သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်ရေကြောင်းလုံခြုံမှု တိုးမြှင့်ကူညီရေး APEC မှာ အိုဘားမား ကတိပေး


Obama Asia
Obama Asia

အမေရိကန်သမ္မတ Barack Obama ဟာ ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာမှာ ခေါင်းဆောင်တွေနဲ့ အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးစဉ် အာရှ-ပစိဖိတ် ဒေသအတွင်းက မဟာမိတ်တွေကို ရေကြောင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ တိုးမြှင့် ဆောင်ရွက်ပေးဖို့ သန္ဓိဌာန်ပြု ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ခရီးစဉ်ဟာ ဒေသတွင်း ပင်လယ်ပြင်ပိုင်နက် လုံခြုံရေးနဲ့ လွတ်လပ်စွာ ရေကြောင်း သွားလာခွင့်ရှိရေးနဲ့ ပတ်သက်လို့ အားလုံး မျှဝေထားရှိတဲ့ သန္ဓိဌာန်ခိုင်မာမှုရဲ့ လေးနက်မှုကို မီးမောင်းထိုးပြရာရောက်ကြောင်း သမ္မတ အိုဘားမား က ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံကို အမေရိကန်ဒေါ်လာ ၇၉ သန်း၊ ဗီယက်နမ်ကို သန်း ၄၀၊ အင်ဒိုနီးရှားကို ၂၁ သန်းနဲ့ မလေးရှားကို ၂.၅ သန်း အပါအဝင် လာမယ့် ၂ နှစ်အတွင်း ဒီဒေသအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၂၅၉ သန်း အကူအညီပေးမယ့် အစီအစဉ်ကိုလည်း သမ္မတ အိမ်ဖြူတော်က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုက ဖိလစ်ပိုင်နိုင်ငံအတွက် ကမ်းခြေစောင့်တပ် ကမ်းတက်ယာဉ်နဲ့ သုတေသနယာဉ်တွေ ပို့ပေးမယ်လို့ ဆိုပါတယ်။

အင်္ဂါနေ့က ဖိလစ်ပိုင်နိုင်ငံကိုရောက်ပြီး သိပ်မကြာခင်မှာပဲ သမ္မတ အိုဘားမားဟာ အခု ဖိလစ်ပိုင် ရေတပ်က အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေနဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရေပိုင်နက်အတွင်း ကင်းလှည့်ယာဉ်အဖြစ် အသုံးပြုနေတဲ့တချိန်က အမေရိကန်ကမ်းခြေစောင့် တပ်ဖွဲ့ ပိုင်ဆိုင်ခဲ့တဲ့ BRP Gregorio del Pilar သင်္ဘောကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်တို့က နယ်မြေသိမ်းပိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ဒေသတွင်း နိုင်ငံတွေနဲ့ တင်းမာမှုတွေ ကြီးထွားလာနေပါတယ်။

XS
SM
MD
LG