သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား ၂၀၁၂ ခု ရွေးကောက်ပွဲအတွက် မဲဆွယ်ဖို့ပြင်ဆင်


သမ္မတ အိုဘားမား ၂၀၁၂ ခု ရွေးကောက်ပွဲအတွက် မဲဆွယ်ဖို့ပြင်ဆင်

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က သူ့အနေနဲ့ နောက်တကြိမ် ရွေးကောက်ပွဲ မဲဆွယ်ပွဲအတွက် အခြေခံလုပ်ငန်းတွေ စရမယ့်အချိန် ရောက်ပြီလို့ သူ့ကို ထောက်ခံသူတွေကို ပြောဆိုလိုက်ပါတယ်။

တနင်္လနေ့က သူ့ကို ထောက်ခံသူတွေအတွက် အမှာစကားမှာ သမ္မတက ၂၀၁၂ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲ မဲဆွယ်ပွဲအတွက် ထောက်ပံ့ငွေတွေ စပြီး လက်ခံနိုင်အောင် တရားဝင် ခွင့်ပြုချက် ရယူဖို့ ဗဟိုအစိုးရ ရွေးကောက် တင်မြှောက်ပွဲ ကော်မရှင်အတွက် လိုအပ်တဲ့ စာရွက်စာတမ်း ကိစ္စတွေကို စပြီး လုပ်ဆောင်နေပြီလို့ ပြောဆိုခဲ့ပါတယ်။

သမ္မတ အိုဘားမားရဲ့ ပြောဆိုချက်အရ အရင်က ၀ိုင်းဝန်း တည်ဆောက်ခဲ့တဲ့ အရာတွေထက် ပိုတဲ့ ဖန်တီး တီထွင်မှုတွေနဲ့ ရွေးကောက်ပွဲ မဲဆွယ် ပြင်ဆင်မှုတွေကို လုပ်ကြဖို့နဲ့ ရပြီးတဲ့ တိုးတက်မှုတွေကို ကာကွယ်ဖို့အတွက် သူ့ကို ထောက်ခံသူ ပြည်သူတွေနဲ့ သူ့ရဲ့ အုပ်ချုပ်ရေးအဖွဲ့ကို သမ္မတက တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ရီပတ်ဘလစ်ကန်တွေက အောက်လွှတ်တော်မှာ အမတ်နေရာ အများစု အနိုင်ရခဲ့ပြီးကတည်းက သမ္မတရဲ့ နိုင်ငံရေး ရပ်တည်ချက် ပိုပြီး တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်တမ်း ကောက်ယူချက်အရ သမ္မတအပေါ် ပြည်သူရဲ့ ထောက်ခံမှု ကျဆင်းခဲ့ပြီး ပြည်သူ့ထောက်ခံမှု ၅၀% လောက်မှာ ဆက်ပြီးတော့ ကျန်ရှိနေတယ်လို့ ဆိုပါတယ်။

ရီပတ်ဘလစ်ကန်ပါတီဘက်က အတည်မပြုရသေးတဲ့ ယှဉ်ပြိုင်ဘက်နဲ့ နှိုင်းယှဉ်ရင် လက်ရှိသမ္မတ အိုဘားမားက အနည်းငယ် အသာစီး ရနေတယ်လို့ အမေရိကန် နိုင်ငံရေး ကျွမ်းကျင်သူ အများစုက သုံးသပ်ကြတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG