သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

APEC စည်းဝေးပွဲမှာ အိုဘားမား အမေရိကန်ဘက်က အာမခံပြောကြား


အမေရိကန်သမ္မတ အိုဘားမားနဲ့ ပီရူး ဒုသမ္မတ Mercedes Araoz တို့အား လီမာမြို့က APEC ညီလာခံတွင်တွေ့ရ (Nov. 18, 2016)
အမေရိကန်သမ္မတ အိုဘားမားနဲ့ ပီရူး ဒုသမ္မတ Mercedes Araoz တို့အား လီမာမြို့က APEC ညီလာခံတွင်တွေ့ရ (Nov. 18, 2016)

အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ သမ္မတရာထူး သက်တမ်းမကုန် ဆုံးခင် ပြည်ပနောက်ဆုံး ခရီးစဉ်အဖြစ်နဲ့ အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင် ရွက်မှု ထိပ်သီးညီလာခံ APEC ကို တက်ရောက်ဖို့ ပီရူးနိုင်ငံမြို့တော် Lima ကိုရောက် ရှိနေပါတယ်။ Donald Trump ရွေးကောက်ခံ ရပြီးတဲ့နောက် အမေရိကန်ပြည်ေ ထာင်စုနဲ့ အာရှ ပစိဖိတ်ဒေသနိုင်ငံတွေနဲ့ အမေရိကန်တို့ မဟာမိတ်တွေအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ ဒီညီလာခံကနေ ကျိုးပမ်းသွားမှာဖြစ်ပါတယ်။

သမ္မတ အိုဘားမားလက်ထက်က စတင်ခဲ့တဲ့ Asia Pivot အာရှ ချိန်ခွင်လျှာ ညှိရေး နိုင်ငံခြားရေး မူဝါဒဟာ မကြာင်ခင်ကာလမှာ အပြောင်းအလဲ ကြီးကြီးမားမားဖြစ် လာနိုင်ဖွယ် ရှိပါတယ်။

မစ္စတာ အိုဘားမားနဲ့ မဟာမိတ်နိုင်ငံတွေဟာ လွတ်လပ်စွာ အခွန်လွတ် ကုန်သွယ်ရေး သဘောတူ စာချုပ်တခုဖြစ်တဲ့ TPP လို့ခေါ် ပစိဖိတ် သမုဒ္ဒရာ တဘက် တချက်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု စတင်အသက်ဝင်ဖို့ နှစ်တွေနဲ့ချီ အားစိုက် ကျိုးပမ်းလာတာပါ။ ဒါပေမယ့်လည်း ရွေးကောက်ခံ သမ္မတ Donald Trump က အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေး ဖြတ်တောက်မယ်၊ TPP ခေါ် ပစိဖိတ် သမုဒ္ဒရာ တဖက်တချက် မိတ်ဖက်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုဟာ အမေရိကန် အကျိုးစီးပွားကို မတရား ကျင့်နေတယ်လို့ ပြောဆိုထားတဲ့အတွက် အမေရိကန် မဟာမိတ် တချို့က သိပ်ကို စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

အိုဘားမားဟာ ပီရူးနိုင်ငံကို လာရောက်တဲ့ တတိယမြောက် သမ္မတ တဦးဖြစ်သလို ဒီကနေ့ စနေနေ့မှာတော့ APEC ညီလာခံဘေးပန်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ သီးခြားတွေ့ ဆုံမှာပါ။ ဒီ့နောက်မှာတော့ ပီရူးသမ္မတ Pedro Pablo Kuczynski နဲ့ သမ္မတ အိုဘားမားတို့ တွေ့ဆုံဖို့ ရှိပါတယ်။

APEC စည်းဝေးပွဲမှာ အိုဘားမား အမေရိကန်ဖက် အာမခံပြောကြား
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG