သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ဝန္ႀကီးခ်ဳပ္ ဦးညီပု ၅၀၅ (ခ) နဲ႔ ေထာင္ႏွစ္ႏွစ္ ခ်မွတ္ခံရ


Former Rakhine PM U Nyi Pu

{Zawgyi/Unicode}

ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးညီပုကို အမ်ားျပည္သူတည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လႈံ႔ေဆာ္လုပ္ေဆာင္မႈ ဥပေဒပုဒ္မ ၅၀၅ (ခ) နဲ႔ စစ္ေတြၿမိဳ႕နယ္ တရားရံုးက ဒီေန႔ ေအာက္တိုဘာ ၈ ရက္ေန႔မွာ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၂နွစ္ ခ်မွတ္လိုက္ပါတယ္။ ဒီေန႔ Video conferencing နဲ႔႐ံုးထုတ္စဥ္ အမိန္႔ခ်ခဲ့တာျဖစ္ၿပီး ဒီအမႈကုိ အာမခံ တင္မတင္ဆိုတာ ဦးညီပုနဲ႔ ေဆြးေႏြးခြင့္မရလိုက္ဘူးလို႔ ဦးညီပုရဲ႕ေရွ႕ေနကေျပာပါတယ္။ ဒီအေၾကာင္း အျပည့္အစံုကို ရန္ကုန္ကလာတဲ့ သတင္းကို ကိုရန္ႏုိင္္က တင္ျပေပးထားပါတယ္။

“... ႏိုင္ငံေတာ္အာဏာကို တပ္မေတာ္ကသိမ္းယူလိုက္တဲ့အေပၚ အဖြဲ႕ခ်ဳပ္ကထုတ္ျပန္တဲ့ ေၾကညာခ်က္ေတြနဲ႔ပတ္သက္လို႔ ဦးညီပုဟာ ဗဟိုအလုပ္မႈေဆာင္ျဖစ္တဲ့အတြက္ တာဝန္ရွိတယ္ဆိုၿပီး စစ္ေတြၿမိဳ႕နယ္တရားသူႀကီး ဦးဝင္းႏိုင္က အမိန႔္ခ်မွတ္လိုက္တာပါ။”(ဦးမ်ိဳးျမတ္ဟိန္း၊ ေရွ႕ေန)


ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးညီပုဟာ စစ္တပ္က အာဏသိမ္းယူခဲ့ခ်ိန္ကတည္းက ဖမ္းဆီးခံထားရတာျဖစ္ၿပီး ဒီကေန႔မွာ ပုဒ္မ ၅၀၅ (ခ) နဲ႔ အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္ ခ်မွတ္ ခံရတဲ့အေၾကာင္း သူ႔ရဲ႕ေရွ႕ေန ဦးမ်ဳိးျမတ္ဟိန္းက ဗီြအိုေအကို ေျပာပါတယ္။"

“ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုကို ဒီေန႔ စစ္ေတြၿမိဳ႕နယ္ တရားရံုးက ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (ခ) နဲ႔ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ႏွစ္နွစ္ ခ်မွတ္လိုက္ပါတယ္။ အဲဒီအမိန္႔က ဦးညီပုကို ႏိုင္ငံေတာ္အာဏာကို တပ္မေတာ္က သိမ္းယူလိုက္တဲ့အေပၚမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကထုတ္ျပန္တဲ့ ေၾကညာခ်က္ေတြနဲ႔ ပတ္သက္ လို႔ ဦးညီပုဟာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ ဗဟိုအလုပ္မႈေဆာင္ျဖစ္ေနတဲ့အတြက္ တာဝန္ရွိတယ္ဆိုၿပီးေတာ့ စစ္ေတြၿမိဳ႕နယ္ တရားသူႀကီး ဦးဝင္းႏိုင္က အမိန္႔ခ်မွတ္လိုက္တာ ျဖစ္ပါတယ္။”

ကိုဗစ္ကပ္ေရာဂါျဖစ္ေနခ်ိန္ ၾကားနာစစ္ေဆးမႈေတြကို Video conferencing နဲ႔ လုပ္ခဲ့ၿပီး တရားသူႀကီးက အြန္လိုင္းေပၚကေန အမိန္႔ခ်ခဲ့တာျဖစ္ပါတယ္။ ဒီအမိန္႔ ခ်မွတ္မႈနဲ႔ပတ္သက္လို႔ ဘာဆက္လုပ္မယ္ဆုိတာ ဦးညီပုအေနနဲ႔လည္း သူ႔ေ႐ွ႕ေနနဲ႔ တုိင္ပင္ခြင့္မရခဲ့ပါဘူး။ အယူခံတက္မတက္ဆိုတာကိုေတာ့ ကာယကံရွင္နဲ႔ တိုင္ပင္ ရမွာျဖစ္တယ္လို႔ တရားလြတ္ေတာ္ေရွ႕ေန ဦးမ်ိဳးျမတ္ဟိန္းကေျပာပါတယ္။

“အဂတိလိုက္စားမွုနဲ႔ ပတ္သက္ၿပီးေတာ့ အမႈသံုးမႈကို စစ္ေတြေထာင္မွာ တရားစြဲဆိုထားတာရွိပါတယ္။ အဲဒီအမွုကို ၁၃ ရက္ေန႔ ခ်ိန္းထားပါတယ္။ အဲဒီ ၁၃ ရက္ေန႔ မွာမွ သူနဲ႔ က်ေနာ္နဲ႔ေတြ႔တဲ့အခါမွာ သူ႔ကုိ ဒီအမိန္႔ခ်တာနဲ႔ ပတ္သက္ၿပီး အယူခံတက္ဖို႔ ရွိမရွိေမးျမန္းၿပီးမွ သူ႔ရဲ႕ သေဘာထားအေပၚမူတည္ၿပီး က်ေနာ္တို႔ အယူခံတက္မယ္ မတက္ဘူးဆိုတာသိရမွာပါ။”

ဥေရာပပါလီမန္က ေအာက္တိုဘာ ၇ ရက္ ၾကာသပေတးေန႔က ခ်မွတ္လိုက္တဲ့ ဆုံးျဖတ္ခ်က္ထဲမွာ သမၼတဦးဝင္းျမင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ စစ္တပ္ ကအာဏာသိမ္းၿပီးကတည္း အဓိပၸါယ္မရွိတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ဖမ္းဆီးခံထားရသူေတြအားလုံးကို ခြၽင္းခ်က္မရွိ ခ်က္ခ်င္းျပန္လြတ္ေပးဖို႔ ေတာင္းဆိုထားပါတယ္။


ဦးညီပုရဲ႕သမီးျဖစ္သူ ေဒၚၾကည္ၾကည္ဦးကေတာ့ ဒါဟာ မတရား ျပစ္ဒဏ္ခ်တာပဲလို႔ တုံ႔ျပန္ပါတယ္။

“တျခားေတာ့ေျပာစရာမရွိပါဘူး၊ ဒါမတရားခ်တယ္လို႔ပဲ ျမင္တယ္ေလ။ အဂတိနဲ႔ ဆိုလို႔ရွိရင္လည္း ေဖ့ေဖ့အေနနဲ႔လည္း ဒီဟာေတြ လုပ္ထားတာမရွိဘဲနဲ႔ မတရား စြပ္စြဲခံရတယ္လို႔ပဲ ညီမက ေျပာခ်င္ပါတယ္။ အဲတာေၾကာင့္ အျမန္ဆံုးျပန္လႊတ္ေပး ပါလို႔ ေတာင္းဆိုခ်င္တာေပါ့။”

ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးညီပုဟာ ၅၀၅ (ခ) အျပင္ အဂတိလိုက္စားမႈ၃ မႈနဲ႔လည္း တရားစြဲဆိုခံထားရတာပါ။

အလားတူ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ကို ေမလက၊ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳကို ဇြန္လက ဒီ ၅၀၅ (ခ) နဲ႔ပဲ ေထာင္ဒဏ္ ႏွစ္ႏွစ္စီ ခ်မွတ္ခဲ့ပါေသးတယ္။ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္တို႔ကိုလည္း စြဲဆိုထားတဲ့ထဲမွာလည္း ၅၀၅ (ခ) ပါပါတယ္။

ရခိုင္ျပည္နယ္မွာ ဝန္ႀကီးခ်ဳပ္အျပင္ လွ်ပ္စစ္၊ စက္မႈနဲ႔ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးေအာင္ေက်ာ္ဇံ၊ ဘ႑ာအခြန္၊ စီမံကိန္းနဲ႔ စီးပြားေရးဝန္ႀကီး ဦးေက်ာ္ေအးသိန္း၊ စိုက္ပ်ိဳးေမြးျမဴေရး သစ္ေတာနဲ႔ သတၱဳတြင္းဝန္ႀကီး ဦးေက်ာ္လြင္တို႔ အဂတိလိုက္စားမႈ ဥပေဒပုဒ္မ ၅၅ နဲ႔ တရားစြဲဆိုခံထားရပါတယ္။

ဒါ့အျပင္ စစ္တပ္ အာဏာမသိမ္းခင္ကတည္းက ရာထူးကေန ဖယ္႐ွားခံခဲ့ရတဲ့ စည္ပင္ဝန္ႀကီးေဟာင္း ဦးမင္းေအာင္ကိုလည္း အဂတိလုိက္စားမႈပုဒ္မနဲ႔ပဲ တရားစြဲထားသလို သဘာဝေဘးအႏၱရာယ္ စီမံခန္႔ခြဲေရးဥပေဒ၊ ၿငိမ္းခ်မ္းစြာစီတန္းလွည့္လည္ျခင္းဆိုင္ရာဥပေဒ၊ ၿငိမ္းစုစီ စတဲ့ပုဒ္မေတြနဲ႔ အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္ ၂ နွစ္ ခ်မွတ္ထားသလိုအဂတိလုိက္စားမႈပုဒ္မနဲ႔ လည္းတရားစြဲဆိုထားပါေသးတယ္။

ရခိုင္ျပည္နယ္မွာ ဝန္ႀကီးခ်ဳပ္အျပင္ လွ်ပ္စစ္၊ စက္မႈနဲ႔ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးေအာင္ေက်ာ္ဇံ၊ ဘ႑ာအခြန္၊ စီမံကိန္းနဲ႔ စီးပြားေရးဝန္ႀကီး ဦးေက်ာ္ေအးသိန္း၊ စိုက္ပ်ိဳးေမြးျမဴေရး သစ္ေတာနဲ႔ သတၱဳတြင္းဝန္ႀကီး ဦးေက်ာ္လြင္တို႔ အဂတိလိုက္စားမႈ ဥပေဒပုဒ္မ ၅၅ နဲ႔ တရားစြဲဆိုခံထားရပါတယ္။


ဥေရာပပါလီမန္က ေအာက္တိုဘာ ၇ ရက္ ၾကာသပေတးေန႔က ခ်မွတ္လိုက္တဲ့ ဆံုးျဖတ္ခ်က္ထဲမွာ သမၼတဦးဝင္းျမင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ စစ္တပ္ ကအာဏာသိမ္းၿပီးကတည္း အဓိပၸါယ္မ႐ွိတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ဖမ္းဆီးခံထားရသူေတြအားလံုးကို ခြ်င္းခ်က္မရွိ္ ခ်က္ခ်င္းျပန္လြတ္ေပးဖို႔ ေတာင္းဆိုထားပါတယ္။

ျမန္မာစစ္တပ္အတြက္ ဝင္ေငြ႐ွာေပးေနတဲ့ စီးပြားေရးလုပ္ငန္းေတြကို ပိတ္ဆို႔တာ အပါအဝင္ ပစ္မွတ္ထား ခိုင္မာတဲ့ အေရးယူဒဏ္ခတ္မႈေတြကို EU အေနနဲ႔ ခ်မွတ္ ေပးဖုိ႔ ဥေရာပေကာင္စီကို တိုက္တြန္းလိုက္သလို အာဏာသိမ္းမႈမွာ ပါဝင္ေနသူေတြအားလံုးအေပၚ ပစ္မွတ္ထား ကန္႔သတ္ပိတ္ဆို႔မႈေတြ လုပ္ဖုိ႔အတြက္လည္း ဥေရာပပါလီမာန္ ဆံုးျဖတ္ခ်က္မွာ ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


======

{Unicode}

ရခိုင်ဝန်ကြီးချုပ် ဦးညီပု ၅၀၅ (ခ) နဲ့ ထောင်နှစ်နှစ် ချမှတ်ခံရ

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို အများပြည်သူတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်လုပ်ဆောင်မှု ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ စစ်တွေမြို့နယ် တရားရုံးက ဒီနေ့ အောက်တိုဘာ ၈ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂နှစ် ချမှတ်လိုက်ပါတယ်။ ဒီနေ့ Video conferencing နဲ့ရုံးထုတ်စဉ် အမိန့်ချခဲ့တာဖြစ်ပြီး ဒီအမှုကို အာမခံ တင်မတင်ဆိုတာ ဦးညီပုနဲ့ ဆွေးနွေးခွင့်မရလိုက်ဘူးလို့ ဦးညီပုရဲ့ရှေ့နေကပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ရန်ကုန်ကလာတဲ့ သတင်းကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

“... နိုင်ငံတော်အာဏာကို တပ်မတော်ကသိမ်းယူလိုက်တဲ့အပေါ် အဖွဲ့ချုပ်ကထုတ်ပြန်တဲ့ ကြေညာချက်တွေနဲ့ပတ်သက်လို့ ဦးညီပုဟာ ဗဟိုအလုပ်မှုဆောင်ဖြစ်တဲ့အတွက် တာဝန်ရှိတယ်ဆိုပြီး စစ်တွေမြို့နယ်တရားသူကြီး ဦးဝင်းနိုင်က အမိန့်ချမှတ်လိုက်တာပါ။”(ဦးမျိုးမြတ်ဟိန်း၊ ရှေ့နေ)


ဝန်ကြီးချုပ်ဟောင်း ဦးညီပုဟာ စစ်တပ်က အာဏသိမ်းယူခဲ့ချိန်ကတည်းက ဖမ်းဆီးခံထားရတာဖြစ်ပြီး ဒီကနေ့မှာ ပုဒ်မ ၅၀၅ (ခ) နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ချမှတ် ခံရတဲ့အကြောင်း သူ့ရဲ့ရှေ့နေ ဦးမျိုးမြတ်ဟိန်းက ဗွီအိုအေကို ပြောပါတယ်။"

“ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ဒီနေ့ စစ်တွေမြို့နယ် တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်ပါတယ်။ အဲဒီအမိန့်က ဦးညီပုကို နိုင်ငံတော်အာဏာကို တပ်မတော်က သိမ်းယူလိုက်တဲ့အပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကထုတ်ပြန်တဲ့ ကြေညာချက်တွေနဲ့ ပတ်သက် လို့ ဦးညီပုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်မှုဆောင်ဖြစ်နေတဲ့အတွက် တာဝန်ရှိတယ်ဆိုပြီးတော့ စစ်တွေမြို့နယ် တရားသူကြီး ဦးဝင်းနိုင်က အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။”

ကိုဗစ်ကပ်ရောဂါဖြစ်နေချိန် ကြားနာစစ်ဆေးမှုတွေကို Video conferencing နဲ့ လုပ်ခဲ့ပြီး တရားသူကြီးက အွန်လိုင်းပေါ်ကနေ အမိန့်ချခဲ့တာဖြစ်ပါတယ်။ ဒီအမိန့် ချမှတ်မှုနဲ့ပတ်သက်လို့ ဘာဆက်လုပ်မယ်ဆိုတာ ဦးညီပုအနေနဲ့လည်း သူ့ရှေ့နေနဲ့ တိုင်ပင်ခွင့်မရခဲ့ပါဘူး။ အယူခံတက်မတက်ဆိုတာကိုတော့ ကာယကံရှင်နဲ့ တိုင်ပင် ရမှာဖြစ်တယ်လို့ တရားလွတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်းကပြောပါတယ်။

“အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးတော့ အမှုသုံးမှုကို စစ်တွေထောင်မှာ တရားစွဲဆိုထားတာရှိပါတယ်။ အဲဒီအမှုကို ၁၃ ရက်နေ့ ချိန်းထားပါတယ်။ အဲဒီ ၁၃ ရက်နေ့ မှာမှ သူနဲ့ ကျနော်နဲ့တွေ့တဲ့အခါမှာ သူ့ကို ဒီအမိန့်ချတာနဲ့ ပတ်သက်ပြီး အယူခံတက်ဖို့ ရှိမရှိမေးမြန်းပြီးမှ သူ့ရဲ့ သဘောထားအပေါ်မူတည်ပြီး ကျနော်တို့ အယူခံတက်မယ် မတက်ဘူးဆိုတာသိရမှာပါ။”

ဥရောပပါလီမန်က အောက်တိုဘာ ၇ ရက် ကြာသပတေးနေ့က ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ထဲမှာ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စစ်တပ် ကအာဏာသိမ်းပြီးကတည်း အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံထားရသူတွေအားလုံးကို ချွင်းချက်မရှိ ချက်ချင်းပြန်လွတ်ပေးဖို့ တောင်းဆိုထားပါတယ်။


ဦးညီပုရဲ့သမီးဖြစ်သူ ဒေါ်ကြည်ကြည်ဦးကတော့ ဒါဟာ မတရား ပြစ်ဒဏ်ချတာပဲလို့ တုံ့ပြန်ပါတယ်။

“တခြားတော့ပြောစရာမရှိပါဘူး၊ ဒါမတရားချတယ်လို့ပဲ မြင်တယ်လေ။ အဂတိနဲ့ ဆိုလို့ရှိရင်လည်း ဖေ့ဖေ့အနေနဲ့လည်း ဒီဟာတွေ လုပ်ထားတာမရှိဘဲနဲ့ မတရား စွပ်စွဲခံရတယ်လို့ပဲ ညီမက ပြောချင်ပါတယ်။ အဲတာကြောင့် အမြန်ဆုံးပြန်လွှတ်ပေး ပါလို့ တောင်းဆိုချင်တာပေါ့။”

ဝန်ကြီးချုပ်ဟောင်း ဦးညီပုဟာ ၅၀၅ (ခ) အပြင် အဂတိလိုက်စားမှု၃ မှုနဲ့လည်း တရားစွဲဆိုခံထားရတာပါ။

အလားတူ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို မေလက၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို ဇွန်လက ဒီ ၅၀၅ (ခ) နဲ့ပဲ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခဲ့ပါသေးတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း စွဲဆိုထားတဲ့ထဲမှာလည်း ၅၀၅ (ခ) ပါပါတယ်။

ရခိုင်ပြည်နယ်မှာ ဝန်ကြီးချုပ်အပြင် လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာအခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ စိုက်ပျိုးမွေးမြူရေး သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်တို့ အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုခံထားရပါတယ်။

ဒါ့အပြင် စစ်တပ် အာဏာမသိမ်းခင်ကတည်းက ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ကိုလည်း အဂတိလိုက်စားမှုပုဒ်မနဲ့ပဲ တရားစွဲထားသလို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဥပဒေ၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ၊ ငြိမ်းစုစီ စတဲ့ပုဒ်မတွေနဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ် ချမှတ်ထားသလိုအဂတိလိုက်စားမှုပုဒ်မနဲ့ လည်းတရားစွဲဆိုထားပါသေးတယ်။

ရခိုင်ပြည်နယ်မှာ ဝန်ကြီးချုပ်အပြင် လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာအခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ စိုက်ပျိုးမွေးမြူရေး သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်တို့ အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုခံထားရပါတယ်။


ဥရောပပါလီမန်က အောက်တိုဘာ ၇ ရက် ကြာသပတေးနေ့က ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ထဲမှာ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စစ်တပ် ကအာဏာသိမ်းပြီးကတည်း အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံထားရသူတွေအားလုံးကို ချွင်းချက်မရှိ ချက်ချင်းပြန်လွတ်ပေးဖို့ တောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်အတွက် ဝင်ငွေရှာပေးနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့တာ အပါအဝင် ပစ်မှတ်ထား ခိုင်မာတဲ့ အရေးယူဒဏ်ခတ်မှုတွေကို EU အနေနဲ့ ချမှတ် ပေးဖို့ ဥရောပကောင်စီကို တိုက်တွန်းလိုက်သလို အာဏာသိမ်းမှုမှာ ပါဝင်နေသူတွေအားလုံးအပေါ် ပစ်မှတ်ထား ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ဖို့အတွက်လည်း ဥရောပပါလီမာန် ဆုံးဖြတ်ချက်မှာ တောင်းဆိုထားပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #UNyiPu #voaburmese #စစ်အာဏာသိမ်းမှု #ဦးညီပု #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG