သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား အာရှပစိဖိတ်နိုင်ငံများနဲ့ ဆက်ဆံရေးခရီး စတင်


သမ္မတအိုဘားမား အာရှပစိဖိတ်နိုင်ငံများနဲ့ ဆက်ဆံရေးခရီး စတင်

အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ အာရှပစိဖိတ် ဒေသတွင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုမို ကောင်းမွန်လာအောင် မြှင့်တင်ဖို့အတွက် ၀ါရှင်တန်ကနေ ၉ ရက်ကြာခရီးကို စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ သမ္မတအိုဘားမား ဟာ အမေရိကန်နိုင်ငံ ဟာဝိုင်အီပြည်နယ်မှာ အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံကို ပထမဦးဆုံး လက်ခံကျင်းပပေးမှာဖြစ်ပါတယ်။

သမ္မတဟာ အမေရိကန်၊ သြစတြေးလျ၊ ဘရူနိုင်း၊ ချီလီ၊ မလေးရှား၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံတွေ ပါဝင်တဲ့ ဒေသတွင်း လွတ်လပ်စွာကုန်သွယ်ရေး အဆိုတစ်ခုကို တင်သွင်း ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဂျပန်နိုင်ငံကလည်း အဲဒီ လွတ်လပ်စွာ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ပါဝင်မယ်လို့ သောကြာနေ့က ပြောဆိုပါတယ်။ ဒါဟာ တခြား ဒေသတွင်း စီးပွားရေးအင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။

မစ္စတာ အိုဘားမားဟာ သြစတြေးလျနိုင်ငံမှာ တထောက်နားပြီး အင်ဒိုနီးရှားနိုင်ငံကို ဒုတိယအကြိမ် သွားရောက်လည်ပတ်ဖို့ ရှိပါတယ်။ အဲဒီကာလတွင်း ဘာလီကျွန်းမှာပြုလုပ်မယ့် အရှေ့အာရှ ထိပ်သီး အစည်းအဝေးကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။

XS
SM
MD
LG