သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမားရဲ့ အာရှခရီးစဉ် အဆုံးသတ်


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ သမ္မတသက်တမ်းအတွင်း နောက်ဆုံးအကြိမ်ဖြစ်တဲ့ အာရှက သူ့ခရီးစဉ်ကို အဆုံးသတ်လိုက်သလို ဒါဟာ အိုဘားမားရဲ့ နိုင်ငံခြားရေးမူဝါဒအရ အာရှဒေသနဲ့ ရေရှည်ချိတ်ဆက်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်အားလုံးနဲ့ တွေ့ဆုံရတဲ့ ပထမဆုံး အမေရိကန်သမ္မတဦးဖြစ်ရတဲ့အတွက် ဂုဏ်ယူမိကြောင်းနဲ့ ဇန်နဝါရီလမှာ သူ့ရဲ့ သမ္မတ သက်တမ်းကုန်ဆုံးလို့ နောက်တက်လာမယ့် သမ္မတသစ်ကလည်း အာရှဒေသကို ဦးစားပေးအဖြစ်ဆက်လက်ထားရှိဖို့ မျှော်လင့်တဲ့အကြောင်းအာဆီယံထိပ်သီးညီလာခံကျင်းပရာ လာအိုနိုင်ငံက မထွက်ခါွခင် သတင်းစာရှင်းလင်းပွဲတခုမှာပြောသွားပါတယ်။

သူ့ရဲ့မျှော်လင့်ချက်၊ မျှော်မှန်းချက်ကတော့ နောက်တက်မယ့် သမ္မတသစ်က အာရှဒေသနဲ့ ဒီလိုဆက်ပြီးထိတွေ့ဆက်ဆံသွားဖို့ဖြစ်ပြီး အာရှဟာ တိုးတက်လာနေတဲ့နိုင်ငံတွေရှိရာ၊ မတူကွဲပြားမှုတွေ အများဆုံးရှိရာနေရာဖြစ်သလို ကမ္ဘာ့အသက်အငယ်ဆုံး မျိုးဆက်တွေရှိတဲ့နေရာလည်းဖြစ်တယ်။ စီးပွါးကူးသန်းရောင်းဝယ်ရေးတွေလည်း အာရှမှာ စတင်မှာဖြစ်သလို အမေရိကန်ကုန်ပစ္စည်းတွေရောင်းချနိုင်မယ့်နေရာဖြစ်တာကြောင့် အခြေခံအားဖြင့် အမေရိကန်တွေအတွက် အလုပ်အကိုင်တွေဖန်တီးပေးမယ့်နေရာလည်းဖြစ်ပါတယ်လို့ အိုဘားမားကပြောသွားပါတယ်။

အိုဘားမားရဲ့ အာရှခရီးစဉ်ဟာ အစပိုင်းမှာ သိပ်အဆင်မပြေခဲ့ပေမယ့် ခရီးစဉ်အဆုံးမှာတော့ ချောချောမွေ့မွေ့ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံကို ရောက်တဲ့အချိန်မှာ လေယာဉ်ပေါ်ကဆင်းဖို့ လှေခါးအဆင်သင့်မရှိတာ၊ ခရီးစဉ်အတွင်းမြောက်ကိုးရီးယားက နျူကလီးယားစမ်းသပ်တာတွေအပြင် ဖိလစ်ပိုင်သမ္မတရဲ့ ပုဂ္ဂိုလ်ရေးအရ ပုတ်ခတ်ပြောဆိုတာတွေနဲ့ကြုံခဲ့ရတာပါ။ ဒါကြောင့်လည်း သမ္မတ၂ ဦးတွေ့ဆုံမယ့်အစီအစဉ်ကို အစောပိုင်းမှာဖျက်သိမ်းခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဖိလစ်ပိုင်သမ္မတဘက်က သူ့ရဲ့ပြောဆိုမှုအတွက် နောင်တရမိကြောင်းပြောဆိုခဲ့ပြီး ညီလာခံဘေးပန်းမှာ သမ္မတနှစ်ဦး ခဏတာ တွေ့ဆုံစကားပြောခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG