သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား ထိပ်သီးညီလာခံတက်ရောက်ဖို့ မြန်မာပြည်ရောက်

အမေရိကန်သမ္မတ ဘာရက်ခ် အိုဘားမားနဲ့ မြန်မာသမ္မတဦးသိန်းစိန် (ဒု-ဝဲ)တို့ အရှေ့အာရှညီလာခံကျင်းပရာ MIC အစည်းဝေးခမ်းမမှာ အမှတ်တရ ဓာတ်ပုံအရိုက်ခံစဉ်။ (နိုဝင်ဘာ ၁၂၊ ၂၀၁၄)
1/21 အမေရိကန်သမ္မတ ဘာရက်ခ် အိုဘားမားနဲ့ မြန်မာသမ္မတဦးသိန်းစိန် (ဒု-ဝဲ)တို့ အရှေ့အာရှညီလာခံကျင်းပရာ MIC အစည်းဝေးခမ်းမမှာ အမှတ်တရ ဓာတ်ပုံအရိုက်ခံစဉ်။ (နိုဝင်ဘာ ၁၂၊ ၂၀၁၄)
အိန္ဒယဝန်ကြီးချုပ် Narendra Modi (၅ ယောက်မြောက်-ဝဲ) ၁၂ ကြိမ်မြောက် အာဆီယံခေါင်းဆောင်များနှင့် နေပြည်တော် MIC ခန်းမတွင်း  အုပ်စုလိုက်ဓာတ်ပုံအရိုက်ခံရန် ပြင်နေစဉ်။ (နိုဝင်ဘာ ၁၂၊ ၂၀၁၄)
2/21 အိန္ဒယဝန်ကြီးချုပ် Narendra Modi (၅ ယောက်မြောက်-ဝဲ) ၁၂ ကြိမ်မြောက် အာဆီယံခေါင်းဆောင်များနှင့် နေပြည်တော် MIC ခန်းမတွင်း  အုပ်စုလိုက်ဓာတ်ပုံအရိုက်ခံရန် ပြင်နေစဉ်။ (နိုဝင်ဘာ ၁၂၊ ၂၀၁၄)
နေပြည်တော်လေဆိပ်သို့ ရောက်လာသော အမေရိကန်သမ္မတ ဘာရက်ခ်အိုဘားမားက ကြိုဆိုသူများကို နှုတ်ဆက်နေစဉ်။ (နိုဝင်ဘာ ၁၂၊ ၂၀၁၄)<br />
&nbsp;
3/21 နေပြည်တော်လေဆိပ်သို့ ရောက်လာသော အမေရိကန်သမ္မတ ဘာရက်ခ်အိုဘားမားက ကြိုဆိုသူများကို နှုတ်ဆက်နေစဉ်။ (နိုဝင်ဘာ ၁၂၊ ၂၀၁၄)
 
၂၅ ကြိမ်မြောက် အာဆီယံအဖွဲ့အစည်းအဝေးကျင်းပရာ MIC မှာ ဖွင့်ပွဲအခမ်းအနားဖျော်ဖြေသူများရဲ့ ပြကွက်။ (နိုဝင်ဘာ ၁၂၊ ၂၀၁၄)
4/21 ၂၅ ကြိမ်မြောက် အာဆီယံအဖွဲ့အစည်းအဝေးကျင်းပရာ MIC မှာ ဖွင့်ပွဲအခမ်းအနားဖျော်ဖြေသူများရဲ့ ပြကွက်။ (နိုဝင်ဘာ ၁၂၊ ၂၀၁၄)
အမေရိကန်သမ္မတ ဘာရက်ခ်အိုဘားမားနဲ့ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး(နိုဝင်ဘာ ၁၂၊ ၂၀၁၄)
5/21 အမေရိကန်သမ္မတ ဘာရက်ခ်အိုဘားမားနဲ့ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး(နိုဝင်ဘာ ၁၂၊ ၂၀၁၄)
MIC အနီးလယ်ကွင်းများမှာ စပါးလှေ့နေတဲ့ လယ်သမားများ။ (နိုဝင်ဘာ ၁၂၊ ၂၀၁၄)
6/21 MIC အနီးလယ်ကွင်းများမှာ စပါးလှေ့နေတဲ့ လယ်သမားများ။ (နိုဝင်ဘာ ၁၂၊ ၂၀၁၄)
A worker pulls a cable at an intersection close to Myanmar International Convention Center, the venue of the ASEAN Summit in Naypyitaw, Myanmar, Nov. 11, 2014.
7/21 A worker pulls a cable at an intersection close to Myanmar International Convention Center, the venue of the ASEAN Summit in Naypyitaw, Myanmar, Nov. 11, 2014.
Một cậu bé bơi trong một cái ao ngập bùn vào một ngày hè nóng bức ở New Delhi, Ấn Độ.
9/21 Một cậu bé bơi trong một cái ao ngập bùn vào một ngày hè nóng bức ở New Delhi, Ấn Độ.
Asean Summit Opens in Myanmar
12/21 Asean Summit Opens in Myanmar
Asean Summit Opens in Myanmar
13/21 Asean Summit Opens in Myanmar
Ban Ki-moon Asean Myanmar
15/21 Ban Ki-moon Asean Myanmar
Myanmar East Asia Summit
16/21 Myanmar East Asia Summit
Myanmar East Asia Summit
17/21 Myanmar East Asia Summit
Myanmar East Asia Summit
18/21 Myanmar East Asia Summit
Myanmar ASEAN South Korea
19/21 Myanmar ASEAN South Korea
Myanmar Obama
20/21 Myanmar Obama
Ban Ki-moon Asean Myanmar
21/21 Ban Ki-moon Asean Myanmar
Previous slide
Next slide

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ ဒေသတွင်းနဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်းကြီး ASEAN အဖွဲ့ဝင်နိုင်ငံတွေ ခေါင်းဆောင်တွေ နှစ်ပတ်လည် ထိပ်သီး အစည်းအဝေးကျင်းပရာ မြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော်ကို ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ဆိုက်ရောက်သွားခဲ့ပါတယ်။

အဲဒီလိုရောက်ရှိခိုက်မှာပဲ အမေရိကန်သမ္မတက မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအချို့ကို လုပ်ဆောင်ခဲ့တာတွေ့ရပေမဲ့ တချို့ကဏ္ဍတွေမှာ နောက်ပြန်ဆုတ်နေတာတွေလည်း ရှိတဲ့အကြောင်း တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုခဲ့တယ်လို့ ပြည်တွင်းထုတ် ဧရာဝတီမဂ္ဂဇင်း က ဖော်ပြလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်း တခြားအမေရိကန် ခေါင်းဆောင်ပိုင်းကလည်း အလားတူ ထုတ်ဖော်ပြောကြားမှုတွေ ရှိခဲ့ပါတယ်။ သမ္မတ အိုဘားမားဟာ မြန်မာသမ္မတ ဦးသိန်းစိန်၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံချိန်မှာ သူ့ရဲ့စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

သမ္မတ အိုဘားမားဟာ အရင်ဆုံး ကြာသာပတေးနေ့မှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ ရှိနေပါတယ်။ အဲဒီညီလာခံကြီးမှာ အရှေ့တောင်အာရှ အသင်းဝင် ၁၀ နိုင်ငံ ခေါင်းဆောင်တွေနဲ့ အမေရိကန်၊ တရုတ်၊ ရုရှား၊ အန္ဒိယ စတဲ့ နိုင်ငံတွေအပါအဝင် တခြားနိုင်ငံပေါင်း ၈ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဆယ်စုနှစ်များစွာ အထီးကျန်နေရစ်ခဲ့ပြီး၊ ၂၀၁၁ ခုနှစ်မှာ စစ်တပ်ရဲ့အုပ်ချုပ်မှု အဆုံးသတ်ခဲ့ပြီးတဲ့နောက် ပထမဦးဆုံးအကြိမ်အဖြစ် ၂၅ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ ထိပ်သီးညီလာခံကို လက်ခံကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီညီလာခံကြီးမှာ တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပွားနေတဲ့ တင်းမာမှု အခြေအနေနဲ့ ပတ်သက်ပြီး အာရုံစိုက် ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ နောက်ပြီး ၁၀ နိုင်ငံ ပါဝင်တဲ့ အသင်းကြီးအတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ကိစ္စလည်း ပါဝင်ပါလိမ့်မယ်။

ဗုဒ္ဓဟူးနေ့ ညီလာခံဖွင့်ပွဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်က ရှေ့နှစ်မှာ စတင်ဖို့ စီစဉ်ထားတဲ့ ASEAN လွတ်လပ်စွာ ကုန်သွယ်မှုဇုန် မတိုင်ခင် အရေးပါတဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပူးပေါင်းလုပ်ဆောင်ကြဖို့ ပြောဆိုသွားပါတယ်။

အာဆီယံရဲ့ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းပြီး ရင်ဆိုင်လာရမယ့် စိန်ခေါ်မှုတွေကို စည်းလုံးညီညွတ်စွာ တွန်းလှန်နိုင်မယ့် စွမ်းရည်ကို စဉ်ဆက်မပြတ် ထူထောင်ရန် လိုအပ်တယ် ဆိုတာကတော့ အလေးအနက် ပြောကြားလိုပါတယ်လို့ ဦးသိန်းစိန်က ပြောဆိုသွားပါတယ်။

သမ္မတအိုဘားမားဟာ ကြာသပတေးနေ့မနက်ပိုင်းမှာ အရှေ့အာရှထိပ်သီးညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။ နေ့ခင်းပိုင်းမှာတော့ အမေရိကန်-အာဆီယံအစည်းအဝေးကို တက်ရောက်မှာဖြစ်ပြီး အစည်းအဝေးအပြီးမှာ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ဒေါင်း (Nguyen Tan Dung) နဲ့ သီးသန့် တွေ့ဆုံမှာဖြစ်ပါတယ်။ ဒါ့အပြင် နေ့ခင်းပိုင်းမှာပဲ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးဆိုင်ရာ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်အမတ်တွေ၊ လူမှုလူ့အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့အတူ လွှတ်တော်မှာကျင်းပမယ့် စကားဝိုင်းဆွေးနွေးပွဲကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။ ကြာသပတေးနေ့ ညနေပိုင်းမှာတော့ သမ္မတဦးသိန်းစိန်နဲ့ သီးခြားတွေ့ဆုံမှာလည်း ဖြစ်ပါတယ်။

သမ္မတအိုဘားမားဟာ သောကြာနေ့မှာ ရန်ကုန်ကိုသွားရောက်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားတွေ့ဆုံမှာဖြစ်သလို အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်တွေနဲ့ Town-hall ဆွေးနွေးပွဲ ကျင်းပဖို့ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG