သုံးရလွယ်ကူစေသည့် Link များ

အမေရိကန် သမ္မတ Barack Obama အနေနဲ့ ရှေ့နှစ် ဧပြီလမှာ အာရှဒေသကို သွားဖို့ရှိတယ်လို့ အိမ်ဖြူတော်က ထုတ်ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ APEC အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဆွေးနွေးပွဲမှာ အာရှဘက်ကို သွားဖို့ ပျက်ကွက်ခဲ့အပြီး၊ အခုသွားမဲ့ အမေရိကန် သမ္မတ ခရီးစဉ်ဟာ၊ အာရှဘက်ကိုပြန်အာရုံစိုက်ရေး အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ အိမ်ဖြူတော် အရာရှိ Susan Rice က ဆိုပါတယ်။

အမေရိကန် သမ္မတရဲ့ နိုင်ငံတော်လုံခြုံရေးအကြံပေး Rice အနေနဲ့ ဝါရှင်တန်မြို့က Georgetown တက္ကသိုလ်မှာ မနေ့က မိန့်ခွန်းပြောခဲ့ရာမှာ၊ ဒီခရီးစဉ်အကြောင်း ထည့်ပြောခဲ့တာဖြစ်ပြီး၊ အမေရိကန်နိုင်ငံခြားရေးမူဝါဒထဲမှာ ဒီအာရှကိုပြန်အလေးထားရေးမူဝါဒဟာ အခြေခံအုတ်မြစ် ဖြစ်နေတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန် အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်း ရပ်တန့်ခဲ့တာကြောင့် သမ္မတ Obama အနေနဲ့ အရင်သွားဖို့ရှိခဲ့တဲ့ အာရှခရီးစဉ်ကို ဖျက်ခဲ့ရတဲ့အပေါ်၊ နိုင်ငံတွင်းမှာရော၊ ပြည်ပမှာပါ စိတ်ပျက်မှုတွေဖြစ်ခဲ့ရတယ်လို့ Susan Rice က ဝန်ခံအသိအမှတ်ပြုခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော်လုံခြုံရေးအကြံပေး Rice ကဆက်ပြီး၊ အာရှမှာရှိတဲ့ မိတ်ဆွေနိုင်ငံတွေ အနေနဲ့ အမေရိကန်ရဲ့ အမြင့်မားဆုံးအလေးထားမှုကို ရရှိခံစားထိုက်တယ်၊ ဆက်ရသွားမှာလဲဖြစ်တယ်လို့ ကတိပေးခဲ့ပါတယ်။
ဒီမိန်ခွန်းထဲမှာ လုံခြုံရေးအကြံပေး Rice က အမေရိကန် အနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်လာခဲ့တဲ့ မြန်မာနိုင်ငံကို ဒေသတွင်းမှာ ခေါင်းဆောင်ဖြစ်လာရေး ကူညီပေးဖို့ရှိတယ်လို့ ထည့်ပြောခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG