သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက် သမားတွေကြောင့် လွတ်လပ်စွာ ဖေါ်ထုတ်ခွင့် မထိခိုက်စေရ


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား(ယာ) နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းတို့ လန်ဒန်တွင် တွေ့ဆုံစဉ်။ မေ ၂၅၊ ၂၀၁၁။
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား(ယာ) နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းတို့ လန်ဒန်တွင် တွေ့ဆုံစဉ်။ မေ ၂၅၊ ၂၀၁၁။

လွတ်လပ်စွာပြောဆိုခွင့်၊ လွပ်လပ်စွာ ထုတ်ဖော်တင်ပြခွင့်မရှိအောင် အကြမ်းဖက်သမားတွေ က လုပ်ဆောင်မှာကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားနဲ့ ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်တို့ က ပြောဆိုလိုက်ပါတယ်။ နှစ်နိုင်ငံ ခေါင်းဆောင်တို့ရဲ့ပူးပေါင်း ရေးသား ထုတ်ပြန်ချက်ကို ဗြိတိန်နိုင်ငံထုတ် The Times of London သတင်းစာမှာ ပုံနှိပ်ဖော်ပြထားပါတယ်။ ခေါင်းဆောင်နှစ်ဦးတို့က ဒီရိုင်းစိုင်းတဲ့ လူသတ်သမားတွေနဲ့ သူတို့ရဲ့ လိုရာဆွဲပြောဆိုနေတဲ့ အကြံညဏ်တွေကို ချေမှုန်းပစ်မယ်လို့ ကတိပေးပြောကြားခဲ့ကြပါတယ်။

အစွန်းရောက် အကြမ်းဖက်သမားတွေဟာ တစ်ဦးချင်းဖြစ်စေ၊ အယ်ခိုင်းဒါးလို၊ IS လို ဒါမှမဟုတ် Boko Haram လို အုပ်စုနဲ့ဘဲဖြစ်စေ သူတို့ကို ကမ္ဘာသူ ကမ္ဘာသားတွေက ကြောက်ရွံ့မှာ မဟုတ်ဘူးလို့ ခေါင်းဆောင်နှစ်ယောက်တို့ရဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

ဒီဖော်ပြချက်ဟာ အရင်သီတင်းပတ်က ပြင်သစ်နိုင်ငံက သရော်စာတွေ ရေးသား ထုတ်ဝေတဲ့ Charlie Hebdo မဂ္ဂဇင်းကို အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း ထုတ်ပြန်လိုက်တာပါ။ အမေရိကန် သမ္မတ အနေနဲ့ ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ် ကင်မရွန်ကို ကြာသပတေးနေ့မှာ အိမ်ဖြူတော်မှာ အလုပ်သဘော ညစာတည်းခင်းပေးဖို့ရှိနေပါတယ်။ သောကြာနေ့မှာ တော့ ခေါင်းဆောင်နှစ်ဦးတို့ ဆက်ပြီး ဆွေးနွေးဖို့ရှိနေပါတယ်။ ဒါ့အပြင် ယူကရိန်းနိုင်ငံအပေါ် ရုရှား နိုင်ငံရဲ့ အပြုအမူနဲ့ ပတ်သက်လို့ သံတမန်နည်းလမ်းအရ ဖိအားတွေ ဆက်ပေးသွားမယ့် အကြောင်းကိုလည်း သူတို့နှစ်ဦး ပူးတွဲ ရေးသားချက်ထဲမှာ ထည့်သွင်းဖော်ပြသွားပါတယ်။

XS
SM
MD
LG