သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား နိုင်ငံတော်မိန့်ခွန်း စီးပွားရေး အသားပေး


သမ္မတ အိုဘားမား နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားစဉ် (၁၂-၂-၂၀၁၃)
သမ္မတ အိုဘားမား နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားစဉ် (၁၂-၂-၂၀၁၃)
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အမေရိကန် ဖွဲ့စည်းပုံအရ သမ္မတအနေနဲ့ လွှတ်တော်နှစ်ရပ် ရှေ့မှောက် ကနေ နိုင်ငံတဝှမ်းလုံးကို အမေရိကန် ဝါရှင်တန်စံတော်ချိန် အင်္ဂါနေ့ ညပိုင်း မှာ နိုင်ငံတော် အခြေပြ မိန့်ခွန်းကို ပြောသွားပါတယ်။

သမ္မတရဲ့ မိန့်ခွန်းမှာ အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးအခြေအနေ ပြန်လည် အားကောင်း လာဖို့ကိစ္စ၊ သန့်ရှင်းတဲ့ လောင်စာ စွမ်းအင်ထုတ်လုပ်ရေး၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ လက်နက် ထိန်းချုပ်ရေးကိစ္စတွေကို အဓိကထား ပြောဆိုသွားပါတယ်။

သမ္မတက အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပြန်လည်ခိုင်မာဖို့အတွက် မိမိတို့ မျိုးဆက်ရဲ့ တာဝန်ဖြစ်ပြီး လူလတ်တန်းစားတွေရဲ့ စီးပွားရေးကို ရှင်သန်အောင် အားပေးဖို့ အခုအချိန်က စပြီး ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

ကွန်ဂရက်လွှတ်တော်အနေနဲ့ နိုင်ငံရဲ့ အသုံးစရိတ် လျှော့ချရေး ဆွေးနွေးညှှိနှိုင်းမှုမှာ သဘောတူညီချက် တစုံတရာ မရဘူးဆိုရင် အမေရိကန် စစ်တပ်ဟာ နိုင်ငံကာကွယ်ရေး၊ ပညာရေး၊ ဆေးသုတေသန၊ စွမ်းအင်ကဏ္ဍတွေအပြင် နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုလဲ နှေးကွေး သွားလိမ့်မယ်လို့ သတိပေး နှိုးဆော်လိုက်ပါတယ်။

ရာသီဥတု ပြောင်းလဲမှု အန္တရာယ် ဖြေရှင်းရေးနဲ့ပတ်သက်ပြီး ကွန်ဂရက် လွှတ်တော်က တစုံတရာ သဘောတူညီချက် မရရင် မိမိအနေနဲ့ အမြင့်ဆုံး အမိန့်အာဏာနဲ့ ဆက်လက် လုပ်ဆောင်သွားမယ် လို့ ဆိုပါတယ်။ ဒါ့အပြင် ကွန်ဂရက် လွှတ်တော်တွင်း မှာ ဆက်လက် ဆွေးနွေးနေဆဲဖြစ်တဲ့ လက်နက် ထိန်းချုပ်ရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ပြန်လည် ပြုပြင်ရေးကိစ္စတွေကို ဥပဒေသစ် ပြဌာန်းပေးဖို့ တိုက်တွန်းလိုက်ပါ တယ်။

နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ကိစ္စွမှာတော့ အာဖဂန်နစ္စတန်နိုင်ငံမှာ ရှိနေတဲ့ အမေရိကန် လုံခြုံရေး တပ်တွေထဲက အနည်းဆုံး အင်အား ၃ သောင်း ၄ ထောင်ကို တနှစ်အတွင်း ပြန်လည် ရုပ်သိမ်းမယ်လို့ ကြေငြာခဲ့ပါတယ်။
XS
SM
MD
LG