကြီးတွေကို ဒီကုမ္ပဏီက ဝန်ဆောင်မှု ပေးပါတယ်။ အခု ထိန်းသိမ်းလိုက်ပြီ ဖြစ်တဲ့ Salman Ashraf Khan နဲ့ သူ့အဖေ Rana Ashraf Khan တို့က အဲဒီကုမ္ပဏီကို ပိုင်ဆိုင်ကြတာပါ။

Khan နဲ့ နယူးယောက်မြို့ ကားဗုံးဖောက်ခွဲမှု လုပ်ခဲ့တယ်လို့ ဝန်ခံထားသူ ဖိုင်ဆယ်ရှာဇတ် တို့ ရဲ့ အဆက်အသွယ် အတိအကျ ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တခြား လူ (၃) ယောက်ကိုလည်း ထိန်းသိမ်းထားတယ်လို့ အမည်မဖော်လိုသူ ပါကစ္စတန် တာဝန်ရှိသူတွေက ပြောပါတယ်။

This item is part of
XS
SM
MD
LG