သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား (၅၁) နှစ်ပြည့် မွေးနေ့ဆင်နွှဲ


အမေရိကန်သမ္မတ ဘရက် အိုဘားမား (Barack Obama) ဟာ စနေနေ့ကပဲ အသက် (၅၁) နှစ် ပြည့်သွားခဲ့ပါတယ်။

သမ္မတဟာ သူ့ရဲ့မွေးနေ့ကို ဝါရှင်တန် မြို့တော်အနားက အင်ဒရူးစ် (Andrews) လေတပ် အခြေစိုက်စခန်းမှာ ဂေါက်သီးကစားပြီး ဆင်နွှဲခဲ့ပါတယ်။ အခုအသံလွှင့်နေတဲ့ အချိန်ဖြစ်တဲ့ ဒေသစံတော်ချိန် ညနေပိုင်းမှာတော့ သမ္မတရဲ့ အပန်းဖြေရိပ်သာ Camp David ကိုသွားပြီး ဒီ စနေ၊ တနင်္ဂနွေ တိတ်တိတ်ဆိတ်ဆိတ် အနားယူမှာပါ။

သမ္မတက သူ့မွေးနေ့ကို နောက်အပတ် စနေ တနင်္ဂနွေမှာလည်း ဆက်ပြီး ကျင်းပဦးမှာပါ။ သူက ရှီကာကို (Chicago) မြို့မှာ မွေးနေ့ပွဲနဲ့အတူ သမ္မတ မဲဆွယ်စည်းရုံးမှုတွေ အတွက် ရန်ပုံငွေရှာတဲ့ပွဲ အများအပြား ကျင်းပမှာပါ။ တပွဲကိုတော့ ရှီကာကို က သူ့အိမ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
XS
SM
MD
LG