သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူဝင်ကြီးကြပ်ရေး ပြုပြင်မှု လွှတ်တော်ခွင့်ပြုချက် မယူဘဲလုပ်ဖို့ အိုဘားမားကြိုးပမ်း


G-20 အစည်းအဝေးတက်နေတဲ့ အမေရိကန်သမ္မတအိုဘားမား
G-20 အစည်းအဝေးတက်နေတဲ့ အမေရိကန်သမ္မတအိုဘားမား

အမေရိကန်ပြည်ထောင်စုမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေအတွက် လွှတ်တော်ကို ခွင့်ပြုချက်တောင်းစရာမလိုဘဲ သူ့အုပ်ချုပ်ရေး အာဏာကို အသုံးပြုဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန်သမ္မတ ဘာရက်ခ်အိုဘားမားက ပြောပါတယ်။

နောက်တကြိမ် အစိုးရလုပ်ငန်းရပ်ဆိုင်းသွားရတဲ့အခြေအနေမျိုး လွှွတ်တော်အမတ်အချို့က ခြိမ်းခြောက်လာတာမျိုးနဲ့ သူ့ရဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေကို နှောင့်နှေးခံမှာ မဟုတ်ဘူးလို့ သြစတေးသျှမှာလုပ်တဲ့ G 20 စက်မှုထိပ်သီး နိုင်ငံ၂၀ ထိပ်သီးဆွေးနွေးပွဲအပြီးမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ဥပဒေကြမ်း လွှတ်တော် မဲမခွဲပေးဘူးဆိုရင်တော့ ဒီနှစ်အကုန်ပိုင်းမှာ သူ့အနေနဲ့ သမ္မတလုပ်ပိုင်ခွင့်နဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အမိန့်အာဏာတွေ ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။ ဥပဒေကြမ်းအရဆိုရင်တော့ အမေရိကန်ပြည်ထေင်စုအတွင်း သန်းနဲ့ချီ တရားမဝင်ရှိသူတွေကို နေရပ်ပြန်ပို့ရေးမလုပ်တော့ဘဲ နိုင်ငံသားဖြစ်ခွင့်ရအောင် လမ်းဖွင့်ပေးထားပါတယ်။

သမ္မတအမိန့်နဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေလုပ်နိုင်ဖို့ အိုဘားမားအစိုးရအနေနဲ့ နောက်ဆုံးအဆင့် ပြင်ဆင်ဆောင်ရွက်နေပြီလို့ ပြည်တွင်း လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Jeh Johnson က စနေ့နေ့တုန်းက ပြောခဲ့ပါတယ်။ လက်ရှိ လူဝင်မှုကြီးကြပ်ရေးစနစ်ဟာ ဟာကွက်တွေနဲ့ လုံး၀ ချိနည့်ပျက်စီးနေတယ်လို့လည်း သူက ဝေဖန်ခဲ့ပါတယ်။ သမ္မတအမိန့်နဲ့ဆောင်ရွက်မယ့်အထဲမှာတော့ နယ်စပ်လုံခြုံရေးတိုးမြှင့်ဖို့ဆိုတာလည်း ပါဝင်တယ်လို့ ပြည်တွင်း လုံခြုံရေးဝန်ကြီးက ပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေးပြုပြင်ပြောင်းလဲမှုကို ထောက်ခံတဲ့ ရီပတ်ပလီကင်အမတ်တဦးဖြစ်သူ John McCain ကတော့ ဒီကိစ္စမှာ အိုဘားမားအနေနဲ့ အခု လွှတ်တော်သစ်ကို အချိန်နည်းနည်းပေးဖို့ တိုက်တွန်းပါတယ်။ သမ္မတအမိန့်နဲ့ လုပ်ကိုင်ဆောင်ရွက်မှုဟာ အိမ်ဖြူတော်နဲ့ လွှွတ်တော်အကြား ဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်ဆိုပြီးတော့လည်း သတိပေးပါတယ်။

XS
SM
MD
LG