သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်နစ္စတန်မှာ ကန်တပ်တွေ ဆက်ထားဖို့ အိုဘားမားဆုံးဖြတ်


အမေရိကန်သမ္မတ Barack Obama သူ့သမ္မတ သက်တမ်းမကုန်ဆုံးခင်အထိ အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့အင်အားကို ၈,၄၀၀ အထိ ဆက်လက် ထားရှိသွားမယ်လို့ ပြောကြားလိုက်တဲ့အတွက် လုံခြုံရေးအခြေအနေတွေ ဆက်လက် ဆိုးရွားနေတဲ့ အဲဒီနိုင်ငံရဲ့ အနာဂတ်နဲ့ပတ်သက်လို့ အကောင်းဆုံး ဘယ်လို ရှေ့ဆက်လုပ်ဆောင်သွားမလဲ ဆိုတဲ့အပေါ် တိကျတဲ့ အဖြေမရနိုင်သေးဘဲ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

လက်ရှိ အာဖဂန်မှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့အင်အား ၉,၈၀၀ ကနေ ၂၀၁၆ ခုနှစ်အကုန်မှာ ၅,၅၀၀ အထိ လျှော့ချသွားဖို့ သမ္မတအိုဘားမား အစိုးရက အစောပိုင်းမှာ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အာဖဂန်နိုင်ငံရဲ့ လုံခြုံရေးအခြေအနေဟာ မရေရာတဲ့ အနေအထားမှာ ရှိနေတဲ့အတွက် အမေရိကန်တပ်ဖွဲ့အင်အားကို သူ့သမ္မတသက်တမ်း ကုန်ဆုံးတဲ့အထိ မူလက စီစဉ်ထားတာထက် ပိုပြီး ထားရှိသွားဖို့ သမ္မတ အိုဘားမားက ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်တာပါ။ သမ္မတ အိုဘားမားရဲ့ သက်တမ်းဟာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ တာလီဘန်နဲ့ al-Qaida နဲ့ ဆက်နွယ်တဲ့ အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေနဲ့ အာဖဂန်နိုင်ငံအတွင်း ခြေချနိုင်ဖို့ ကြိုးပမ်းနေတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ အာဖဂန်တပ်ဖွဲ့တွေကို သင်တန်းပို့ချပေးတာနဲ့ အကြံပေးတာ စတဲ့ လုပ်ငန်းစဉ် ၂ ခုကို တပြိုင်ထဲ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်မှာ ကန်တပ်တွေ ဆက်ထားဖို့ အိုဘားမားဆုံးဖြတ်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG