သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Oath Keepers အဖဲြ႕ေခါင္းေဆာင္ အျပစ္ရွိေၾကာင္း တရားရံုးဆံုးျဖတ္


၂၀၂၀ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့တဲ့ Joe Biden လက္ကို အာဏာမလႊဲႏိုင္ေအာင္ အၾကမ္းဖက္ဟန႔္တားဖို႔ ပူးေပါင္းႀကံစည္မႈနဲ႔ Oath Keepers အဖြဲ႕ေခါင္းေဆာင္ Stewart Rhodes

[[Zawgyi/Unicode]]

၂၀၂၀ အေမရိကန္သမၼတေရြးေကာက္ပြဲမွာ အႏိုင္ရခဲ့တဲ့ Joe Biden လက္ကို အာဏာမလႊဲႏိုင္ေအာင္ အၾကမ္းဖက္ဟန္႔တားဖို႔ ပူးေပါင္းႀကံစည္မႈနဲ႔
Oath Keepers အဖြဲ႔ေခါင္းေဆာင္ Stewart Rhodes ကိုအျပစ္ရွိတယ္လို႔ ဝါရွင္တန္ဒီစီက ျပည္ေထာင္စုတရားရံုးက အမိန္႔ခ်လိုက္ပါတယ္။

Stewart Rhodes ဟာ ႏိုင္ငံေတာ္ပုန္ကန္မႈျဖစ္ေအာင္ လွ်ဳိ႕ဝွက္ပူးေပါင္းစီစဥ္မႈနဲ႔ ထင္ရွားေၾကာင္း ခုံသမာဓိအဖြဲ႔က မေန႔ ႏိုဝင္ဘာ ၂၉ ရက္ေန႔မွာ ဆံုးျဖတ္ခ်က္ခ်ခဲ့ၾကပါတယ္။

Oath Keepers အဖြဲ႔ဟာ သမၼတေဟာင္း Donald Trump ကို ေထာက္ခံတဲ့ လက္ယာအစြန္းေရာက္ဝါဒကို လက္ခံက်င့္သုံးေနသူေတြျဖစ္ၿပီး ၂၀၂၀ ေရြးေကာက္ပြဲမွာ သမၼတ Trump ရႈံးနိမ့္ခဲ့တာကို လက္မခံတဲ့အတြက္ အာဏာလႊဲမေပးရေအာင္ ၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီလ ၆ ရက္ေန႔က လႊတ္ေတာ္ထဲဝင္ေရာက္ၿပီး အၾကမ္းဖက္၊ ေႏွာင့္ယွက္ ဟန္႔တားဖို႔ ႀကိဳးစားခဲ့ၾကတာပါ။ Oath Keepers အဖြဲ႔ေခါင္းေဆာင္ Stewart Rhodes အပါအဝင္ သမၼတေဟာင္း Trump ကို ေထာက္ခံသူေတြက Trump အိမ္ျဖဴေတာ္က ထြက္မသြားရေအာင္ မရ ရတဲ့နည္းနဲ႔ ဟန္႔တားမယ္ဆိုတဲ့ ႀကံစည္လုပ္ေဆာင္မႈနဲ႔ဆိုင္တဲ့ လွ်ိဳ႕ဝွက္ ပို႔ထားတဲ့ စာေတြ၊ အသံဖမ္းထားတာေတြနဲ႔ ဗြီဒီယိုမွတ္တမ္းေတြကို သက္ေသအျဖစ္ တင္သြင္းၿပီး တရားေရးဌာနက သူတို႔အေပၚ စြဲခ်က္တင္ခဲ့တာပါ။

Stewart Rhodes နဲ႔အတူ အမႈတြဲတခုတည္း တရားစြဲခံရတဲ့ လုပ္ေဖာ္ကိုင္ဘက္ Kelly Meggs ဆိုသူလည္း အလားတူ ႏိုင္ငံေတာ္ကို ပုန္ကန္မႈျဖစ္ေအာင္ သတင္းမွားေတြနဲ႔ လႈံ႔ေဆာ္ခဲ့တာထင္ရွားေၾကာင္း ခုံသမာဓိအဖြဲ႔က ဆုံးျဖတ္ခဲ့ပါတယ္။
ဒီအမႈေတြအတြက္ သူတို႔အေနနဲ႔ အမ်ားဆုံး ေထာင္ဒဏ္ အႏွစ္ ၂၀ ထိ က်ခံရႏိုင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

Oath Keepers အဖွဲ့ခေါင်းဆောင် အပြစ်ရှိကြောင်း တရားရုံးဆုံးဖြတ်

၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Joe Biden လက်ကို အာဏာမလွှဲနိုင်အောင် အကြမ်းဖက်ဟန့်တားဖို့ ပူးပေါင်းကြံစည်မှုနဲ့
Oath Keepers အဖွဲ့ခေါင်းဆောင် Stewart Rhodes ကိုအပြစ်ရှိတယ်လို့ ဝါရှင်တန်ဒီစီက ပြည်ထောင်စုတရားရုံးက အမိန့်ချလိုက်ပါတယ်။

Stewart Rhodes ဟာ နိုင်ငံတော်ပုန်ကန်မှုဖြစ်အောင် လျှို့ဝှက်ပူးပေါင်းစီစဉ်မှုနဲ့ ထင်ရှားကြောင်း ခုံသမာဓိအဖွဲ့က မနေ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။

Oath Keepers အဖွဲ့ဟာ သမ္မတဟောင်း Donald Trump ကို ထောက်ခံတဲ့ လက်ယာအစွန်းရောက်ဝါဒကို လက်ခံကျင့်သုံးနေသူတွေဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ သမ္မတ Trump ရှုံးနိမ့်ခဲ့တာကို လက်မခံတဲ့အတွက် အာဏာလွှဲမပေးရအောင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က လွှတ်တော်ထဲဝင်ရောက်ပြီး အကြမ်းဖက်၊ နှောင့်ယှက် ဟန့်တားဖို့ ကြိုးစားခဲ့ကြတာပါ။ Oath Keepers အဖွဲ့ခေါင်းဆောင် Stewart Rhodes အပါအဝင် သမ္မတဟောင်း Trump ကို ထောက်ခံသူတွေက Trump အိမ်ဖြူတော်က ထွက်မသွားရအောင် မရ ရတဲ့နည်းနဲ့ ဟန့်တားမယ်ဆိုတဲ့ ကြံစည်လုပ်ဆောင်မှုနဲ့ဆိုင်တဲ့ လျှို့ဝှက် ပို့ထားတဲ့ စာတွေ၊ အသံဖမ်းထားတာတွေနဲ့ ဗွီဒီယိုမှတ်တမ်းတွေကို သက်သေအဖြစ် တင်သွင်းပြီး တရားရေးဌာနက သူတို့အပေါ် စွဲချက်တင်ခဲ့တာပါ။

Stewart Rhodes နဲ့အတူ အမှုတွဲတခုတည်း တရားစွဲခံရတဲ့ လုပ်ဖော်ကိုင်ဘက် Kelly Meggs ဆိုသူလည်း အလားတူ နိုင်ငံတော်ကို ပုန်ကန်မှုဖြစ်အောင် သတင်းမှားတွေနဲ့ လှုံ့ဆော်ခဲ့တာထင်ရှားကြောင်း ခုံသမာဓိအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။
ဒီအမှုတွေအတွက် သူတို့အနေနဲ့ အများဆုံး ထောင်ဒဏ် အနှစ် ၂၀ ထိ ကျခံရနိုင်ပါတယ်။

XS
SM
MD
LG