သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားနဲ့ဲ John McCain ဆီးရီးယားကိစ္စဆွေးနွေး


အထက်လွှတ်တော်အမတ် John McCain (ဝဲ) နဲ့ အထက်လွှတ်တော်အမတ် Lindsey Graham (ညာ) တို့ နှစ်ဦး သမ္မတ အိုဘားမားနဲ့ ဆီးရီးယားအရေး ဆွေးနွေးပြီးနောက် တွေ့ရစဉ်။
အထက်လွှတ်တော်အမတ် John McCain (ဝဲ) နဲ့ အထက်လွှတ်တော်အမတ် Lindsey Graham (ညာ) တို့ နှစ်ဦး သမ္မတ အိုဘားမားနဲ့ ဆီးရီးယားအရေး ဆွေးနွေးပြီးနောက် တွေ့ရစဉ်။
ဆီးရီးယားနိုင်ငံမှာ အတိုက်အခံတွေကို ထောက်ပံ့မှုဖြစ်စေပြီး ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အာဆတ် (Bashar al-Assad) အာဏာကနေ ပြုတ်ကျသွားဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရအဖွဲ့က ခိုင်မာတဲ့ အစီအစဉ်တရပ် ရေးဆွဲနေတယ်လို့ အမေရိကန်ထိပ်တန်း အထက်လွှတ်တော်အမတ် ၂ ဦးက ပြောကြားသွားပါတယ်။

ဆီးရီးယားကို ပြင်းပြင်းထန်ထန် အရေးယူဖို့ ထောက်ခံသူတွေဖြစ်ကြတဲ့ ရီပတ်ပလစ်ကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) နဲ့ လင်ဆေး ကရေဟမ် (Lindsey Graham) တို့ဟာ တနင်္လာနေ့က သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

အမေရိကန်တို့ရဲ့ ဆီးရီးယားအပေါ် ဘယ်လို အရေးယူမှုမျိုးမဆို အပေါ်ယံ ဆိုတာထက် ပိုပြီး ပြင်းထန်မယ်လို့ ယူဆစရာ အချက်တွေရှိတယ်လို့ မစ္စတာ မက်ကိန်း က နောက်ပိုင်းမှာ ပြောသွားပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ ပြည်တွင်းစစ်က ဒေသတခုလုံးကို လောင်မြိုက်စေပြီး အီရတ်နိုင်ငံကိုလည်း al-Qaida အကြမ်းဖက်သမားတွေ ပေါက်ဖွားရာ ဌာနကြီး ဖြစ်စေတယ်လို့လည်း မစ္စတာ မက်ကိန်း က ပြောပါတယ်။

မစ္စတာ လင်ဆေး ဂရေဟမ် ကတော့ မစ္စတာ အာဆတ် ရဲ့ တပ်ဖွဲ့တွေ အနိုင်ရနေသရွေ့ ဆီးရီးယားနိုင်ငံမှာ နိုင်ငံရေးအရ ဖြေရှင်းလို့ရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဆီးရီးယားမှာ သူပုန်တွေကို လက်နက်ထောက်ပံ့ဖို့ အခုထက်ပိုပြီး မြန်မြန် မလုပ်ဆောင်တာအတွက် ဒီ အထက်လွှတ်တော်အမတ် ၂ ယောက်လုံးက အမေရိကန်သမ္မတ Obama အစိုးရအဖွဲ့ကို အပြစ်တင်ပါတယ်။

ဆီးရီးယားစစ်တပ်ဟာ ဒီ ၂ နှစ်အတွင်းမှာ ရုရှားနဲ့ အီရန်နိုင်ငံဆီကနေ လက်နက်တွေ ရနေတာကြောင့် ၂ ဘက်စစ်ပွဲဟာ လုံးဝ မမျှဘူးလို့ အထက်လွှတ်တော်အမတ် ၂ ဦးက ပြောပါတယ်။
XS
SM
MD
LG