သုံးရလွယ်ကူစေသည့် Link များ

အာရှနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ အိုဘားမား ကတိပြု


တရုတ်နိုင်ငံ၊ ဘေဂျင်းမှာ ကျင်းပနေတဲ့ APEC ညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ အမေရိကန်သမ္မတ Barack Obama (နိုဝင်ဘာ ၁၀၊ ၂၀၁၄)
တရုတ်နိုင်ငံ၊ ဘေဂျင်းမှာ ကျင်းပနေတဲ့ APEC ညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ အမေရိကန်သမ္မတ Barack Obama (နိုဝင်ဘာ ၁၀၊ ၂၀၁၄)

အမေရိကန်ပြည်ထောင်စုဟာ အာရှဒေသနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ရှိပါတယ်လို့ အမေရိကန်သမ္မတ Barack Obama က APEC အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံမှာ စီးပွားရေးခေါင်းဆောင်တွေကို ပြောသွားပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကနေ တနိုင်ငံနဲ့တနိုင်ငံ သက်တမ်းတို အလည်အပတ် ပြည်ဝင်ခွင့်တွေ ပိုများများပေးမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းဆိုင်ရာ ပြည်ဝင်ခွင့် သက်တမ်းကိုလည်း ၁ နှစ်ကနေ ၁၀ နှစ်အထိ တိုးပေးမှာဖြစ်တဲ့ ပြည်ဝင်ခွင့်ဆိုင်ရာ မူဝါဒသစ်ကို သမ္မတ Obama ကြေညာသွားပါတယ်။ ဒီ visa ၁၀ နှစ်ပေးတယ်ဆိုတာဟာ အမေရိကန်ဥပဒေမှာ သက်တမ်းအရှည်ဆုံးပေးတဲ့ visa ဖြစ်ပြီး ကျောင်းသားနဲ့ပညာရှင်ဖလှယ်ရေး visa တွေကိုတော့ ၁ နှစ်ကနေ ၅ နှစ်အထိ သက်တမ်းတိုးပေးလိုက်ပါတယ်။ ဒီသဘောတူညီမှုက နိုဝင်ဘာလ ၁၂ ရက်နေ့က စပြီး အကျူံးဝင်မှာ ဖြစ်ပါတယ်။

ပစိဖိတ်သမုဒ္ဒရာတဖက်တချက် ၁၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွတ်မှုအတွက် အမေရိကန်ရဲ့ အစီအစဉ်ကိုလည်း အမေရိကန်သမ္မတက ထည့်ပြော သွားပါတယ်။ ဒီအစီအစဉ်မှာ တရုတ်ကိုချန်ထားပြီး အာရှဒေသ လွတ်လပ်စွာကုန်သွယ်ရေးနယ်မြေ ဖြစ်ပေါ်ဖို့ တရုတ်ရဲ့ ကြိုးပမ်းမှုနဲ့ သွားပြီး အပြိုင်အဆိုင်ဖြစ်နေတာမို့လို့ ဒီအစီအစဉ်က အငြင်းပွားဖွယ်ဖြစ်နေတာပါ။

အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ကို တနင်္လာနေ့မနက်မှာပဲ ရောက်ရှိသွားတာ ဖြစ်ပါတယ်။ သူက တရုတ် သမ္မတ Xi Jinping အပါအဝင် အာရှ-ပစိဖိတ်ဒေသခေါင်းဆောင်တွေနဲ့ ညစာစားသုံးမှာဖြစ်ပြီး မီးရှူးမီးပန်းပစ်ဖောက်တာကို ရှုစားမှာဖြစ်ပါတယ်။ မစ္စတာ အိုဘားမား ဟာ ဗုဒ္ဓဟူးနေ့ကျရင် တရုတ်နိုင်ငံကထွက်ခွာပြီး မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်မှာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာ ကျင်းပမယ့် G20 စက်မှုအင်အားကြီး နိုင်ငံ ၂၀ ရဲ့ အစည်းအဝေး မတိုင်ခင် မြန်မာနိုင်ငံမှာကျင်းပမယ့် အရှေ့အာရှ ထိပ်သီး ညီလာခံ နှစ်ခုကို မစ္စတာ အိုဘားမား တက်ရောက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG