အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားဟာ ဈေးကွက်စီးပွားရေး စနစ်ကိုလိုလားတဲ့ အာဂျင်တီးနားသမ္မတ သစ် Mauricio Macri နဲ့ ဒီကနေ့ တွေ့ဆုံပါတယ်။ ဒါဟာဆိုရင် ၂ နိုင်ငံကြားဆက်ဆံရေး နွေးထွေးလာတဲ့ အရိပ် လက္ခဏာပဲဖြစ်ပါတယ်။ သမ္မတ အိုဘားမားဟာ ၂ ရက်ကြာခရီးစဉ်နဲ့ Buenos Aires မြို့ ကို ဒီကနေ့ ရောက်ရှိနေတာဖြစ် ပါတယ်။အမေရိကန်ပြည်ထောင်စုက ထောက်ခံခဲ့တဲ့ စစ်အာဏာသိမ်း နှစ် ၄၀ ပြည့် အချိန်အခါနဲ့လည်း အခုခရီးစဉ်က တိုက်ဆိုင်နေတာဖြစ်ပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်စ်မြို့မှာ အင်္ဂါနေ့က တိုက်ခိုက်ခံရပြီးနောက်မှာတော့ အာဂျင်တီးနားနိုင်ငံရဲ့ မြို့တော်မှာလည်း လုံခြုံရေး တင်းကျပ်ထားပါတယ်။ မြေအောက်ရထားလိုင်း တချို့ပိတ်ထားပြီး သမ္မတ အိုဘားမားသွားရောက်ကြည့်ရှု့တဲ့နေရာအနီးတဝှိက်က လမ်းတွေကိုလည်း ပိတ်ထားပါတယ်။
ဒီဇင်ဘာလက အာဏာရလာတဲ့ သမ္မတ Macri ဟာ အမေရိကန်ပြည်ထောင်စုအပါအဝင် ဈေးကွက်စီးပွားရေး ကျင့်သုံးတဲ့တခြားနိုင်ငံတွေနဲ့ခိုင်မာတဲ့ စီးပွားဆက်ဆံရေး တည်ဆောက်ချင်တယ်ဆိုတာကို အရိပ်အမွက်ပြောထားဖူးပါတယ်။ ဒီကနေ့ည နိုင်ငံတော် ဧည့်ခံပွဲမှာတော့ ခေါင်းဆောင် ၂ ဦးတို့ မိန့်ခွန်းပြောမယ်လို့ ခန့်မှန်းထားပါတယ်။