သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Obama နဲ့ Mitt Romney တို့ ပထမ အကျော့ စကားစစ်ထိုးပွဲ အတွက် ပြင်ဆင်


Mitt Romneyနဲ့ Obama တို့ သမ္မတလောင်း စကားစစ်ထိုးပွဲအတွက် ပြင်ဆင်နေကြပါတယ်။
Mitt Romneyနဲ့ Obama တို့ သမ္မတလောင်း စကားစစ်ထိုးပွဲအတွက် ပြင်ဆင်နေကြပါတယ်။
အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမား နဲ့ ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်း မစ်တ် ရွမ်မ်နီတို့ဟာ ဗုဒ္ဓဟူးနေ့လုပ်မယ့် ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲအတွက် ပြင်ဆင်နေကြတာနဲ့အမျှ ဒီကနေ့မှာတော့ အများမြင်ကွင်းရှေ့မှာ သိပ်တွေ့ရဖို့မရှိပါဘူး။

မစ္စတာအိုဘားမားဟာ သူ့ရဲ့ မဲဆွယ်စည်းရုံးရေး အကြံပေးပုဂ္ဂိုလ်တွေနဲ့ နီဗားဒါးပြည်နယ်မှာ တွေ့ဆုံဆွေးနွေးကြဖို့ရှိပါတယ်။ တနင်္ဂနွေနေ့တုန်းကတော့ လက်စ်ဗေးဂပ်စ်မြို့အပြင်ဘက်မှာ လူတသောင်းကျော်တက်တဲ့ မဲဆွယ်စည်းရုံးပွဲတခုမှာ သမ္မတ အိုဘားမားမိန့်ခွန်းပြောခဲ့ပါတယ်။ စကားစစ်ထိုးပွဲမှာ ထူးချွန်သူတဦးအဖြစ် မစ္စတာရွမ်မ်နီကို သူက ပုံဖော်ပြောဆိုပြီး မစ္စတာ ရွမ်မ် နီနဲ့နှိုင်းယှဉ်ရင် သူ့အနေနဲ့ အဆင်ပြေရုံပါပဲလို့ မစ္စတာအိုဘားမားက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ စကားစစ်ထိုးပွဲဟာ ဘယ်သူက ဘယ်သူ့ကို မသက်မသာဖြစ်သွားအောင် လုပ်နိုင်မလည်းဆိုတာထက် ပိုစေချင်ပါတယ်လို့ မစ္စတာအိုဘားမားက ပြောပါတယ်။
မစ္စတာရွမ်မ်နီကတော့ သူ့ရဲ့ မိခင်ပြည်နယ်ဖြစ်တဲ့ မက်ဆာချူးဆက်မှာ ဒီကနေ့ သူ့ရဲ့ အကြံပေးတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့ နောက် စကားစစ်ထိုးပွဲကျင်းပမယ့် ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့ဆီ ခရီးဆက်ပါလိမ့်မယ်။
XS
SM
MD
LG