သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား အာရှပစိဖိတ်ခရီးစဉ် ပြီးဆုံး


Devid Bekhem, Sidney 2007-ci il noyabr.
Devid Bekhem, Sidney 2007-ci il noyabr.

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက အရှေ့အာရှ ထိပ်သီးညီလာခံကို တက်ရောက်တာ အပါအဝင် အာရှပစိဖိတ် ဒေသကို ၉ ရက်ကြာ ခရီးထွက်ခဲ့တဲ့ အမေရိကန်သမ္မတ အိုဘားမားဟာ နောက်ဆုံးခရီးစဉ်ဖြစ်တဲ့ ထိုင်းနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ဒီကနေ့ ပြန်လည်ထွက်ခွာလာခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ် ယင်းလပ်ရှင်နဝဒ် နဲ့တွေ့ဆုံခဲ့တာမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဝန်ကြီးချုပ် ယင်းလပ်ကို သမ္မတ အိုဘားမားက ချီးကျူးစကား ပြောကြားခဲ့သလို ထိုင်းရေဘေး ဒုက္ခအတွက် အမေရိကန်ရဲ့ အကူအညီတွေ ပေးပို့ဖို့ကိုလည်း ကမ်းလှမ်းခဲ့ပါတယ်။

ထိုင်းနိုင်ငံကနေ မထွက်ခွာခင် အင်ဒိုနီးရှား ဘာလီကျွန်းမှာ ကြိုတင်စီစဉ်ထားခြင်း မရှိဘဲ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်နဲ့ သမ္မတ အိုဘားမားတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာမှာ တရုတ်နဲ့ကုန်သွယ်ကြတဲ့ အနောက်နိုင်ငံတွေမှာ ကုန်သွယ်ရေး မညီမမျှမှုကိုဖြစ်ပေါ်စေတဲ့ တရုတ်ရဲ့ ယွမ်ငွေတန်ဖိုးချထားတာကို မြှင့်တင်ပေးရေး အပါအဝင် စီးပွားရေးကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် တောင်တရုတ်ပင်လယ်တွင်းက Spratlys ကျွန်းပိုင်ဆိုင်မှု အငြင်းပွားနေကြတာမှာလည်း တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ သမ္မတ အိုဘားမားဟာ သူ့ရဲ့ အာရှပစိဖိတ် ခရီးစဉ်အတွင်း သြစတြေးလျနိုင်ငံကိုလည်း ရောက်ရှိခဲ့ပြီးတော့ အမေရိကန် မရင်းတပ်စခန်း တစ်ခုကို Northern Territory ပြည်နယ်မှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဘာလီကျွန်းက အရှေ့အာရှ ထိပ်သီးညီလာခံကာလအတွင်း သမ္မတ အိုဘားမားဟာ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG