သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ထိန်းချုပ်ရေး အိုဘားမားဆော်သြ


အမေရိကန်နိုင်ငံ သမိုင်းတလျှောက်မှာ ဒုတိယအဆိုးရွားဆုံးဖြစ်ခဲ့တဲ့ ကွန်နက်တီကပ် ပြည် နယ် မူလတန်းကျောင်းက ပစ်ခတ်မှုပြီးတဲ့နောက် ၅ ရက်အကြာမှာ တိုက်ပွဲသုံးလက်နက်တွေ ပိတ်ပင်ထားမှုကို ပြန်ပြီး အကောင်အထည်ဖော်ဖို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက လွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။

သမ္မတအိုဘားမားက ဒုသမ္မတ ဂျိုးဘိုင်ဒန်ကို ဇန်နဝါရီလကို နောက်ဆုံးထားပြီး သေနတ်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဖြေရှင်းဖို့အတွက် အဆိုပြုချက်တွေ ရေးသားဖို့ကိစ္စကို ဦးဆောင်ဖို့ တာဝန်ပေးခဲ့ပါတယ်။

ကွန်နက်တီကပ်ပြည်နယ် နယူးတောင်းမြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့ကဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှု ပြီးတဲ့နောက်မှာလည်း ရဲ အရာရှိတွေအပါအဝင် အမေရိကန်နိုင်ငံသား အတော်များ များဟာ သေနတ်နဲ့ တိုက်ခိုက်ခံရတာတွေ ရှိခဲ့တယ်လို့ သူက ထောက်ပြသွားပါတယ်။

ဒီလိုဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်ကြီး ဘာကြောင့် ဖြစ်သွားတယ်ဆိုတာကို သူ့အနေနဲ့ ဘယ်တော့မှ သိလာနိုင်ချင်မှ သိလာနိုင်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည် သူတွေဟာ သေနတ်ကြောင့် တနေ့တခြား ပိုပြီးတော့ သေဆုံးလာနေတယ်ဆိုတာကိုတော့ သိလာရတယ်လို့ ပြောပါတယ်။ အဲဒီလို အကြမ်းဖက်မှုတွေဟာ အမေရိကန်လူမှု အသိုင်းအဝိုင်းအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

သေနတ်ရောင်းတဲ့သူတွေဆီကနေ လက်နက်တွေလာဝယ်ကြတဲ့အခါမှာ လက်နက်တွေ ဝယ်တဲ့သူတွေရဲ့ နောက်ကြောင်းရာဇဝင်တွေကို စုံစမ်းစစ်ဆေးဖို့ သမ္မတအိုဘားမား က တောင်းဆိုလိုက်ပါတယ်။
XS
SM
MD
LG