သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား လုပ်ကြံဖို့ ဘင်လာဒင် ကြံစည်ခဲ့


အမေရိကန်သမ္မတ ဘရက် အိုဘားမားနဲ့ အာဖဂနစ္စတန်မှာ အမေရိကန် တပ်မှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီး David Petraeus တို့ကို လုပ်ကြံဖို့ အိုစမာဘင်လာဒင် က သူ့ရဲ့ အယ်လ်ခိုင်းဒါးအဖွဲ့ကို အမိန့်ပေးခဲ့ကြောင်း ထိပ်တန်း အမေရိကန် သတင်းစာ တစ်စောင်က ဖော်ပြလိုက်ပါတယ်။

အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဘင်လာဒင်ကို အသေဖမ်းဆီးမိခဲ့တဲ့ နေအိမ်တွင်း သိမ်းဆည်း ရမိတဲ့ မှတ်တမ်းတွေမှာ လုပ်ကြံမယ့် အစီအစဉ်ကို တွေ့ရတာလို့ The Washington Post သတင်းစာ ဆောင်းပါးရှင် David Ignatius က သောကြာနေ့က ရေးသားလိုက်တာပါ။

သမ္မတ အိုဘားမားကို လုပ်ကြံနိုင်မယ်ဆိုရင် လုံးဝပြင်ဆင်မှုမရှိဘဲ ဒုသမ္မတ Joe Biden အာဏာရလာလိမ့်မယ်လို့ ဘင်လာဒင် က ရေးသားထားတယ်လို့လည်း ဆိုပါတယ်။ သမ္မတ အိုဘားမားကို လုပ်ကြံဖို့ အတွက် ပါကစ္စတန်နိုင်ငံသား အကြမ်းဖက်သမား Ilyas Kashmiri ကို ဘင်လာဒင်က အဆိုပြုထားကြောင်းလည်း သတင်းက ရေးပါတယ်။ Kashmiri ကိုယ်တိုင်ကတော့ ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ အမေရိကန်ရဲ့ မောင်းသူမဲ့ အဝေးထိန်း ဒုံးလေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာပါ။

အမေရိကန် တာဝန်ရှိသူတွေနဲ့ ဆန်းစစ် လေ့လာသူတွေကတော့ al-Qaida အဖွဲ့အနေနဲ့ အဆိုပြုထားတဲ့ လုပ်ကြံတိုက်ခိုက်မှုမျိုး ကြိုးပမ်းနိုင်လောက်တဲ့ အခြေအနေမျိုး ရောက်ခဲ့ဖူးတဲ့ အထောက်အထားမျိုး မတွေ့ရဘူးလို့ ပြောပါတယ်။

XS
SM
MD
LG