အာရှပစိဖိတ်ဒေသမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုအပေါ် ချိန်ခွင်လျှာ ညှိနိုင်ဖို့အတွက် အမေရိကန်က အလေးအနက်ထား ဆောင်ရွက်နေတယ် ဆိုတာကို မဟာမိတ် အာရှနိုင်ငံတွေ လက်ခံလာအောင် နားချပြောဆိုဖို့ ကြိုးစားတဲ့အနေနဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားဟာ အာရှ လေးနိုင်ငံခရီးစဉ် ပထမဆုံး ခရီးတထောက်အဖြစ် ဂျပန်နိုင်ငံကို ရောက်ရှိသွားပါပြီ။
ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေကို သွားရောက်မယ့် ဒီခရီးစဉ်တွင်း တရုတ်ရဲ့ နယ်မြေပိုင်ဆိုင် အငြင်းပွားမှုတွေနဲ့ မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်တွေကို သမ္မတ အိုဘားမား အဓိကထား ဆွေးနွေးမှာ ဖြစ်ပါတယ်။
၈ ရက်ကြာ သူ့ရဲ့ခရီးစဉ်မှာ အရင်ဆုံး တိုကျိုမြို့ကို ရောက်ရှိပြီး ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဂျပန်ဟာ အရှေ့တရုတ်ပင်လယ်ပြင်ထဲက ကျွန်းစုတချို့နဲ့ ပတ်သက်လို့ တရုတ်နဲ့ သူပိုင် ငါပိုင် အငြင်းပွားမှုတွေ ပိုဆိုးလာနေတာ ဖြစ်ပါတယ်။
သူ့ခရီးစဉ်မတိုင်ခင်ကတော့ ဂျပန်သတင်းစာ Yomiuri က ဒီကျွန်းစုတွေမှာ ဂျပန်ရဲ့ အုပ်ချုပ်မှုကို ထိခိုက်စေမယ့် ဘယ်လို တဦးတယောက် တနိုင်ငံတည်းရဲ့ လုပ်ဆောင်ချက်ကိုမှ အမေရိကန်က လက်ခံမှာမဟုတ်ဘူးလို့ သမ္မတ အိုဘားမား က ပြောဆိုတဲ့အကြောင်းကို ဖော်ပြခဲ့ပါတယ်။
တကယ်လို့ ဂျပန်နိုင်ငံ တိုက်ခိုက်ခံရရင် ဂျပန်ဘက်က ခုခံကာကွယ်ဖို့ အမေရိကန်နဲ့ သဘောတူထားတဲ့အထဲမှာ ဒီကျွန်းစုလည်း အကျုံးဝင်တယ်လို့ သမ္မတ အိုဘားမားက ပြောဆိုခဲ့တာပါ။
အချိန်အတော်ကြာ နှောင့်နှေးနေတဲ့ ပစိဖိတ်ဒေသ မဟာမိတ် နိုင်ငံများကြား လွတ်လပ်စွာ ကုန်သွယ်မှုနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံနဲ့ သဘောတူညီမှုတွေ ပိုပြီး ရလာဖို့ သမ္မတ အိုဘားမား ဒီခရီးစဉ်တွင်း ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေအပေါ်မှာ အခွန် လျှော့ချပေးဖို့ကိစ္စ ဂျပန်ဘက်က တွန့်ဆုတ်နေတာကြောင့် ဒီသဘောတူညီမှုရဖို့ အခွင့်အလမ်းကတော့ နည်းပါးနေပါတယ်။