သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယအပေါ် ကုန်သွယ်မှု ကန့်သတ်ချက် အမေရိကန် လျှော့ချမည်


One World Trade Center in New York is reflected in the Hudson River as seen from Jersey City, New Jersey, May 10, 2013.
One World Trade Center in New York is reflected in the Hudson River as seen from Jersey City, New Jersey, May 10, 2013.

ကုန်သွယ်ရေး ဆက်ဆံမှုတွေ တိုးမြှင့်ဖို့ တွန်းအားပေးတဲ့ အနေနဲ့ စီးပွားရေး အင်အားကောင်းလာနေတဲ့ အိန္ဒိယနိုင်ငံနဲ့ ကုန်သွယ်မှုတွေ အပေါ် ကန့်သတ်ချက်တွေကို လျှော့ချသွား အစီအစဉ်တွေကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကြေညာ လိုက်ပါတယ်။ အိန္ဒိယနိုင်ငံ စီးပွားရေးအချက်အခြာမြို့ဖြစ်တဲ့ မွမ်ဘိုင်းမှာ အမေရိကန်နဲ့ အိန္ဒိယစီးပွားရေး သမားတွေကို မိန့်ခွန်းစကား စနေနေ့က ပြောကြားရာမှာ အိန္ဒိယနိုင်ငံကို ကုန်တင်ပို့မှုတွေအပေါ် ကန့်သတ်မှုတွေ လျှော့ချပေးမယ့်အကြောင်း ပြောဆိုလိုက်တာပါ။

အမေရိကန် ပြည်ထောင်စုမှာ အလုပ်အကိုင်ပေါင်း ၅၄,၀၀၀ လောက် ဖန်တီးပေးရာမှာ အထောက်အကူ ဖြစ်စေမယ့် အိန္ဒိယနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အသစ်တွေကိုလည်း သမ္မတက အလေးထား ပြောသွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ သမ္မတ အိုဘားမား ရဲ့ ၁၀ ရက်ကြာ အာရှခရီးစဉ်မှာ ပထမဆုံး ဝင်ရောက်တဲ့ နိုင်ငံပါ။ သမ္မတနဲ့ သမ္မတကတော်တို့ဟာ လူပေါင်း ၁၆၆ ယောက် သေဆုံးခဲ့တဲ့ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ အကြမ်းဖက် တိုက်ခိုက်မှုတွေ ခံခဲ့ရတဲ့ နေရာတခုဖြစ်တဲ့ မွမ်ဘိုင်းမြို့က တပ်ဂျ်မဟာ ဟော်တယ်မှာ တည်းခိုခဲ့ကြပါတယ်။ စနေနေ့ အစောပိုင်း မိန့်ခွန်းစကား ပြောကြားရာမှာတော့ ဒီဟော်တယ်ဟာ အိန္ဒိယပြည်သူတွေရဲ့ ကြံ့ခိုင်မှု၊ ပုံမှန်အခြေအနေကို မြန်မြန်ဆန်ဆန် ရောက်အောင် စွမ်းဆောင်နိုင်မှုတွေရဲ့ သင်္ကေတဖြစ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့တာပါ။

နယူးဒေလီမြို့တော်မှာ ဝန်ကြီးချုပ် မန်းဂ်မိုဟန်ဆင်း နဲ့ တွေ့ဆုံရာမှာလည်း အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးအတွက် အိန္ဒိယနဲ့ နောက်ထပ် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း သမ္မတက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG