သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား အာရှခရီးစဉ် တစိတ်တပိုင်းဖျက်သိမ်း


အမေရိကန်သမ္မတ Barack Obama
အမေရိကန်သမ္မတ Barack Obama
အမေရိကန်ပြည်ထောင်စုမှာ အခုလို အစိုးရလုပ်ငန်းတော်တော်များများ
လည်ပတ်မှု ရပ်ဆိုင်းနေတဲ့အတွက် သမ္မတ Barack Obama ရှေ့သီတင်းပါတ် အာရှကို ခရီးသွားတဲ့အခါ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို သွားဖြစ်တော့မှာ
မဟုတ်ဘူးလို့ အိမ်ဖြူတော်က ပြောပါတယ်။ ခရီးစဉ် ဖျက်လိုက်ရတဲ့ အကြောင်းကို ဖိလစ်ပိုင် သမ္မတနဲ့ မလေးရှား ဝန်ကြီးချုပ်တို့ဆီကို သမ္မတ အိုဘားမားဖုန်းဆက် အကြောင်းကြားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပမယ့်အာရှ Pacific ဒေသနိုင်ငံများ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး APEC ထိပ်သီး စည်းဝေးပွဲနဲ့ Brunei မှာကျင်းပမယ့် အရှေ့အာရှ ထိပ်သီး စည်းဝေးပွဲတွေကိုတော့ သမ္မတ အိုဘားမား တက်ရောက်မှာဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒအရ အာရှဒေသနိုင်ငံတွေနဲ့ ပိုမို ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်ဖို့ရည်ရွယ်ပြီး သမ္မတအိုဘားမားဟာ အာရှကို စနေနေ့မှာ စတင် ခရီးထွက်ဖို့ စီစဉ်ထားတာပါ။

ဂျပန်နိုင်ငံမှာ အခုရောက်ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီး John Kerry က သမ္မတအိုဘားမားနဲ့ အင်ဒိုနီးရှားမှာတွေ့ဆုံပြီး အင်ဒိုနီရှားနဲ့ Brunei နိင်ငံတို့က နိုင်ငံတကာ ထိပ်သီးစည်းဝေးပွဲ ၂ ခုကို အတူ တက်ရောက်မှာဖြစ်ပါတယ်။ ဖိလစ်ပိုင် နဲ့ မလေးရှားနိုင်ငံတွေကိုလဲ
သမ္မတကိုယ်စား ဝန်ကြီး Kerry သွားရောက်မှာဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ ဒီကနေ့ ကြာသပတေးနေ့မှာတော့ Tokyo
မှာကျင်းပမဲ့ အမေရိကန် ဂျပန် လုံခြုံရေးရာ အတိုင်ပင်ခံကော်မတီဆွေးနွေးပွဲ ကို တက်ရောက်မှာဖြစ်ပါတယ်။
XS
SM
MD
LG