သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ဝန္ႀကီးခ်ဳပ္ဦးညီပုအယူခံ ပယ္ခ်ခံရ 


စစ္အာဏာသိမ္းခံခဲ့ရတဲ့ NLD အစိုးရရဲ႕ ရခိုင္ျပည္နယ္ဝန္ဦးခ်ဳပ္ ဦးညီပု

{{Zawgyi/Unicode}}

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္၂ ႏွစ္ ခ်မွတ္ ခံထားရတဲ့ NLD အစိုးရရဲ႕ ရခိုင္ျပည္နယ္ဝန္ဦးခ်ဳပ္ ဦးညီပုရဲ႕အယူခံကို စစ္ေတြခ႐ိုင္တရား႐ုံးက ပယ္ခ်လိုက္တယ္ပါတယ္။ ခ႐ိုင္တရား႐ုံးက အေၾကာင္းျပခ်က္မေပးဘဲ အယူခံပယ္ခ်လိုက္ေပမယ့္ ေနာက္ထပ္အယူခံေတြ ဆက္တက္သြားမယ္လို႔ ဦးညီပုရဲ႕ ေရွ႕ေနက ေျပာတယ္လို႔ ရန္ကုန္ၿမိဳ႕ကေန သတင္းေပးပို႔ထားပါတယ္။

NLD အစိုးရရဲ႕ ရခိုင္ျပည္နယ္ ဝန္ဦးခ်ဳပ္ ဦးညီပုကို အမ်ားျပည္သူၾကားတည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လုပ္ေဆာင္မႈ ဥပေဒပုဒ္မ ၅၀၅-ခ နဲ႔ စစ္ေတြ ၿမိဳ႕နယ္ တရား႐ုံးက အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ ေအာက္တိုဘာလ ၈ ရက္ေန႔က ခ်မွတ္ထားပါတယ္။ ဒီဆုံးျဖတ္ခ်က္အတြက္ အယူခံတင္တားတာကို စစ္ေတြခ႐ိုင္ ခ႐ိုင္တရား႐ုံးမွာ ပယ္ခ်လိုက္တယ္လို႔ ဦးညီပုအမႈအတြက္ လိုက္ပါေဆာင္႐ြက္ေနတဲ့ သဇင္ဥပေဒဆိုင္ရာ အဖြဲ႔အစည္းကအထက္တန္းေရွ႕ေန ဦးေအာင္ျမတ္ေက်ာ္က ေျပာပါတယ္။

“ဒီအမႈမွာ ၈ ရက္ေန႔ ၁၀ လပိုင္း ၂၀၂၁ က ဦးညီပုကို ရာဇသႀကီးဥပေဒပုဒ္မ ၅၀၅-ခ နဲ႔ အမိန႔္ခ်လိုက္တဲ့အေပၚ အဲဒီအမိန႔္ကို မေက်နပ္လို႔ က်ေနာ္တို႔က အယူခံ တက္တယ္။ စစ္ေတြခ႐ိုင္တရား႐ုံးက အယူခံ အမႈအမွတ္ ၃ နဲ႔ က်ေနာ္တို႔ အယူုခံ တက္ပါတယ္။ ဒီေန႔မွာ စစ္ေတြခ႐ိုင္တရား႐ုံးက ပလပ္လိုက္ပါတယ္။ အဲဒါကေတာ့ အေၾကာင္းျပ ခ်က္မရွိပါဘူး။”

အေၾကာင္းျပခ်က္မရွိ အယူခံပယ္ခ်ခံရေပမယ့္လည္း ဦးညီပုအတြက္ အထက္ကို အယူခံ ဆက္တက္သြားမယ္လို႔ သူ႔ရဲ႕ေရွ႕ေနက ေျပာပါတယ္။ စစ္တပ္အာဏာသိမ္းၿပီးေနာက္ ဒီအာဏာသိမ္းမႈကို ကန႔္ကြက္ေၾကာင္းနဲ႔ အာဏာသိမ္းစစ္တပ္နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈ မလုပ္ဖို႔ NLD ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီက ေၾကညာခ်က္ေတြ ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီေၾကညာခ်က္ေတြေၾကာင့္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ျဖစ္တဲ့ ဦးညီပုကို ပုဒ္မ ၅၀၅-ခ နဲ႔တရားစြဲ ေထာင္ခ်ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးညီပုဟာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပပုဒ္မ ၅၅ နဲ႔လည္း တရားစြဲဆိုခံထားရပါတယ္။

==========

{{Unicode}}

ရခိုင်ဝန်ကြီးချုပ်ဦးညီပုအယူခံ ပယ်ချခံရ

စစ်တပ်က အာဏာသိမ်းပြီးနောက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်၂ နှစ် ချမှတ် ခံထားရတဲ့ NLD အစိုးရရဲ့ ရခိုင်ပြည်နယ်ဝန်ဦးချုပ် ဦးညီပုရဲ့အယူခံကို စစ်တွေခရိုင်တရားရုံးက ပယ်ချလိုက်တယ်ပါတယ်။ ခရိုင်တရားရုံးက အကြောင်းပြချက်မပေးဘဲ အယူခံပယ်ချလိုက်ပေမယ့် နောက်ထပ်အယူခံတွေ ဆက်တက်သွားမယ်လို့ ဦးညီပုရဲ့ ရှေ့နေက ပြောတယ်လို့ ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

NLD အစိုးရရဲ့ ရခိုင်ပြည်နယ် ဝန်ဦးချုပ် ဦးညီပုကို အများပြည်သူကြားတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်ဆောင်မှု ဥပဒေပုဒ်မ ၅၀၅-ခ နဲ့ စစ်တွေ မြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် အောက်တိုဘာလ ၈ ရက်နေ့က ချမှတ်ထားပါတယ်။ ဒီဆုံးဖြတ်ချက်အတွက် အယူခံတင်တားတာကို စစ်တွေခရိုင် ခရိုင်တရားရုံးမှာ ပယ်ချလိုက်တယ်လို့ ဦးညီပုအမှုအတွက် လိုက်ပါဆောင်ရွက်နေတဲ့ သဇင်ဥပဒေဆိုင်ရာ အဖွဲ့အစည်းကအထက်တန်းရှေ့နေ ဦးအောင်မြတ်ကျော်က ပြောပါတယ်။

“ဒီအမှုမှာ ၈ ရက်နေ့ ၁၀ လပိုင်း ၂၀၂၁ က ဦးညီပုကို ရာဇသကြီးဥပဒေပုဒ်မ ၅၀၅-ခ နဲ့ အမိန့်ချလိုက်တဲ့အပေါ် အဲဒီအမိန့်ကို မကျေနပ်လို့ ကျနော်တို့က အယူခံ တက်တယ်။ စစ်တွေခရိုင်တရားရုံးက အယူခံ အမှုအမှတ် ၃ နဲ့ ကျနော်တို့ အယူုခံ တက်ပါတယ်။ ဒီနေ့မှာ စစ်တွေခရိုင်တရားရုံးက ပလပ်လိုက်ပါတယ်။ အဲဒါကတော့ အကြောင်းပြ ချက်မရှိပါဘူး။”

အကြောင်းပြချက်မရှိ အယူခံပယ်ချခံရပေမယ့်လည်း ဦးညီပုအတွက် အထက်ကို အယူခံ ဆက်တက်သွားမယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ဒီအာဏာသိမ်းမှုကို ကန့်ကွက်ကြောင်းနဲ့ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဖို့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီက ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်တွေကြောင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဖြစ်တဲ့ ဦးညီပုကို ပုဒ်မ ၅၀၅-ခ နဲ့တရားစွဲ ထောင်ချခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပပုဒ်မ ၅၅ နဲ့လည်း တရားစွဲဆိုခံထားရပါတယ်။

#MyanmarMiltiaryCoup #MyanmarNLD #UNyiPu #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG